< ယောဟန် 8 >
1 ၁ ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ၏။
Issoy issoy aggidi ba soo ba soo bis, shin Yesuusi Shamaho Deriya bolla bis.
2 ၂ နံနက်စောစောဗိမာန်တော်သို့ တဖန်ကြွတော် မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊
Qassi wonttetha gallas guura Xoossa Keethi simmis. Daro asay iyaakko yin uttidi entta tamaarssis.
3 ၃ မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊
Higge asttamaaretinne Farisaaweti laymatishin oykkida issi maccasiw iyaakko ehidosona. Entti asa ubbaa sinthan iyo essidi,
4 ၄ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။
“Asttamaariyaw, ha maccasiya laymatishin nu oykkida.
5 ၅ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။
Muse higgey hanni mela maccas shuchchan cadeetta hayqqana mela kiittees. Yaatin, neeni woygay?” yaagidosona.
6 ၆ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။
Entti hessa giday Yesuusa paaccidi iya mootiyabaa demmanaasa. Shin Yesuusi hokkidi ba biradhdhen biitta bolla xaafis.
7 ၇ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊
Entti iya zaari zaari oychchidi aggonna ixxin, pude dhoqqu gidi, “Hintte giddon nagara oothiboonna asi koyrottidi iyo shuchchan caddo” yaagis.
8 ၈ တဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊
Qassika hokkidi biitta bolla xaafis.
9 ၉ ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှ စ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။
Entti hessa si7ida wode cimatappe doomidi issoy issoy keyishe wuridosona. Yesuusa xalaali he bessan eqqida maccaseera attis.
10 ၁၀ ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။
I pude dhoqqu gidi maccaseekko, “Maccasete, asati aw bidonaa? Ne bolla pirddiday oonikka baawee?” yaagis.
11 ၁၁ ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
Maccasiya, “Godaw, oonikka baawa” yaagasu. Yesuusi zaaridi, “Taanikka ne bolla pirddike. Ba; zaarada nagara oothofa” yaagis.
12 ၁၂ တဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။
Qassika Yesuusi asaakko, “Taani alamiyas poo7o. Tana kaalliya oonikka de7o immiya poo7uwa ekkanaappe attin dhuman simerettena” yaagidi odis.
13 ၁၃ ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။
Farisaaweti, “Ne nebaa markkattasa, shin ne markkatethay tuma gidenna” yaagidosona.
14 ၁၄ ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည်အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကားမသိကြ။
Yesuusi zaaridi, “Taani tabaa markkattikokka ta markkatethay tuma. Ays giikko, taani awuppe yidaakko qassi aw biyakko erays, shin hintte erekketa.
15 ၁၅ သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါ့မူကား အဘယ်သူကိုမျှမစီရင်။
Hintte asa qofan pirddeeta; taani issi asa bollaka pirddike.
16 ၁၆ ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။
Taani pirddiyabaa gidikkoka ta pirdday tuma. Ays giikko, tana kiittida ta Aaway taara de7eesippe attin taani tarkka de7ikke.
17 ၁၇ သက်သေခံနှစ်ဦးတို့၏စကားသည် တည်ရ၏ဟု သင်တို့ ပညတ္တိကျမ်းစာ၌လာ၏။
Nam77u asa markkatethi tuma gideyssi hintte higgiyan xaafettis.
18 ၁၈ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။
Taani tabaa ta huu7en markkattays; qassi tana kiittida ta Aawaykka tabaa markkattees” yaagis.
19 ၁၉ ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုအသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့် မည်ဟု မိန့်တော်မူ၏။
Entti, “Ne aaway awun de7ii?” yaagidi iya oychchidosona. Yesuusi zaaridi, “Hintte tana woykko ta Aawa erekketa. Tana eridabaa gidiyakko, hintte ta Aawakka eranashin” yaagis.
20 ၂၀ ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွတ်တော်မူ၏။ ကိုယ်တော်၏အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ။
Yesuusi Xoossa Keethan muxaata miishiya yeggiya saaxiney de7iya bessan hessa tamaarssis. Iya qammay buroo gakkiboonna gisho oonikka iya oykkibeenna.
21 ၂၁ တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြ လိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။
Qassika Yesuusi enttako, “Taani baana; hintte tana koyana, shin hintte atotethi demmonna hintte nagaran hayqqana. Taani biyasuwa baanaw hintte dandda7ekketa” yaagis.
22 ၂၂ ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။
Ayhude halaqati, “I, ‘Taani biyasuwa hintte baanaw dandda7ekketa’ yaagees. I bana barkka wodhaneyye?” yaagidosona.
23 ၂၃ ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်ကြ၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။
Yesuusi zaaridi, “Hintte garssafe; taani bollafe. Hintte ha alamiyappe, taani ha alamiyappe gidikke.
24 ၂၄ ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
Hintte atotethi demmonna hintte nagaran hayqqana gada taani hinttew odiday hessassa. Taani Tana Gideyssa hintte ammanonna ixxiko hintte atotethi demmonna hintte nagaran hayqqana” yaagis.
25 ၂၅ ထိုသူတို့ကလည်း။ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။
Entti, “Neeni oonee?” yaagidi oychchidosona. Yesuusi zaaridi, “Taani, koyroppe hinttew odida tana.
26 ၂၆ သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။
Taani hinttebaa odada pirddiyabay darobay de7ees. Shin tana kiittidayssi tumanchcho; qassi taani iyappe si7idayssa xalaala alamiyas odays” yaagis.
27 ၂၇ ခမည်းတော်ကိုရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ။
Yesuusi ba Aawabaa odeyssa entti akeekibookkona.
28 ၂၈ ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း သင်တို့သည် သိကြလိမ့်မည်။
Hessa gisho, Yesuusi enttako, “Hintte Asa Na7aa pude dhoqqu oothiya wode Taani Tana Gideyysa hintte erana. Qassika taani ta maatan aykkoka oothonayssanne ta Aaway tana tamaarssidayssa odeyssa hintte erana.
29 ၂၉ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်း တော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့် တော်မူ၏။
Tana kiittidayssi taara de7ees. Taani ubba wode iya ufayssiyabaa oothiya gisho I tana ta xalaala aggibeenna” yaagis.
30 ၃၀ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။
Yesuusi hessa odishin si7ida daro asay iya ammanidosona.
31 ၃၁ ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။
Yesuusi bana ammanida asatakko, “Hintte ta timirttiyas kiitettiko tuma tana kaalleyssata.
32 ၃၂ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။
Hintte tumaa erana; tumaykka hinttena aylletethafe kessana” yaagis.
33 ၃၃ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟု၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊
Entti zaaridi, “Nuuni Abrahaame sheeshi; nuuni oodeskka aylletibookko. Neeni woygada, ‘Hintte aylletethafe keyana’ gay?” yaagidosona.
34 ၃၄ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။
Yesuusi zaaridi, “Taani hinttew tuma odays; nagara oothiya oonikka nagara aylle.
35 ၃၅ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ (aiōn )
Aylley merinaw soo asaara deenna, shin na7ay merinaw soo asaara de7ees. (aiōn )
36 ၃၆ ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။
Na7ay hinttena aylletethafe kessiko hintte aylletethafe tuma keyana.
37 ၃၇ သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ၏။
Hintte Abrahaame sheeshi gideyssa taani erays. Shin ta qaalay hintte wozanan baynna gisho, tana wodhanaw koyeeta.
38 ၃၈ ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။
Taani ta Aaway tana bessidayssa odays, shin hintteka hintte aawappe si7idayssa ootheeta” yaagis.
39 ၃၉ ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန် လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။
Entti zaaridi, “Nu aaway Abrahaame” yaagidosona. Yesuusi enttako, “Hintte Abrahaame nayta gidiyakko I oothidayssa oothana.
40 ၄၀ ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။
Shin Xoossafe si7ida tumaa odida tana hintte wodhanaw koyeeta. Abrahamey hessada oothibeenna.
41 ၄၁ သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ၏။
Hinttee, hintte aaway oothidayssa ootheeta” yaagis. Entti zaaridi, “Nuuni tuma Xoossaa nayta; nuus issi Aaway Xoossaa xalaali de7ees” yaagidosona.
42 ၄၂ ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ၏။
Yesuusi enttako, “Xoossay tuma hintte aawa gidiyakko hintte tana dosana; ays giikko, taani Xoossaa matappe yada hayssan de7ays. Tana I kiittisppe attin taani ta maatan yabiikke.
43 ၄၃ အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။
Taani geyssa hintte si7anaw koyonna gisho ta giyabay hinttew gelenna.
44 ၄၄ သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။
Hinttee, hintte aawa Xalahe nayta. Qassi hinttee, hintte aaway amottiyabaa oothanaw koyeeta. I koyroppe doomidi shemppo wodheyssa. Tumi iyan baynna gisho I tumaa ixxees. Worddoy iyaw medho gidida gishonne I worddo aawa gidiya gisho worddo odettishe baappe odettees.
45 ၄၅ ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။
Taani tuma haasayays, shin hintte tana ammanekketa.
46 ၄၆ ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။
Hinttefe, ‘Neeni nagara oothishin ta be7as’ gaanaw dandda7ey oonee? Taani tuma odettiyabaa gidikko tana ays ammanekketii?
47 ၄၇ ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။
Xoossaa asi Xoossay giyabaa si7ees. Hintte Xoossaa asi gidonna gisho Xoossay giyabaa si7ekketa” yaagis.
48 ၄၈ ယုဒလူတို့ကလည်း၊ သင်သည်ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသော စကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။
Ayhudeti zaaridi, “‘Neeni Samaare asi; nenan tuna ayyaanay de7ees’ gishe likke gidokko?” yaagidosona.
49 ၄၉ ယေရှုကလည်း၊ ငါသည်နက်ဆိုးစွဲသောသူ မဟုတ်။ ငါ့ခမည်းတော်ကိုချီးမြောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။
Yesuusi enttako “Ta bolla tuna ayyaani baawa. Taani ta Aawa bonchchays, shin hintte tana kawushsheta.
50 ၅၀ ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူရှိသေး၏။
Taani ta huu7e bonchcho koyikke; taani bonchchettana mela koyeysinne taw pirddeyssi de7ees.
51 ၅၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။ (aiōn )
Taani hinttew tuma odays; ta qaala naagiya oonikka hayqqenna” yaagis. (aiōn )
52 ၅၂ ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် လိမ့် မည်ဟု ဆိုပါသည်တကား။ (aiōn )
Ayhudeti zaaridi, “Ne bolla tuna ayyaanay de7eyssa nuuni ha77i erida. Abrahamey hayqqis; nabetikka hayqqidosona. Shin neeni, ‘Ta qaalaa naagiya oonikka hayqqenna’ yaagasa. (aiōn )
53 ၅၃ ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့သောသူ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ၏။
Neeni hayqqida nu aawa Abrahameppe aadhdhayye? Nabetikka qassi hayqqidosona. Neeni nena oona gada qoppay?” yaagidosona.
54 ၅၄ ယေရှုကလည်း၊ ငါသည်ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။
Yesuusi, “Taani tana bonchchiko ta bonchchoy hada. Hintte, ‘Nu Xoossaa’ giya ta Aaway I tana bonchchees.
55 ၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင်သင်တို့ကဲ့သို့ မု သာသုံးသောသူဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်းနားထောင်၏။
Hintte iya eronna ixxiko taani iya erays. Taani iya erikke giikko hintte mela worddotays. Shin taani iya erays; qassi iya qaalaakka naagays.
56 ၅၆ သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင် ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော်မူ၏။
Hintte aaway Abrahamey ta yuussaa gallasa be7idi ufayttanaw amottis; be7idikka ufayttis” yaagis.
57 ၅၇ ယုဒလူတို့ကလည်း၊ သင်၏အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ၏။
Ayhudeti zaaridi, “Hari attoshin, new ishatamu laythi kumibeennashin waanada Abrahaame be7as gay?” yaagidosona.
58 ၅၈ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။
Yesuusi enttako, “Taani hinttew tuma odays; Abrahamey yelettanaappe kase Taani Tana” yaagis.
59 ၅၉ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
Hessa gisho, entti Yesuusa caddanaw shuchchi ekkidosona. Shin Yesuusi enttafe geemmidi Xoossa Keethafe keyidi bis.