< ယောဟန် 4 >
1 ၁ ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။
A, no ka mohio te Ariki, kua rongo nga Parihi, ko nga akonga a Ihu i mea ai, i iriiri ai, he tokomaha atu i a Hoani,
2 ၂ တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက်သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊
He ahakoa ra ehara i a Ihu nana i iriiri, na ana akonga ia,
3 ၃ ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင်၊
Ka mahue a Huria i a ia, a hoki ana ano ki Kariri.
4 ၄ ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။
Na, ko te ara mona i tika na Hamaria.
5 ၅ ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။
A ka haere ia ki tetahi pa o Hamaria, ko Haika te ingoa, e patata ana ki te wahi i hoatu e Hakopa ki tana tama, ki a Hohepa.
6 ၆ ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။
Kei reira hoki te puna a Hakopa. Na kua ngenge a Ihu i te haerenga, heoi noho ana ia ki te taha o te puna: a meake ko te ono o nga haora.
7 ၇ ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။
Ka haere mai tetahi wahine o Hamaria ki te utu wai: ka mea a Ihu ki a ia, Homai he wai moku.
8 ၈ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း။
Kua riro hoki ana akonga ki te pa, ki te hoko kai.
9 ၉ ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ။
Na ko te meatanga a te wahine o Hamaria ki a ia, he aha koe, he Hurai na koe, ka tono mai ai i te wai i ahau, he wahine nei ahau no Hamaria? kahore hoki e tata ana nga Hurai ki nga Hamarai.
10 ၁၀ ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊
Ka whakahoki a Ihu, ka mea ki a ia, Me i matau koe ki ta te Atua e homai ai, ki tenei hoki e mea nei ki a koe, Homai he wai moku; penei kua tono koe ki a ia, a kua hoatu e ia te wai ora ki a koe.
11 ၁၁ မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း။
Ka mea te wahine ki a ia, E kara, kahore au mea hei utu wai, he hohonu ano te puna: no hea tena wai ora au?
12 ၁၂ ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။
He nui oti koe i to matou matua, i a Hakopa, i homai ai te puna ki a matou, inu ana ia i konei, ratou ko ana tamariki, me ana kararehe?
13 ၁၃ ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။
Ka whakahoki a Ihu, ka mea ki a ia, E mate ano i te wai te tangata e inu ana i tenei wai:
14 ၁၄ ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ (aiōn , aiōnios )
Tena ko te tangata e inu ana i te wai e hoatu e ahau ki a ia, e kore ia e mate i te wai a ake ake; engari te wai e hoatu e ahau ki a ia, hei puna wai tena i roto i a ia e pupu ake ana, a te ora tonu ra ano. (aiōn , aiōnios )
15 ၁၅ မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊
Ka mea te wahine ki a ia, E kara, homai ki ahau tenei wai, kei mate ahau i te wai, kei haere mai hoki ki konei rawa utu ai
16 ၁၆ ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။
Ka mea a Ihu ki a ia, Tikina, karangatia to tahu, ka hoki mai ai.
17 ၁၇ မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။
Ka whakahoki te wahine, ka mea, Kahore aku tahu. Ka mea a Ihu ki a ia, He korero tika tau, Kahore aku tahu:
18 ၁၈ အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။
Ina hoki kua tokorima au tahu; ko ia i a koe nei ehara i te tahu nau: he pono tenei korero au.
19 ၁၉ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။
Ka mea te wahine ki a ia, E kara, e kite ana ahau he poropiti koe.
20 ၂၀ အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊
I karakia o matou matua i runga i tenei maunga; a e mea ana koutou, Ko Hiruharama te wahi e tika ai te karakia.
21 ၂၁ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။
Ka mea a Ihu ki a ia, E tai, whakapono ki ahau, meake puta te wa, e kore ai koutou e karakia ki te Matua i runga i tenei maunga, e kore ano i Hiruharama.
22 ၂၂ သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။
Kahore koutou e mohio ki ta koutou e karakia nei: e matau ana matou ki ta matou e karakia nei; no nga Hurai nei hoki te ora.
23 ၂၃ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။
Otira meake puta te wa, a tenei ano, e karakia ai nga kaikarakia pono ki te Matua i runga i te wairua, i te pono: e rapu ana hoki te Matua ki te pera hei karakia ki a ia.
24 ၂၄ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။
He Wairua te Atua: me karakia hoki nga kaikarakia ki a ia i runga i te wairua, i te pono.
25 ၂၅ မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။
Ka mea te wahine ki a ia, E matau ana ahau kei te haere mai te Mihaia, e kiia nei ko te Karaiti, ka tae mai ia, mana nga mea katoa e korero ki a tatou.
26 ၂၆ ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
Ka mea a Ihu ki a ia, Ko ahau ano ia e korero nei ki a koe.
27 ၂၇ ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။
Na ka puta i reira ana akonga, ka miharo ki tana korerotanga ki te wahine: heoi kihai tetahi i mea, He aha tau e rapu? he aha koe ka korero ai ki a ia?
28 ၂၈ ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊
Na ka whakarerea e te wahine tana ipu, a haere ana ki te pa, ka mea ki nga tangata,
29 ၂၉ အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊
Haere mai, kia kite i te tangata i korerotia mai ai ki ahau nga mea katoa i mea ai ahau: ehara ranei tenei i a te Karaiti?
30 ၃၀ သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။
Ka puta ratou ki waho o te pa, a ka ahu mai ki a ia.
31 ၃၁ မရောက်မှီတွင်တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင်၊
I taua takiwa ano ka tohe nga akonga ki a ia, ka mea, E te Kaiwhakaako, e kai ra.
32 ၃၂ သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်ဟု မိန့်တော်မူ၏။
Otira ka mea ia ki a ratou, he kai ano taku hei kai maku, kahore koutou e matau.
33 ၃၃ ထိုကြောင့်တပည့်တော်တို့က၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင်၊
Na ka mea nga akonga tetahi ki tetahi, I kawea mai ranei e tetahi he kai mana?
34 ၃၄ ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။
Ka mea a Ihu ki a ratou, Ko taku kai tenei, ko te mea i ta toku kaitono e pai ai, kia whakaotia hoki tana mahi.
35 ၃၅ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။
E kore ianei koutou e mea, Kia wha atu nga marama, a ka taea te kotinga? Nana, ko taku kupu tenei ki a koutou, Kia ara ake o koutou kanohi, titiro ki nga mara; kua ma noa ake: ko te kotinga tenei.
36 ၃၆ စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ (aiōnios )
Ka whiwhi te kaikokoti ki te utu, ka kohia ano hoki e ia nga hua mo te ora tonu: kia hari tahi ai te kairui raua ko te kaikokoti. (aiōnios )
37 ၃၇ တဦးကားပျိုးကြဲ၏။ တဦးကားစပါးရိတ်၏ဟူသော စကားသည် ဤအရာ၌အမှန်ကျသတည်း။
Na konei hoki i pono ai taua ki, E rui ana tetahi, e kokoti ana tetahi.
38 ၃၈ သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏ဟု မိန့်တော်မူ၏။
I tonoa koutou e ahau ki te kokoti i te mea kihai i mahia e koutou: he tangata ke nana i mahi, a kua uru koutou ki a ratou mahi.
39 ၃၉ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။
A he tokomaha nga Hamari o taua pa i whakapono ki a ia, mo te ki a te wahine i mea ra, I korerotia mai e ia ki ahau nga mea katoa i mea ai ahau.
40 ၄၀ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
A, no ka tae nga Hamari ki a ia, ka mea kia noho ia ki a ratou: a e rua nga ra i noho ai ia ki reira.
41 ၄၁ အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည်၍၊
Na hira noa ake nga tangata i whakapono, he mea hoki na tana kupu;
42 ၄၂ ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော် ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏။
I mea ano ki te wahine, Ehara i te mea na tau kupu i whakapono ai matou inaianei: kua rongo nei hoki matou ake, a ka matau, ko te Karaiti pu tenei, ko te Kaiwhakaora o te ao.
43 ၄၃ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။
Ka pahure aua ra e rua, ka turia atu e ia i reira, a haere ana ki Kariri.
44 ၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။
Ko Ihu tonu hoki nana te ki, Kahore he honore o te poropiti i tona kainga ake.
45 ၄၅ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။
Heoi, i tona taenga ki Kariri, ka whakamanuhiritia ia e nga tangata o Kariri, i kite hoki ratou i nga mea katoa i meatia e ia ki Hiruharama i te hakari: i haere hoki ratou ki te hakari.
46 ၄၆ ရေကိုစပျစ်ရည်ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏သားသည် အနာရောဂါစွဲလျက်ရှိ၏။
A ka tae ano a Ihu ki Kana o Kariri, ki te wahi i meatia ai e ia te wai hei waina. Na ko tetahi tangata a te kingi, kei Kaperenauma tana tama e mate ana.
47 ၄၇ ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ၏။
A, no ka rongo ia kua tae mai a Ihu i Huria ki Kariri, ka haere ki a ia, ka inoi ki a ia kia haere ia ki te whakaora i tana tama; meake hoki marere.
48 ၄၈ ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊
Na ko te meatanga a Ihu ki a ia, Ki te kahore koutou e kite i nga tohu, i nga merekara, e kore rawa koutou e whakapono.
49 ၄၉ သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။
Ka mea te tangata a te kingi ki a ia, E te Ariki, haere iho i te mea kahore ano kia mate noa taku tamaiti.
50 ၅၀ ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။
Ka mea a Ihu ki a ia, Haere; kua ora tau tama. Na whakapono ana te tangata ki te kupu i korerotia e Ihu ki a ia, a haere ana.
51 ၅၁ လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။
A, i a ia e haere ana, ka tutaki ana pononga ki a ia, ka korero, Kua ora tau tamaiti.
52 ၅၂ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ၏။
Na ka ui ia ki a ratou ki te haora i matutu ake ai ia. Ka mea ratou ki a ia, Nonanahi, no te whitu o nga haora, i mutu ai tona ka.
53 ၅၃ ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။
Na ka mohio te papa, ko te tino haora ia i mea ai a Ihu ki a ia, Kua ora tau tama: a whakapono ana ia, ratou ko tona whare katoa.
54 ၅၄ ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း။
Ko te rua ano tenei o nga merekara i meatia e Ihu, i muri i tona haerenga i Huria ki Kariri.