< ယောဟန် 3 >
1 ၁ ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊
Bil je človek izmed farizejev, po imenu Nikodém, vladar Judov.
2 ၂ ညဉ့်အခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊
Ta isti je ponoči prišel k Jezusu in mu rekel: »Rabi, vemo, da si učitelj, ki je prišel od Boga, kajti noben človek ne more delati teh čudežev, ki jih delaš ti, razen če ni Bog z njim.«
3 ၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
Jezus je odgovoril in mu rekel: »Resnično, resnično, povem ti: ›Razen če se človek ponovno ne rodi, ne more videti Božjega kraljestva.‹«
4 ၄ နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်း ထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။
Nikodém mu reče: »Kako je lahko človek ponovno rojen, ko je star? Ali lahko drugič vstopi v maternico svoje matere in se rodi?«
5 ၅ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။
Jezus je odgovoril: »Resnično, resnično, povem ti: ›Razen če se človek ne rodi iz vode in iz Duha, ne more vstopiti v Božje kraljestvo.‹
6 ၆ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။
To, kar je rojeno iz mesa, je meso, in to, kar je rojeno iz Duha, je duh.
7 ၇ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။
Ne čudi se, da sem ti rekel: ›Morate se ponovno roditi.‹
8 ၈ လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ၏။
Veter piha, kjer želi in slišiš zvok le-tega, toda ne moreš povedati, od kod prihaja in kam gre. Tako je z vsakim, ki je rojen iz Duha.«
9 ၉ နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊
Nikodém je odgovoril in mu rekel: »Kako so te stvari mogoče?«
10 ၁၀ တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော။
Jezus je odgovoril in mu rekel: »Ali si ti učitelj Izraelu, pa ne veš teh stvari?
11 ၁၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။
Resnično, resnično, povem ti: ›Mi govorimo to, kar vemo in pričujemo to, kar smo videli, vi pa našega pričevanja ne sprejemate.
12 ၁၂ မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း။
Če sem vam govoril zemeljske stvari in niste verovali, kako boste verovali, če vam povem o nebeških stvareh?
13 ၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။
In noben človek se ni dvignil v nebesa, razen tisti, ki je prišel dol iz nebes, celó Sin človekov, ki je v nebesih.
14 ၁၄ မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
In kakor je Mojzes povzdignil kačo v divjini, točno tako mora biti povzdignjen Sin človekov,
15 ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။ (aiōnios )
da se, kdorkoli veruje vanj, ne bo pogubil, temveč bo imel večno življenje. (aiōnios )
16 ၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ (aiōnios )
Kajti Bog je tako ljubil svet, da je dal svojega edinorojenega Sina, da kdorkoli veruje vanj, se ne bo pogubil, temveč bo imel večno življenje. (aiōnios )
17 ၁၇ လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
Kajti Bog svojega Sina ni poslal na svet, da svet obsodi, temveč, da bi bil svet po njem lahko rešen.
18 ၁၈ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။
Kdor veruje vanj, ni obsojen, toda kdor ne veruje, je že obsojen, ker ni veroval v ime edinorojenega Božjega Sina.
19 ၁၉ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
In to je obsodba, da je svetloba prišla na svet, ljudje pa so raje ljubili temo kakor svetlobo, ker so bila njihova dejanja hudobna.
20 ၂၀ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။
Kajti vsak, kdor počne zlo, sovraži svetlobo niti ne prihaja k svetlobi, da njegova dejanja ne bi bila pograjana.
21 ၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
Toda kdor ravna po resnici, prihaja k svetlobi, da bi se njegova dejanja lahko razodela, da so narejena v Bogu.‹«
22 ၂၂ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထို အရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။
Po teh besedah so prišli Jezus in njegovi učenci v judejsko deželo in z njimi je ostal tam ter krščeval.
23 ၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။
Pa tudi Janez je krščeval v Enónu blizu Salíma, ker je bilo tam veliko vode; in prihajali so in bili so krščeni.
24 ၂၄ ယောဟန်သည်ထောင်ထဲသို့မရောက်သေး။
Kajti Janez še ni bil vržen v ječo.
25 ၂၅ ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊
Potem je med nekaterimi Janezovimi učenci in Judi nastalo pričkanje glede očiščevanja.
26 ၂၆ ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊
In prišli so k Janezu ter mu rekli: »Rabi, kdor je bil s teboj onstran Jordana, o katerem prinašaš pričevanje, glej, isti krščuje in vsi ljudje prihajajo k njemu.«
27 ၂၇ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။
Janez je odgovoril in rekel: »Človek ne more ničesar prejeti, razen če mu ni dano iz nebes.
28 ၂၈ ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။
Vi sami mi prinašate pričevanje, da sem rekel: ›Jaz nisem Kristus, temveč, da sem poslan pred njim.‹
29 ၂၉ မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။
Kdor ima nevesto, je ženin, toda ženinov prijatelj, ki stoji in ga posluša, se silno razveseljuje zaradi ženinovega glasu. Ta moja radost je torej dopolnjena.
30 ၃၀ ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။
On mora rasti, toda jaz se moram manjšati.
31 ၃၁ အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွဋ်ဖြစ်တော် မူ၏။
Kdor prihaja od zgoraj, je nad vsem. Kdor je z zemlje, je zemeljski in govori zemeljsko. Kdor prihaja iz nebes, je nad vsem.
32 ၃၂ မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ၊
Kar je videl in slišal, to pričuje in noben človek ne sprejema njegovega pričevanja.
33 ၃၃ သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။
Kdor je sprejel njegovo pričevanje, je pristavil k njegovemu pečatu, da je Bog resničen.
34 ၃၄ ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏။
Kajti tisti, ki ga je Bog poslal, govori Božje besede, kajti Bog mu ne daje Duha na mero.
35 ၃၅ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ။
Oče ljubi Sina in mu je vse stvari dal v njegovo roko.
36 ၃၆ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ (aiōnios )
Kdor veruje v Sina, ima večno življenje; kdor pa ne veruje Sinu, ne bo videl življenja, temveč na njem ostaja Božji bes.« (aiōnios )