< ယောဟန် 20 >
1 ၁ ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊
અનન્તરં સપ્તાહસ્ય પ્રથમદિને ઽતિપ્રત્યૂષે ઽન્ધકારે તિષ્ઠતિ મગ્દલીની મરિયમ્ તસ્ય શ્મશાનસ્ય નિકટં ગત્વા શ્મશાનસ્ય મુખાત્ પ્રસ્તરમપસારિતમ્ અપશ્યત્|
2 ၂ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။
પશ્ચાદ્ ધાવિત્વા શિમોન્પિતરાય યીશોઃ પ્રિયતમશિષ્યાય ચેદમ્ અકથયત્, લોકાઃ શ્મશાનાત્ પ્રભું નીત્વા કુત્રાસ્થાપયન્ તદ્ વક્તું ન શક્નોમિ|
3 ၃ ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့သွားကြ၏။
અતઃ પિતરઃ સોન્યશિષ્યશ્ચ બર્હિ ર્ભુત્વા શ્મશાનસ્થાનં ગન્તુમ્ આરભેતાં|
4 ၄ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊
ઉભયોર્ધાવતોઃ સોન્યશિષ્યઃ પિતરં પશ્ચાત્ ત્યક્ત્વા પૂર્વ્વં શ્મશાનસ્થાન ઉપસ્થિતવાન્|
5 ၅ ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။
તદા પ્રહ્વીભૂય સ્થાપિતવસ્ત્રાણિ દૃષ્ટવાન્ કિન્તુ ન પ્રાવિશત્|
6 ၆ ရှိမုန်ပေရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊
અપરં શિમોન્પિતર આગત્ય શ્મશાનસ્થાનં પ્રવિશ્ય
7 ၇ ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။
સ્થાપિતવસ્ત્રાણિ મસ્તકસ્ય વસ્ત્રઞ્ચ પૃથક્ સ્થાનાન્તરે સ્થાપિતં દૃષ્ટવાન્|
8 ၈ ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။
તતઃ શ્મશાનસ્થાનં પૂર્વ્વમ્ આગતો યોન્યશિષ્યઃ સોપિ પ્રવિશ્ય તાદૃશં દૃષ્ટા વ્યશ્વસીત્|
9 ၉ ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး။
યતઃ શ્મશાનાત્ સ ઉત્થાપયિતવ્ય એતસ્ય ધર્મ્મપુસ્તકવચનસ્ય ભાવં તે તદા વોદ્ધું નાશન્કુવન્|
10 ၁၀ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
અનન્તરં તૌ દ્વૌ શિષ્યૌ સ્વં સ્વં ગૃહં પરાવૃત્યાગચ્છતામ્|
11 ၁၁ မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို့ကြည့်လျှင်၊
તતઃ પરં મરિયમ્ શ્મશાનદ્વારસ્ય બહિઃ સ્થિત્વા રોદિતુમ્ આરભત તતો રુદતી પ્રહ્વીભૂય શ્મશાનં વિલોક્ય
12 ၁၂ ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်း ရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လေ၏။
યીશોઃ શયનસ્થાનસ્ય શિરઃસ્થાને પદતલે ચ દ્વયો ર્દિશો દ્વૌ સ્વર્ગીયદૂતાવુપવિષ્ટૌ સમપશ્યત્|
13 ၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွား ကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။
તૌ પૃષ્ટવન્તૌ હે નારિ કુતો રોદિષિ? સાવદત્ લોકા મમ પ્રભું નીત્વા કુત્રાસ્થાપયન્ ઇતિ ન જાનામિ|
14 ၁၄ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ။
ઇત્યુક્ત્વા મુખં પરાવૃત્ય યીશું દણ્ડાયમાનમ્ અપશ્યત્ કિન્તુ સ યીશુરિતિ સા જ્ઞાતું નાશક્નોત્|
15 ၁၅ ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။
તદા યીશુસ્તામ્ અપૃચ્છત્ હે નારિ કુતો રોદિષિ? કં વા મૃગયસે? તતઃ સા તમ્ ઉદ્યાનસેવકં જ્ઞાત્વા વ્યાહરત્, હે મહેચ્છ ત્વં યદીતઃ સ્થાનાત્ તં નીતવાન્ તર્હિ કુત્રાસ્થાપયસ્તદ્ વદ તત્સ્થાનાત્ તમ્ આનયામિ|
16 ၁၆ ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
તદા યીશુસ્તામ્ અવદત્ હે મરિયમ્| તતઃ સા પરાવૃત્ય પ્રત્યવદત્ હે રબ્બૂની અર્થાત્ હે ગુરો|
17 ၁၇ ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
તદા યીશુરવદત્ માં મા ધર, ઇદાનીં પિતુઃ સમીપે ઊર્દ્ધ્વગમનં ન કરોમિ કિન્તુ યો મમ યુષ્માકઞ્ચ પિતા મમ યુષ્માકઞ્ચેશ્વરસ્તસ્ય નિકટ ઊર્દ્ધ્વગમનં કર્ત્તુમ્ ઉદ્યતોસ્મિ, ઇમાં કથાં ત્વં ગત્વા મમ ભ્રાતૃગણં જ્ઞાપય|
18 ၁၈ မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အားကြားပြောလေ၏။
તતો મગ્દલીનીમરિયમ્ તત્ક્ષણાદ્ ગત્વા પ્રભુસ્તસ્યૈ દર્શનં દત્ત્વા કથા એતા અકથયદ્ ઇતિ વાર્ત્તાં શિષ્યેભ્યોઽકથયત્|
19 ၁၉ ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။
તતઃ પરં સપ્તાહસ્ય પ્રથમદિનસ્ય સન્ધ્યાસમયે શિષ્યા એકત્ર મિલિત્વા યિહૂદીયેભ્યો ભિયા દ્વારરુદ્ધમ્ અકુર્વ્વન્, એતસ્મિન્ કાલે યીશુસ્તેષાં મધ્યસ્થાને તિષ્ઠન્ અકથયદ્ યુષ્માકં કલ્યાણં ભૂયાત્|
20 ၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
ઇત્યુક્ત્વા નિજહસ્તં કુક્ષિઞ્ચ દર્શિતવાન્, તતઃ શિષ્યાઃ પ્રભું દૃષ્ટ્વા હૃષ્ટા અભવન્|
21 ၂၁ တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊
યીશુઃ પુનરવદદ્ યુષ્માકં કલ્યાણં ભૂયાત્ પિતા યથા માં પ્રૈષયત્ તથાહમપિ યુષ્માન્ પ્રેષયામિ|
22 ၂၂ ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။
ઇત્યુક્ત્વા સ તેષામુપરિ દીર્ઘપ્રશ્વાસં દત્ત્વા કથિતવાન્ પવિત્રમ્ આત્માનં ગૃહ્લીત|
23 ၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
યૂયં યેષાં પાપાનિ મોચયિષ્યથ તે મોચયિષ્યન્તે યેષાઞ્ચ પાપાતિ ન મોચયિષ્યથ તે ન મોચયિષ્યન્તે|
24 ၂၄ ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ။
દ્વાદશમધ્યે ગણિતો યમજો થોમાનામા શિષ્યો યીશોરાગમનકાલૈ તૈઃ સાર્દ્ધં નાસીત્|
25 ၂၅ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။
અતો વયં પ્રભૂમ્ અપશ્યામેતિ વાક્યેઽન્યશિષ્યૈરુક્તે સોવદત્, તસ્ય હસ્તયો ર્લૌહકીલકાનાં ચિહ્નં ન વિલોક્ય તચ્ચિહ્નમ્ અઙ્ગુલ્યા ન સ્પૃષ્ટ્વા તસ્ય કુક્ષૌ હસ્તં નારોપ્ય ચાહં ન વિશ્વસિષ્યામિ|
26 ၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျှက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ၏။
અપરમ્ અષ્ટમેઽહ્નિ ગતે સતિ થોમાસહિતઃ શિષ્યગણ એકત્ર મિલિત્વા દ્વારં રુદ્ધ્વાભ્યન્તર આસીત્, એતર્હિ યીશુસ્તેષાં મધ્યસ્થાને તિષ્ઠન્ અકથયત્, યુષ્માકં કુશલં ભૂયાત્|
27 ၂၇ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။
પશ્ચાત્ થામૈ કથિતવાન્ ત્વમ્ અઙ્ગુલીમ્ અત્રાર્પયિત્વા મમ કરૌ પશ્ય કરં પ્રસાર્ય્ય મમ કુક્ષાવર્પય નાવિશ્વસ્ય|
28 ၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။
તદા થોમા અવદત્, હે મમ પ્રભો હે મદીશ્વર|
29 ၂၉ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
યીશુરકથયત્, હે થોમા માં નિરીક્ષ્ય વિશ્વસિષિ યે ન દૃષ્ટ્વા વિશ્વસન્તિ તએવ ધન્યાઃ|
30 ၃၀ ဤကျမ်းစာ၌ ရေး၍မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက်၌ပြတော်မူ၏။
એતદન્યાનિ પુસ્તકેઽસ્મિન્ અલિખિતાનિ બહૂન્યાશ્ચર્ય્યકર્મ્માણિ યીશુઃ શિષ્યાણાં પુરસ્તાદ્ અકરોત્|
31 ၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။
કિન્તુ યીશુરીશ્વરસ્યાભિષિક્તઃ સુત એવેતિ યથા યૂયં વિશ્વસિથ વિશ્વસ્ય ચ તસ્ય નામ્ના પરમાયુઃ પ્રાપ્નુથ તદર્થમ્ એતાનિ સર્વ્વાણ્યલિખ્યન્ત|