< ယောဟန် 2 >
1 ၁ သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု၏ မယ်တော်ရှိ၏။
Și a treia zi s-a făcut nuntă în Cana Galileii și mama lui Isus era acolo;
2 ၂ ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။
Și la nuntă a fost chemat și Isus și discipolii lui.
3 ၃ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။
Și când s-a terminat vinul, mama lui Isus i-a zis: Nu au vin.
4 ၄ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။
Isus i-a spus: Femeie, ce am a face cu tine? Nu mi-a venit încă timpul.
5 ၅ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။
Mama lui a spus servitorilor: Faceți orice vă va spune.
6 ၆ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။
Și acolo erau puse șase vase de piatră, puse conform obiceiului de curățire al iudeilor, care conțineau două sau trei măsuri.
7 ၇ ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ၏။
Isus le-a spus: Umpleți vasele cu apă. Și le-au umplut până sus.
8 ၈ ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။
Și le-a spus: Scoateți acum și duceți-i conducătorului nunții. Și i-au dus.
9 ၉ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့်၍၊
Și conducătorul nunții, după ce a gustat apa făcută vin și neștiind de unde era, (dar servitorii, care au scos apa, știau), conducătorul nunții a chemat pe mire,
10 ၁၀ အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။
Și i-a spus: Orice om pune întâi vin bun și după ce oamenii au băut bine, atunci pune pe cel mai puțin bun; dar tu ai ținut vinul bun până acum.
11 ၁၁ ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
Acest început al miracolelor l-a făcut Isus în Cana Galileii; și și-a arătat gloria; și discipolii lui au crezut în el.
12 ၁၂ ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊
După aceasta, s-a coborât la Capernaum, el și mama lui și frații lui și discipolii lui; și au rămas acolo nu multe zile.
13 ၁၃ ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။
Și paștele iudeilor era aproape și Isus a urcat la Ierusalim,
14 ၁၄ ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၎င်း တွေ့ တော်မူလျှင်၊
Și a găsit în templu pe cei ce vindeau boi și oi și porumbei și pe schimbătorii de bani șezând jos;
15 ၁၅ ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ၏၊
Și, făcând un bici de frânghii, i-a scos pe toți afară din templu, și oile și boii, și a vărsat banii schimbătorilor și le-a răsturnat mesele,
16 ၁၆ ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်ဟု မိန့်တော်မူ၏။
Și a spus celor ce vindeau porumbei: Luați acestea de aici, nu faceți din casa Tatălui meu o casă de comerț.
17 ၁၇ ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။
Și discipolii lui și-au amintit că este scris: Zelul casei tale m-a mâncat.
18 ၁၈ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။
Atunci iudeii au răspuns și i-au zis: Ce semn ne arăți nouă, văzând că faci acestea?
19 ၁၉ ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။
Isus a răspuns și le-a zis: Distrugeți templul acesta și în trei zile îl voi ridica.
20 ၂၀ ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူ ကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။
Atunci iudeii au spus: Patruzeci și șase de ani a fost templul acesta în construcție și tu îl vei ridica în trei zile?
21 ၂၁ ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍မိန့်တော်မူ၏။
Dar el le vorbea despre templul trupului său.
22 ၂၂ ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက်။ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်း ယုံကြ၏။
De aceea, când a înviat dintre morți, discipolii lui și-au amintit că le spusese aceasta; și au crezut scriptura și cuvântul pe care îl spusese Isus.
23 ၂၃ ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။
Dar când era în Ierusalim, la paște, la sărbătoare, mulți au crezut în numele lui, când vedeau miracolele pe care le făcea.
24 ၂၄ သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။
Dar Isus însuși nu li s-a încredințat, pentru că îi cunoștea pe toți,
25 ၂၅ လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူ ကိုမျှအလိုတော်မရှိ။
Și nu a avut nevoie ca să îi aducă cineva mărturie despre om, fiindcă știa ce era în om.