< ယောဟန် 18 >
1 ၁ ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။
When Jesus had spoken these things, he went out with his disciples beyond the brook Kedron, where was a garden, which he and his disciples entered.
2 ၂ ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊
And Judas, who delivered him up, also knew the place, because Jesus often went thither with his disciples.
3 ၃ စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သောမင်းလုလင်တို့ကို၎င်း ခေါ်ခဲ့ ၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။
Judas, then, having received the band of soldiers and attendants from the chief priests and Pharisees, came thither with torches and lamps and weapons.
4 ၄ ယေရှုသည် ကိုယ်တော်၌ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။
Then Jesus, knowing all things that were coming upon him, went forth, and said to them: Whom do you seek?
5 ၅ နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ၏။
They answered him: Jesus the Nazarene. Jesus said to them: I am he. Judas, also, who delivered him up, was standing among them.
6 ၆ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။
Then, when he said to them, I am he, they went backward, and fell to the ground.
7 ၇ အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့ သည် ဆိုကြ၏။
Then he asked them again: Whom do you seek? They said: Jesus the Nazarene.
8 ၈ ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟုငါပြောပြီ။ သို့ဖြစ်၍ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေ စေဟု မိန့်တော်မူ၏။
Jesus answered: I have told you that I am he. If, then, you seek me, let these go away.
9 ၉ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့ မရောက်ပါ ဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ၏။
This he said, that the word might be fulfilled which he had spoken: Of those whom thou hast given me; I have lost none.
10 ၁၀ ထိုအခါရှိမုန်ပေတရုသည် မိမိ၌ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကားမာလခုဖြစ်သတည်း။
Then Simon Peter, who had a sword, drew it, and struck the servant of the chief priest, and cut off his right ear. The name of the servant was Malchus.
11 ၁၁ ယေရှုကလည်း ထားကိုအိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။
Then Jesus said to Peter: Put up your sword into its scabbard. Shall I not drink the cup that my Father has given me?
12 ၁၂ ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ၏။
Then the band of soldiers, and the officer, and the attendants of the Jews, took Jesus and bound him,
13 ၁၃ အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်သတည်း။
and led him first to Annas; for he was the father-in-law of Caiaphas, who was chief priest that year.
14 ၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။
It was Caiaphas who had given counsel to the Jews, that it was profitable that one man should die for the people.
15 ၁၅ ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏။
And Simon Peter followed Jesus, and so did another disciple. And that other disciple was acquainted with the chief priest, and he went in with Jesus into the palace of the chief priest.
16 ၁၆ ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။
But Peter stood without near the door. Then the other disciple, who was acquainted with the chief priest, went out and spoke to the door-keeper, and brought Peter in.
17 ၁၇ တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
Then the maid-servant who kept the door said to Peter: Are you not also one of the disciples of this man? He said: I am not.
18 ၁၈ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။
And the servants and the attendants, having made a fire of coals, for it was cold, were standing and warming themselves. And Peter stood with them, and warmed himself.
19 ၁၉ ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။
Then the chief priest questioned Jesus concerning his disciples and his teaching.
20 ၂၀ ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။
Jesus answered him: I have spoken openly to the world; I always taught in the synagogue, and in the temple, where the Jews come together, and in secret I have spoken nothing.
21 ၂၁ အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟုမိန့်တော်မူ၏။
Why do you ask me? Ask those who have heard, what things I said to them. Behold, they know what I have said.
22 ၂၂ ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။
When he had spoken thus, one of the attendants, who was standing by, struck Jesus with his open hand, saying: Do you answer the chief priest thus?
23 ၂၃ ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။
Jesus answered him: If I have spoken evil, testify of the evil; but if well, why do you strike me?
24 ၂၄ အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။
Then Annas sent him bound to Caiaphas the chief priest.
25 ၂၅ ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
And Simon Peter was standing and warming himself. Then they said to him: Are not you also one of his disciples? He denied, and said: I am not.
26 ၂၆ ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တ ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊
One of the servants of the chief priest, who was a kinsman of him whose ear Peter had cut off, said: Did I not see you in the garden with him?
27 ၂၇ ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။
Then Peter denied again. And immediately the cock crew.
28 ၂၈ နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။
Then they led Jesus from Caiaphas to the governor’s palace. It was the morning hour. And, in order that they might not be denied, but that they might eat the passover, they did not go into the governor’s palace.
29 ၂၉ ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊
Then Pilate came out to them, and said: What accusation do you bring against this man?
30 ၃၀ ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏။
They answered and said to him: If this man were not an evil-doer, we would not have delivered him to you.
31 ၃၁ ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။
Then Pilate said to them: Take him yourselves, and judge him according to your law. Then the Jews said to him: It is not lawful for us to put any one to death;
32 ၃၂ ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း။
that the word of Jesus might be fulfilled, which he spoke, signifying by what death he was about to die.
33 ၃၃ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး၏။
Then Pilate again entered the governor’s palace, and called Jesus, and said to him: Are you the king of the Jews?
34 ၃၄ ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။
Jesus answered him: Do you say this of yourself, or did others speak to you of me?
35 ၃၅ ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနျင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင်၊
Pilate answered: Am I a Jew? Your own nation, and the chief priests have delivered you to me; what have you done?
36 ၃၆ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံ သည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။
Jesus answered: My kingdom is not of this world; if my kingdom were of this world, then would my servants fight, that I might not be delivered up to the Jews. But now my kingdom is not hence.
37 ၃၇ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ၏။
Then Pilate said to him: You are a king, then? Jesus answered; You say that I am a king. For this purpose was I born, and for this purpose I came into the world, that I might testify to the truth. Every one that is of the truth, hears my voice.
38 ၃၈ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန်ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။
Pilate said to him: What is truth? And when he had said this, he again came out to the Jews, and said to them: I find no fault in him.
39 ၃၉ ပသခါပွဲ၌ လူတယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင်၊
But you have a custom, that I release to you one during the passover. Are you willing, then, that I should release to you the king of the Jews?
40 ၄၀ တဖန်လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား လွှတ်စေချင်ပါသည်ဟုအော်ဟစ်၍လျှောက်ဆိုကြ၏။ ထိုဗရဗ္ဗကား ထားပြဖြစ် သတည်း။
They all, then, cried out, saying: Not this man, but Barabbas. Now Barabbas was a robber.