< ယောဟန် 16 >
1 ၁ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။
યુષ્માકં યથા વાધા ન જાયતે તદર્થં યુષ્માન્ એતાનિ સર્વ્વવાક્યાનિ વ્યાહરં|
2 ၂ လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည် ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။
લોકા યુષ્માન્ ભજનગૃહેભ્યો દૂરીકરિષ્યન્તિ તથા યસ્મિન્ સમયે યુષ્માન્ હત્વા ઈશ્વરસ્ય તુષ્ટિ જનકં કર્મ્માકુર્મ્મ ઇતિ મંસ્યન્તે સ સમય આગચ્છન્તિ|
3 ၃ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
તે પિતરં માઞ્ચ ન જાનન્તિ, તસ્માદ્ યુષ્માન્ પ્રતીદૃશમ્ આચરિષ્યન્તિ|
4 ၄ ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော၏။အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။
અતો હેતાઃ સમયે સમુપસ્થિતે યથા મમ કથા યુષ્માકં મનઃસુઃ સમુપતિષ્ઠતિ તદર્થં યુષ્માભ્યમ્ એતાં કથાં કથયામિ યુષ્માભિઃ સાર્દ્ધમ્ અહં તિષ્ઠન્ પ્રથમં તાં યુષ્મભ્યં નાકથયં|
5 ၅ ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။
સામ્પ્રતં સ્વસ્ય પ્રેરયિતુઃ સમીપં ગચ્છામિ તથાપિ ત્વં ક્ક ગચ્છસિ કથામેતાં યુષ્માકં કોપિ માં ન પૃચ્છતિ|
6 ၆ ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏။
કિન્તુ મયોક્તાભિરાભિઃ કથાભિ ર્યૂષ્માકમ્ અન્તઃકરણાનિ દુઃખેન પૂર્ણાન્યભવન્|
7 ၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
તથાપ્યહં યથાર્થં કથયામિ મમ ગમનં યુષ્માકં હિતાર્થમેવ, યતો હેતો ર્ગમને ન કૃતે સહાયો યુષ્માકં સમીપં નાગમિષ્યતિ કિન્તુ યદિ ગચ્છામિ તર્હિ યુષ્માકં સમીપે તં પ્રેષયિષ્યામિ|
8 ၈ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။
તતઃ સ આગત્ય પાપપુણ્યદણ્ડેષુ જગતો લોકાનાં પ્રબોધં જનયિષ્યતિ|
9 ၉ ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။
તે મયિ ન વિશ્વસન્તિ તસ્માદ્ધેતોઃ પાપપ્રબોધં જનયિષ્યતિ|
10 ၁၀ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။
યુષ્માકમ્ અદૃશ્યઃ સન્નહં પિતુઃ સમીપં ગચ્છામિ તસ્માદ્ પુણ્યે પ્રબોધં જનયિષ્યતિ|
11 ၁၁ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။
એતજ્જગતોઽધિપતિ ર્દણ્ડાજ્ઞાં પ્રાપ્નોતિ તસ્માદ્ દણ્ડે પ્રબોધં જનયિષ્યતિ|
12 ၁၂ သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။
યુષ્મભ્યં કથયિતું મમાનેકાઃ કથા આસતે, તાઃ કથા ઇદાનીં યૂયં સોઢું ન શક્નુથ;
13 ၁၃ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။
કિન્તુ સત્યમય આત્મા યદા સમાગમિષ્યતિ તદા સર્વ્વં સત્યં યુષ્માન્ નેષ્યતિ, સ સ્વતઃ કિમપિ ન વદિષ્યતિ કિન્તુ યચ્છ્રોષ્યતિ તદેવ કથયિત્વા ભાવિકાર્ય્યં યુષ્માન્ જ્ઞાપયિષ્યતિ|
14 ၁၄ ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။
મમ મહિમાનં પ્રકાશયિષ્યતિ યતો મદીયાં કથાં ગૃહીત્વા યુષ્માન્ બોધયિષ્યતિ|
15 ၁၅ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။
પિતુ ર્યદ્યદ્ આસ્તે તત્ સર્વ્વં મમ તસ્માદ્ કારણાદ્ અવાદિષં સ મદીયાં કથાં ગૃહીત્વા યુષ્માન્ બોધયિષ્યતિ|
16 ၁၆ ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်း မူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။
કિયત્કાલાત્ પરં યૂયં માં દ્રષ્ટું ન લપ્સ્યધ્વે કિન્તુ કિયત્કાલાત્ પરં પુન ર્દ્રષ્ટું લપ્સ્યધ્વે યતોહં પિતુઃ સમીપં ગચ્છામિ|
17 ၁၇ တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း။
તતઃ શિષ્યાણાં કિયન્તો જનાઃ પરસ્પરં વદિતુમ્ આરભન્ત, કિયત્કાલાત્ પરં માં દ્રષ્ટું ન લપ્સ્યધ્વે કિન્તુ કિયત્કાલાત્ પરં પુન ર્દ્રષ્ટું લપ્સ્યધ્વે યતોહં પિતુઃ સમીપં ગચ્છામિ, ઇતિ યદ્ વાક્યમ્ અયં વદતિ તત્ કિં?
18 ၁၈ ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။
તતઃ કિયત્કાલાત્ પરમ્ ઇતિ તસ્ય વાક્યં કિં? તસ્ય વાક્યસ્યાભિપ્રાયં વયં બોદ્ધું ન શક્નુમસ્તૈરિતિ
19 ၁၉ တပည့်တော်တို့သည်မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။
નિગદિતે યીશુસ્તેષાં પ્રશ્નેચ્છાં જ્ઞાત્વા તેભ્યોઽકથયત્ કિયત્કાલાત્ પરં માં દ્રષ્ટું ન લપ્સ્યધ્વે, કિન્તુ કિયત્કાલાત્ પરં પૂન ર્દ્રષ્ટું લપ્સ્યધ્વે, યામિમાં કથામકથયં તસ્યા અભિપ્રાયં કિં યૂયં પરસ્પરં મૃગયધ્વે?
20 ၂၀ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။
યુષ્માનહમ્ અતિયથાર્થં વદામિ યૂયં ક્રન્દિષ્યથ વિલપિષ્યથ ચ, કિન્તુ જગતો લોકા આનન્દિષ્યન્તિ; યૂયં શોકાકુલા ભવિષ્યથ કિન્તુ શોકાત્ પરં આનન્દયુક્તા ભવિષ્યથ|
21 ၂၁ မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင် ပြီးမှ ဤလောက၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။
પ્રસવકાલ ઉપસ્થિતે નારી યથા પ્રસવવેદનયા વ્યાકુલા ભવતિ કિન્તુ પુત્રે ભૂમિષ્ઠે સતિ મનુષ્યૈકો જન્મના નરલોકે પ્રવિષ્ટ ઇત્યાનન્દાત્ તસ્યાસ્તત્સર્વ્વં દુઃખં મનસિ ન તિષ્ઠતિ,
22 ၂၂ ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။
તથા યૂયમપિ સામ્પ્રતં શોકાકુલા ભવથ કિન્તુ પુનરપિ યુષ્મભ્યં દર્શનં દાસ્યામિ તેન યુષ્માકમ્ અન્તઃકરણાનિ સાનન્દાનિ ભવિષ્યન્તિ, યુષ્માકં તમ્ આનન્દઞ્ચ કોપિ હર્ત્તું ન શક્ષ્યતિ|
23 ၂၃ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။
તસ્મિન્ દિવસે કામપિ કથાં માં ન પ્રક્ષ્યથ| યુષ્માનહમ્ અતિયથાર્થં વદામિ, મમ નામ્ના યત્ કિઞ્ચિદ્ પિતરં યાચિષ્યધ્વે તદેવ સ દાસ્યતિ|
24 ၂၄ ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။
પૂર્વ્વે મમ નામ્ના કિમપિ નાયાચધ્વં, યાચધ્વં તતઃ પ્રાપ્સ્યથ તસ્માદ્ યુષ્માકં સમ્પૂર્ણાનન્દો જનિષ્યતે|
25 ၂၅ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။
ઉપમાકથાભિઃ સર્વ્વાણ્યેતાનિ યુષ્માન્ જ્ઞાપિતવાન્ કિન્તુ યસ્મિન્ સમયે ઉપમયા નોક્ત્વા પિતુઃ કથાં સ્પષ્ટં જ્ઞાપયિષ્યામિ સમય એતાદૃશ આગચ્છતિ|
26 ၂၆ ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။
તદા મમ નામ્ના પ્રાર્થયિષ્યધ્વે ઽહં યુષ્મન્નિમિત્તં પિતરં વિનેષ્યે કથામિમાં ન વદામિ;
27 ၂၇ အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။
યતો યૂયં મયિ પ્રેમ કુરુથ, તથાહમ્ ઈશ્વરસ્ય સમીપાદ્ આગતવાન્ ઇત્યપિ પ્રતીથ, તસ્માદ્ કારણાત્ કારણાત્ પિતા સ્વયં યુષ્માસુ પ્રીયતે|
28 ၂၈ ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တဖန် ဤလောကမှထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။
પિતુઃ સમીપાજ્જજદ્ આગતોસ્મિ જગત્ પરિત્યજ્ય ચ પુનરપિ પિતુઃ સમીપં ગચ્છામિ|
29 ၂၉ တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟော ပြောတော်မူ၏။
તદા શિષ્યા અવદન્, હે પ્રભો ભવાન્ ઉપમયા નોક્ત્વાધુના સ્પષ્ટં વદતિ|
30 ၃၀ အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။
ભવાન્ સર્વ્વજ્ઞઃ કેનચિત્ પૃષ્ટો ભવિતુમપિ ભવતઃ પ્રયોજનં નાસ્તીત્યધુનાસ્માકં સ્થિરજ્ઞાનં જાતં તસ્માદ્ ભવાન્ ઈશ્વરસ્ય સમીપાદ્ આગતવાન્ ઇત્યત્ર વયં વિશ્વસિમઃ|
31 ၃၁ ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။
તતો યીશુઃ પ્રત્યવાદીદ્ ઇદાનીં કિં યૂયં વિશ્વસિથ?
32 ၃၂ သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ်။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။
પશ્યત સર્વ્વે યૂયં વિકીર્ણાઃ સન્તો મામ્ એકાકિનં પીરત્યજ્ય સ્વં સ્વં સ્થાનં ગમિષ્યથ, એતાદૃશઃ સમય આગચ્છતિ વરં પ્રાયેણોપસ્થિતવાન્; તથાપ્યહં નૈકાકી ભવામિ યતઃ પિતા મયા સાર્દ્ધમ્ આસ્તે|
33 ၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။
યથા મયા યુષ્માકં શાન્તિ ર્જાયતે તદર્થમ્ એતાઃ કથા યુષ્મભ્યમ્ અચકથં; અસ્મિન્ જગતિ યુષ્માકં ક્લેશો ઘટિષ્યતે કિન્ત્વક્ષોભા ભવત યતો મયા જગજ્જિતં|