< ယောဟန် 14 >

1 တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
MAI hookaumahaia ko oukou naau: e manaoio oukou i ke Akua, e manaoio mai hoi ia'u.
2 ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။
Ma ka hale o ko'u Makua he nui loa na wahi e noho ai: ina aole pela, ina ua hai aku au ia oukou. Ke hele aku nei au e hoomakaukau i wahi no oukou.
3 ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။
Ina e hele au a hoomakaukau i wahi no oukou, e hoi hou mai no wau, a e lawe ia oukou io'u la, i noho ai oukou kekahi ma ko'u wahi e noho ai.
4 ငါသည် အဘယ်အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ဟုမိန့်တော်မူ၏။
Ua ike oukou i ko'u wahi e hele ai, ua ike hoi oukou i ke ala.
5 သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိ သည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊
Olelo aku la o Toma ia ia, E ka Haku, aole o makou ike i kou wahi e hele ai; a pehea la e hiki ai ia makou ke ike i ke ala?
6 ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
Olelo mai la o Iesu ia ia, Owau no ke ala, a me ka oiaio, a me ke ola: aole kekahi e hiki i ka Makua, ke hele ole ia ma o'u nei.
7 သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။
Ina ua ike oukou ia'u, ina ua ike no hoi oukou i ko'u Makua: a mai keia wa aku e ike oukou ia ia, a e nana oukou ia ia.
8 ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊
I aku la o Pilipo ia ia, E ka Haku, e hoike mai oe ia makou i ka Makua, a maopopo ia makou.
9 ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။
Olelo mai la o Iesu ia ia, Ua loihi ko'u noho pu ana me oukou, aole anei oe i ike ia'u e Pilipo? O ka mea i ike ia'u, ua ike no ia i ka Makua; a pehea la oe i olelo mai ai, E hoike mai oe ia makou i ka Makua?
10 ၁၀ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။
Aole anei oe e manao, owau no maloko o ka Makua, a o ka Makua no hoi maloko o'u? o na mea a'u e olelo nei ia oukou, aole na'u kuu olelo ana: aka, o ka Makua e noho ana iloko o'u, oia ke hana i na hana.
11 ၁၁ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။
E manaoio mai ia'u, owau no iloko o ka Makua, a o ka Makua iloko o'u: aka i ole, e manaoio mai ia'u no keia mau hana.
12 ၁၂ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည်။ ထို အမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊
Oiaio, he oiaio ka'u e olelo aku nei ia oukou, o ka mea e manaoio mai ia'u, o na hana a'u e hana nei, e hana aku no ia; a e hana aku no ia i na mea oi aku mamua o keia; no ka mea, ke hoi aku nei au i ko'u Makua.
13 ၁၃ သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။
A o ka mea a oukou e nonoi ai ma ko'u inoa, oia ka'u e hana mai, i hoonaniia'i ka Makua ma ke Keiki.
14 ၁၄ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။
Ina e nonoi oukou i kekahi mea ma ko'u inoa, owau no e hana.
15 ၁၅ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊
Ina e aloha mai oukou ia'u, e malama oukou i ka'u mau kauoha.
16 ၁၆ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ (aiōn g165)
A e noi au i ka Makua, a e haawi no i Kokua hou na oukou, i noho mau loa ia me oukou. (aiōn g165)
17 ၁၇ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။
Oia ka Uhane oiaio, ka mea hiki ole ke loaa i ko ke ao nei, no ka mea, aole lakou e nana ia ia, aole hoi e ike ia ia: aka, ke ike nei oukou ia ia; no ka mea, ke noho nei ia me oukou, a iloko o oukou.
18 ၁၈ ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။
Aole au e haalele ia oukou a nele; e hoi hou mai no au io oukou nei.
19 ၁၉ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
A liuliu iki aku, aole e ike hou mai ko ke ao nei ia'u; aka, e ike mai no oukou ia'u; a no ko'u ola ana, e ola no oukou kekahi.
20 ၂၀ ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို ၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။
Ia la la e ike oukou, owau no iloko o ko'u Makua, a oukou iloko o'u, owau hoi iloko o oukou.
21 ၂၁ ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော် မူ၏။
O ka mea i loaa ia ia ka'u mau kauoha, a e malama hoi ia mau mea, oia ka mea e aloha mai ia'u; a o ka mea e aloha mai ia'u, e alohaia oia e ko'u Makua, a e aloha hoi au ia ia, a e hoike aku no hoi ia'u iho ia ia.
22 ၂၂ ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှား ဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။
Ninau aku la o Iuda ia ia, aole o Isekariota, E ka Haku, pehea hoi oe e hoike mai ai ia oe iho ia makou, aole hoi i ko ke ao nei?
23 ၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။
Olelo mai la o Iesu, i mai la ia ia, Ina e aloha mai kekahi ia'u, e malama no ia i ka'u olelo; a e aloha mai no hoi ko'u Makua ia ia, a e hele mai maua io na la, a e noho pu me ia.
24 ၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။
O ka mea e aloha ole mai ia'u, aole ia e malama i ka'u mau olelo; a o ka olelo a oukou e lohe nei, aole na'u ia, aka, na ka Makua nana au i hoouna mai.
25 ၂၅ ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။
Ua olelo aku au i keia mau mea ia oukou, ia'u i noho ai me oukou.
26 ၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်း သော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။
Aka, o ke Kokua, o ka Uhane Hemolele, ka mea a ka Makua e hoouna mai ai ma ko'u inoa, nana oukou e ao mai i na mea a pau, a e hoike mai ia oukou i na mea a pau a'u i olelo aku ai ia oukou.
27 ၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။
He aloha ka'u e waiho aku ai ia oukou, o kuu aloha ka'u e haawi aku ai ia oukou; aole like me ka haawi ana o ko ke ao nei, ka'u haawi ana'ku ia oukou. Mai hookaumahaia ko oukou naau, a mai makau hoi.
28 ၂၈ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင်ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။
Ua lohe no oukou i ka'u i olelo aku ai ia oukou, E hele aku au, a e hoi hou mai io oukou nei. Ina i aloha oukou ia'u, ina ua olioli oukou i ka'u olelo ana, e helo ana au i ka Makua; no ka mea, ua oi aku ko'u Makua mamua o'u.
29 ၂၉ ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှါ၊ မရောက်မှီယခုပင်သင်တို့အား ငါ ပြောနှင့်ပြီ။
Ua hai aku au ia oukou ano, mamua o ka wa e ko ai, i manaoio mai oukou i ka wa o ko ai ia.
30 ၃၀ ယခုမှစ၍ ငါသည်သင်တို့နှင့်များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။
Ma keia hope aku, aole au e kamailio nui me oukou: no ka mea, e holo mai ana ke alii o keia ao, aole e loaa ia ia kekahi mea iloko o'u.
31 ၃၁ ငါသည် ခမည်းတော်ကိုချစ်သည်ကို၎င်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကို၎င်း၊ လောကီသားတို့သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။
Aka, i ike ko ke ao nei i kuu aloha i ka Makua, a e like me ka Makua i kauoha mai ai ia'u, pela ka'u e hana aku ai. E ala ae, e haele kakou mai keia wahi aku.

< ယောဟန် 14 >