< ယောဟန် 13 >
1 ၁ ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။
၁ပသခါ ပွဲ မခံမှီ ၌ ယေရှု သည် ဤ လောက မှ ခမည်းတော် ထံသို့ ပြောင်း ရသောအချိန် ရောက် သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက ၌ ရှိသောမိမိ လူ တို့ကိုချစ် တော်မူသောကြောင့်အဆုံး တိုင်အောင် ချစ် တော်မူ၏။
2 ၂ ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊
၂ကိုယ်တော် ကို အပ်နှံ မည်အကြောင်း မာရ်နတ် သည် ရှိမုန် ၏သားယုဒ ရှကာရုတ် ၏ စိတ် နှလုံး၌ အကြံ ပေးသွင်း နှင့် သတည်း။ ထိုအခါ ညစာ ကိုစား ကြစဉ်၊
3 ၃ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊
၃ခမည်းတော် သည် အလုံးစုံ တို့ကို သူ ၏လက် သို့ အပ်ပေး တော်မူသည်ကို၎င်း ၊ သူ သည်ဘုရားသခင့် ထံ တော်မှ ထွက်လာ သည်ကို၎င်း ၊ ဘုရားသခင့် ထံတော်သို့ ကြွသွား မည်ကို၎င်း ယေရှုသည်သိ တော်မူသည်နှင့်၊
4 ၄ စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။
၄စားပွဲ မှ ထ ၍ ဝတ်လုံ တော်ကိုချွတ် ပြီးလျှင်၊ ပဝါ ကိုယူ ၍ ခါးကိုစည်း တော်မူ၏။
5 ၅ ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။
၅ထိုနောက်မှ ရေ ကိုအင်တုံ ၌ လောင်း ၍ တပည့် တော်တို့၏ခြေ ကိုဆေး ပြီးမှခါး၌စည်း ထားသောပုဝါ နှင့် သုတ် တော်မူ၏။
6 ၆ ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။
၆ရှိမုန် ပေတရု ဆီသို့ ရောက် တော်မူသောအခါ ထိုတပည့်တော်က၊ သခင် ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ခြေ ကိုဆေး တော်မူမည်လောဟု မေးလျှောက် ၏။
7 ၇ ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။
၇ယေရှု ကလည်း၊ သင် သည် ငါ ပြု သောအမှုကို ယခု နား မ လည်သေး။ နောက်မှ သိ လိမ့်မည် ဟု မိန့် တော်မူ၏။
8 ၈ ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ (aiōn )
၈ပေတရု ကလည်း၊ ကိုယ်တော် သည်အကျွန်ုပ် ၏ခြေ ကိုအလျှင်း ဆေး တော်မ မူရဟု လျှောက် ၏။ ယေရှု ကလည်း၊ သင့် ကို ငါမ ဆေး ရလျှင် အသင်သည် ငါ နှင့် မ ဆက်ဆံ ရ ဟု မိန့် တော်မူ၏။ (aiōn )
9 ၉ ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော် မူပါဟု လျှောက်ပြန်၏။
၉ရှိမုန် ပေတရု ကလည်း၊ အကျွန်ုပ် ၏ခြေ ကိုသာ မ ဆေးပါနှင့်။ လက် ကို၎င်း ၊ ဦးခေါင်း ကို၎င်း ဆေးတော်မူပါဟု လျှေက် ပြန်၏။
10 ၁၀ ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။
၁၀ယေရှု ကလည်း၊ ရေချိုး ပြီးသောသူ မည်သည်ကား၊ ခြေ ဆေး ခြင်းမှတစ်ပါး ဆေးရသောအကြောင်း မ ရှိ ၊ တစ်ကိုယ်လုံး စင်ကြယ် ၏။ သင် တို့သည် စင်ကြယ် သော်လည်း အချို့မ စင်ကြယ် ဟု မိန့် တော်မူ၏။
11 ၁၁ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။
၁၁ကိုယ်တော် ကို အပ်နှံ မည့်သူ ကို သိ တော်မူသောကြောင့် ၊ သင်တို့တွင် အချို့မ စင်ကြယ် ဟု မိန့် တော်မူသတည်း။
12 ၁၂ ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော။
၁၂ထိုသို့ သူ တို့၏ ခြေ ကိုဆေး တော်မူပြီးမှတစ်ဖန် ဝတ်လုံ ကိုဝတ် ၍ လျောင်း တော်မူလျက် ၊ သင် တို့၌ ငါပြု ခဲ့သောအမှုကို နားလည် ကြသလော။
13 ၁၃ သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။
၁၃သင် တို့သည် ငါ့ ကိုအရှင် ဘုရားဟူ၍၎င်း ၊ သခင် ဟူ၍၎င်းခေါ် တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကား ဖြစ်၏။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါ မှန်၏။
14 ၁၄ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။
၁၄ငါ သည် သခင် ဖြစ်လျက်၊ အရှင် ဘုရားလည်း ဖြစ်လျက်နှင့် သင် တို့၏ခြေ ကိုဆေး လျှင် သင် တို့သည် အချင်းချင်း တို့၏ခြေ ကို ဆေး ရ ကြမည်။
15 ၁၅ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။
၁၅ငါ သည်သင် တို့၌ပြု သကဲ့သို့ သင် တို့သည်ပြုစု စေခြင်းငှာ ပုံ သက်သေကို ပြ ခဲ့ပြီ။
16 ၁၆ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။
၁၆ငါအမှန်အကန် ဆို သည်ကား၊ ကျွန် သည် သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် တမန် သည်လည်း စေလွှတ် သောသူ ထက်သာ၍ ကြီးမြတ်သည်မ ဟုတ်။
17 ၁၇ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။
၁၇ဤအရာ များကို သင် တို့သိ ၍ သိသည်အတိုင်းကျင့် လျှင် မင်္ဂလာ ရှိကြ၏။
18 ၁၈ သင်တို့ရှိသမျှကို ငါရည်မှတ်၍ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။
၁၈သင် တို့ရှိသမျှ ကို ငါရည်မှတ် ၍ပြော သည်မ ဟုတ်။ ငါ ရွေးကောက် သောသူ တို့ကို ငါသိ ၏။ ကျမ်းစာ ချက် ပြည့်စုံ စေမည်အကြောင်း ငါ နှင့်အတူစား သောသူ သည် ငါ့ ကိုခြေ နှင့်ကျောက် သတည်း။
19 ၁၉ ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။
၁၉ထိုအမှုအရာ ရောက်သောအခါ ငါ သည် ဤမည်သောသူဖြစ် သည်ကို သင်တို့သည် ယုံကြည် စေခြင်းငှာ ၊ မ ရောက် မှီ ယခုပင် သင် တို့အားငါပြော နှင့်ပြီ။
20 ၂၀ ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။
၂၀ငါအမှန်အကန် ဆို သည်ကား၊ ငါစေလွှတ် သောသူ ကိုလက်ခံ သောသူ သည် ငါ့ ကိုလက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုလက်ခံ သည် ဟု မိန့် တော်မူ၏။
21 ၂၁ ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။
၂၁ထိုသို့ ယေရှု သည်မိန့် တော်မူပြီးမှ စိတ် နှလုံးတော်ပူပန် ခြင်းရှိ၏။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့ တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုအပ်နှံ လိမ့်မည် ဟု သက်သေခံ လျက် မိန့် တော်မူ၏။
22 ၂၂ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏။
၂၂အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသည်ကိုတပည့် တော်တို့သည် တွေးတော ခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု ကြ၏။
23 ၂၃ ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
၂၃ယေရှု ချစ် တော်မူသောတပည့် တော်သည် ရင်ခွင် တော်နားမှာ လျောင်း သဖြင့်၊
24 ၂၄ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော် ကို အမှတ်ပေး၏။
၂၄အဘယ်သူ ကိုရည်ဆောင်၍ မိန့် တော်မူသနည်းဟု မေး စေခြင်းငှာ၊ ရှိမုန် ပေတရု သည် ထိုတပည့် တော် ကို အမှတ်ပေး ၏။
25 ၂၅ ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။
၂၅ထိုတပည့်တော်သည် ယေရှု ၏ရင် တော်ကိုမှီ ၍ လျောင်းနေလျက် သခင် ၊ အဘယ်သူ နည်းဟု လျှောက် ၏။
26 ၂၆ ယေရှုကလည်း၊ ဤမုန့်တလုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။
၂၆ယေရှု ကလည်း၊ ဤမုန့်တလုပ် စာကို ငါ နှစ် ၍ ပေး သော သူဖြစ် ၏ ဟု မိန့် တော်မူပြီးလျှင်၊ မုန့်တ လုပ်စာကို နှစ် ပြီးမှရှိမုန် ၏သားယုဒ ရှကာရုတ် အား ပေး တော်မူ၏။
27 ၂၇ ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။
၂၇ထိုသူ သည် မုန့်တ လုပ်စာကိုခံပြီးမှ ၊ စာတန် သည် သူ့အထဲ သို့ဝင် လေ၏။ ယေရှု ကလည်း၊ သင်ပြု ရသောအမှု ကို အလျင်အမြန် ပြု လော့ဟု ထိုသူ အားမိန့် တော်မူ၏။
28 ၂၈ အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။
၂၈အဘယ်ကြောင့် ထိုသို့မိန့် တော်မူသည်ကို စားပွဲ ၌လျောင်းသောသူ တို့တွင် အဘယ်သူ မျှမသိ ။
29 ၂၉ အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့ဟူ၍၎င်း။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ၏။
၂၉အချို့ တို့က၊ ယုဒ ရှကာရုတ်သည် ငွေအိတ် ကိုဆောင် ကြသောကြောင့် ၊ ဤပွဲ ၌ ငါ တို့သုံး စရာအဘို့ကို ဝယ် လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲ သောသူ တို့အား တစုံတစ်ခု ကိုပေး လော့ဟူ၍၎င်း။ ယေရှု မိန့် တော်မူသည်ဟု ထင်မှတ် ကြ၏။
30 ၃၀ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏။
၃၀ယုဒ ရှကာရုတ်သည် မုန့်တ လုပ်စာကိုခံ ပြီးမှချက်ခြင်း ထွက်သွား ၏။ ထို အချိန်ကားည အချိန်ဖြစ်၏။
31 ၃၁ ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။
၃၁ထိုသူသွား သည်နောက်၊ ယေရှု က၊ ယခု တွင်လူ သား သည် ဘုန်း ထင်ရှားခြင်းရှိသည်ဖြစ်၍ ၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိ၏။
32 ၃၂ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
၃၂ဘုရားသခင် သည် လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင် သည် ကိုယ်တော် တိုင်အားဖြင့် သူ ၏ဘုန်း ကို ထင်ရှားစေတော်မူလိမ့်မည်။
33 ၃၃ ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။
၃၃ချစ်သား တို့ ငါ သည်သင် တို့နှင့်အတူ ခဏ သာနေရ၏။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။ ငါ သွား ရာ အရပ် သို့ သင် တို့မ ရောက် နိုင် ကြဟု ယုဒ တို့အား ငါပြော သကဲ့သို့ ယခု သင် တို့အား ငါပြော ၏။
34 ၃၄ သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။
၃၄သင် တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ် ကြလော့။ ငါသည်သင် တို့ကို ချစ် သည်နည်းတူ အချင်းချင်း ချစ် ကြလော့ဟု ပညတ် သစ် ကို ငါပေး ၏။
35 ၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
၃၅သင် တို့သည် အချင်းချင်း ချစ် ကြလျှင် ၊ လူအပေါင်း တို့သည် ထို မေတ္တာကိုထောက်၍ သင်တို့သည် ငါ ၏ တပည့် ဖြစ် သည်ကို သိ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
36 ၃၆ ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၃၆ရှိမုန် ပေတရု က၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ ကြွ တော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှု က၊ ငါသွား ရာအရပ် သို့ သင်သည်ယခု မ လိုက် နိုင် ။ နောက်မှ လိုက် ရလိမ့်မည် ဟု မိန့် တော်မူ၏။
37 ၃၇ ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊
၃၇ပေတရု ကလည်း၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့်အတူအဘယ်ကြောင့် ယခု မ လိုက် နိုင် သနည်း။ ကိုယ်တော် အဘို့ အကျွန်ုပ် ၏အသက် ကို စွန့် ပါမည်ဟုလျှောက် လျှင်၊
38 ၃၈ ယေရှုက၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
၃၈ယေရှု က၊ ငါ့ အဘို့ သင့် အသက် ကိုစွန့် မည်လော။ ငါအမှန်အကန် ဆို သည်ကား၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူ၏။