< ယောလ 1 >
1 ၁ ပေသွေလ၏သားယောလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
၁ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
2 ၂ အသက်ကြီးသော သူတို့၊ ကြားကြလော့။ ပြည် သူပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့ သော အမှုသည် သင်တို့လက်ထက်၌ ဖြစ်ဘူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဘူးသလော။
၂အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
3 ၃ ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သော အခြားသူတို့အား ပြောကြစေ။
၃ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။ သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊ ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။
4 ၄ ဂါဇံကျိုင်းခြွင်းထားသော အရာကိုအရာ ဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား၏။
၄ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
5 ၅ သေသောက် ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြ လော့။
၅အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။ အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။ စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
6 ၆ အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုးသား၏ သွားသည် ခြင်္သေ့သွားကဲ့သို့၎င်း၊ အံသွားသည်လည်း ခြင်္သေ့မအံသွားကဲ့သို့၎င်း ဖြစ်၏။
၆ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။
7 ၇ ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘော သဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက် လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
၇သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။ သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊ သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။
8 ၈ အသက်ငယ်စဉ်လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကို ဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့။
၈အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊ ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
9 ၉ ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့ သည် ငိုကြွေးမြည်တမ်းကြ၏။
၉ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
10 ၁၀ လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည်ကုန်ပြီ။ ဆီလည်း လျော့ပြီ။
၁၀လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊ သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။
11 ၁၁ လယ်လုပ်သော သူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်းရှိကြလော့။ ဥယျာဉ်ကို ပြုစု သော သူတို့၊ မြည်တမ်းကြလော့။
၁၁အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။
12 ၁၂ စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက်၏။ သလဲပင်။ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ၏။ အကယ်စင်စစ်လူသားတို့၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက်၏။
၁၂စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
13 ၁၃ အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ် တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။
၁၃ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
14 ၁၄ အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်၌ စည်း ဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။
၁၄အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင် ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊ ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။
15 ၁၅ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရ ဘုရား၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။
၁၅ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
16 ၁၆ ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ် သည်မဟုတ်လော။ ငါတို့ ဘုရားသခင်၏ အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။
၁၆ငါတို့သည်မိမိတို့၏ကောက်ပဲသီးနှံများ အဖျက်အဆီးခံရချိန်၌ပင်မည်သို့မျှမတတ်နိုင်၊ငေး၍ကြည့်နေရကြ၏။ ဘုရားသခင်၏ဗိမာန်တော်တွင်လည်းပျော်ရွှင်မှုမရှိတော့ပေ။
17 ၁၇ မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။
၁၇မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။ သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့် ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။
18 ၁၈ တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစု တို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ ၏။ သိုးစုတို့သည်လည်း သေကြ၏။
၁၈ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
19 ၁၉ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။
၁၉စားကျက်များနှင့်သစ်ပင်များသည် မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။ သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။
20 ၂၀ တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ် ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ ကျက် စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။
၂၀စားကျက်များမီးသင့်လောင်ထားသကဲ့သို့ စမ်းချောင်းများသည်လည်းခန်းခြောက်၍သွားလေပြီ။ ထို့ကြောင့်တောတိရစ္ဆာန်များပင်လျှင်အထံတော်သို့ဟစ်အော်ကြပါ၏။