< ယောဘ 8 >
1 ၁ ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား၊
Felelt a Súachbeli Bildád és mondta:
2 ၂ သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
Meddig beszélsz efféléket? hatalmas szél szádnak mondásai!
3 ၃ ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
Vajon Isten jogot ferdít-e, avagy igazságot ferdít-e a Mindenható?
4 ၄ သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
Ha fiaid vétkeztek ellene, odabocsátotta őket bűnük kezébe.
5 ၅ သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်၊
Ha te keresve fordulnál Istenhez s a Mindenhatóhoz könyörögnél;
6 ၆ စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊
ha tiszta és egyenes vagy: bizony most virrasztana feletted s békét adna igazságos hajlékodnak;
7 ၇ သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။
s ha csekély volt múltad, a te jövőd felette nagy lesz.
8 ၈ လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။
Mert kérdezd csak az előbbi nemzedéket s figyelj őseik kutatására;
9 ၉ ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
mert mi tegnapiak vagyunk és nincs tudomásunk, mert árnyék napjaink a földön!
10 ၁၀ ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
Nemde ők oktatnak majd téged, megmondják neked és szivökből fakasztanak szavakat:
11 ၁၁ ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။
Magasra nő-e a sás mocsár nélkül, nagyra-e a káka víz híján?
12 ၁၂ ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။
Még rügyében van, le nem szakítható, és minden fűnél előbb szárad el.
13 ၁၃ ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
Ilyenek az útjai mind az Istenről feledkezőknek s az istentelennek reménye elvész.
14 ၁၄ ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
A kinek megszakad a bizodalma és pókháló a menedéke;
15 ၁၅ ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။
rátámaszkodik házára, de meg nem áll, hozzá kapaszkodik, de nem marad meg.
16 ၁၆ သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊
Nedvében álló ő a nap előtt, s kertjén túl tejed a hajtása;
17 ၁၇ အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊
kőhalmon fonódnak össze gyökerei, kőházat szemel ki magának.
18 ၁၈ သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
Ha kipusztítják helyéből, megtagadja őt: nem láttalak!
19 ၁၉ ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။
Lám, az az útjának a vígsága s a porból mások sarjadnak ki.
20 ၂၀ စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။
Lám, Isten nem veti még a gáncstalant s nem fogja kézen a gonosztevőket.
21 ၂၁ ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။
A míg nevetéssel tölti szájadat s ajkaidat rivalgással,
22 ၂၂ သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
gyűlölőid szégyent öltenek, s nincs meg a gonoszoknak sátra.