< ယောဘ 42 >

1 ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊
ယောဘ သည်ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊
2 ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
ကိုယ်တော်သည် အလုံးစုံ တို့ကို တတ်နိုင် တော်မူကြောင်း ကို၎င်း ၊ အကြံအစည် တော်ကို အဘယ်သူမျှမဆီးတား နိုင်ကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
3 ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။
ပညာ မ ရှိဘဲ အကြံအစည် တော်ကိုမိုက် စေသော သူကားအဘယ်သူ နည်း။ သို့ရာတွင် အကျွန်ုပ်သည် နား မ လည်သောအရာတို့ကို၎င်း ၊ ကိုယ်တိုင်မ သိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို၎င်းပြော မိပါပြီ။
4 နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။
နားထောင် တော်မူပါ။ အကျွန်ုပ် လျှောက် ပါမည်။ အကျွန်ုပ်မေးလျှောက် သော အရာတို့ကို သွန်သင် တော်မူပါ။
5 သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။
သိတင်း တော်ကို အကျွန်ုပ်သည် နား နှင့် ကြား ဘူး ပါပြီ။ ယခု မူကား ၊ ကိုယ်တော် ကို မျက်စိ နှင့်မြင် ရပါ၏။
6 ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
7 ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။
ထိုသို့ ထာဝရဘုရား သည် ယောဘ အား မိန့် တော်မူပြီးမှ ၊ တေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို ငါ အမျက် ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ ပြော။
8 သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ နွားထီး ခုနစ် ကောင်နှင့် သိုးထီး ခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ ကျွန် ယောဘ ထံသို့ သွား ၍ ၊ မိမိတို့အဘို့မီးရှို့ ရာယဇ်ကို ပူဇော် ကြလော့။ ငါ့ ကျွန် ယောဘ သည် သင် တို့အဘို့ ဆုတောင်း ရမည်။ သူ ၏မျက်နှာ ကို ငါထောက် မည်။ သို့မဟုတ်ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန် စွာပြောသကဲ့သို့၊ သင်တို့သည် မ ပြော သောအပြစ် နှင့် အလျောက်ငါစီရင် မည်ဟု မိန့် တော်မူ၏။
9 ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။
ထိုသို့ ထာဝရဘုရား မှာ ထား တော်မူသည် အတိုင်း တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖာ တို့သည် သွား ၍ ပြု ကြ၏။ ထာဝရဘုရား သည်လည်း ယောဘ ၏မျက်နှာ ကိုထောက် တော်မူ၏။
10 ၁၀ ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
၁၀ယောဘသည် အဆွေ ခင်ပွန်းတို့အဘို့ ဆုတောင်း ပြီးမှ ၊ သူခံရ သောဒုက္ခအကြောင်းကို ထာဝရဘုရား သည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ် ဆသောဥစ္စာကို ပေး တော်မူ၏။
11 ၁၁ ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
၁၁ထိုအခါ သူ ၏ညီအစ်ကို နှမ များ၊ အရင်သိကျွမ်း သောသူများအပေါင်း တို့သည် သူ့ ထံသို့ လာ ၍ သူ ၏ အိမ် ၌ သူ နှင့်အတူ စားသောက် ကြ၏။ သူအပေါ် မှာ ထာဝရဘုရား ရောက် စေတော်မူသော ဒုက္ခဆင်းရဲ ရှိသမျှ ကို အောက်မေ့၍ သူ နှင့်အတူညည်းတွား ခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ တပြား စီ နှင့် ရွှေ နားတောင်း တဘက် စီ ပေး ကြ၏။
12 ၁၂ ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
၁၂ထိုသို့ ထာဝရဘုရား သည် ယောဘ ၏ ရှေ့ဖြစ်ဟန် ကို ကောင်းကြီးပေးတော်မူသည်ထက် ၊ နောက်ဖြစ်ဟန် ကိုသာ၍ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်း လေးထောင်၊ ကုလားအုပ် ခြောက် ထောင် ၊ နွားယှဉ် တထောင် ၊ မြည်းမ တထောင် ကို ရ တတ်၏။
13 ၁၃ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန်၏။
၁၃သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ကိုလည်း ရ ပြန်၏။
14 ၁၄ သမီးကြီးကား၊ ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။
၁၄သမီးကြီး ကား၊ ယေမိမ ၊ သမီးလပ် ကား ကေဇိ ၊ သမီးငယ် ကား ကေရင်္ဟပ္ပုတ် အမည် ရှိသတည်း။
15 ၁၅ တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ၏။
၁၅တပြည်လုံး ၌ ယောဘ ၏ သမီး ကဲ့သို့ လှ သောမိန်းမ တစုံတယောက်မျှမ ရှိ။ သူ တို့၏အဘ သည်သူ တို့ မောင် များနှင့်အညီအမျှ သူ တို့အား အမွေ ဥစ္စာကို ဝေပေး လေ၏။
16 ၁၆ ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
၁၆ထိုနောက် ယောဘ သည် အနှစ် တရာ လေးဆယ် အသက် ရှင်၍ မိမိ သား ၊ မြေး ၊ မြစ်တို့ကိုပင် မြင် ရပြီးမှ၊
17 ၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။
၁၇အသက် ကြီးရင့်၍ နေ့ရက် ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။

< ယောဘ 42 >