< ယောဘ 4 >
1 ၁ ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
І відповів теманянин Еліфа́з та й сказав:
2 ၂ ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
„Коли спро́бувать слово до те́бе, — чи мука не бу́де ще більша? Та хто стри́мати зможе слова́?
3 ၃ သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
Таж ти́ багатьо́х був навчав, а ру́ки осла́блі зміцняв,
4 ၄ သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
того, хто́ спотика́всь, підіймали слова́ твої, а коліна тремткі́ ти зміцняв!
5 ၅ ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
А тепер, як нещастя на тебе найшло, то ти змучився, тебе досягло́ воно — і ти налякався.
6 ၆ သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
Хіба не була́ бого бійність твоя за наді́ю твою, за твоє сподіва́ння — невинність доріг твоїх?
7 ၇ အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
Пригада́й но, чи гинув невинний, і де праведні ви́гублені?
8 ၈ ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
Як я бачив таких, що орали були́ беззако́ння, та сі́яли кривду, то й жали її:
9 ၉ ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
вони гинуть від по́диху Божого, і́ від духу гнівно́го Його погибають!
10 ၁၀ ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
Леви́не рича́ння й рик лютого лева минає, і левчука́м вилуща́ються зуби.
11 ၁၁ ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
Гине лев, як немає здоби́чі, і левеня́та леви́ці втікають.
12 ၁၂ တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
І закрада́ється слово до мене, і моє ухо почуло ось де́що від нього.
13 ၁၃ လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
У розду́муваннях над нічни́ми виді́ннями, коли́ міцний сон обіймає людей,
14 ၁၄ ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
спіткав мене жах та тремті́ння, і багато косте́й моїх він струсону́в, —
15 ၁၅ ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
і дух перейшов по обличчі моїм, стало ду́ба воло́сся на тілі моїм.
16 ၁၆ ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
Він стояв, але я не пізнав його ви́гляду, — образ навпро́ти очей моїх був, і тихий голос почув я:
17 ၁၇ သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
„Хіба́ праведні́ша люди́на за Бога, хіба чоловік за свойо́го Творця́ є чистіший?
18 ၁၈ အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
Таж рабам Своїм Він не йме віри, і накладає вину й на Своїх Анголі́в!
19 ၁၉ သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
Що́ ж тоді ме́шканці гли́няних хат, що в по́росі їхня основа? — Як міль, вион будуть розча́влені!
20 ၂၀ တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
Вони то́вчені зра́нку до вечора, — і без по́мочі гинуть наза́вжди.
21 ၂၁ သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။
Слава їхня мина́ється з ними, — вони помирають не в мудрості!