< ယောဘ 36 >

1 တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊
Élihu continua et dit:
2 ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။
Attends un peu, et je vais poursuivre, Car j’ai des paroles encore pour la cause de Dieu.
3 ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။
Je prendrai mes raisons de haut, Et je prouverai la justice de mon créateur.
4 အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။
Sois-en sûr, mes discours ne sont pas des mensonges, Mes sentiments devant toi sont sincères.
5 ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့်ပြည့်စုံတော်မူ၏။
Dieu est puissant, mais il ne rejette personne; Il est puissant par la force de son intelligence.
6 မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။
Il ne laisse pas vivre le méchant, Et il fait droit aux malheureux.
7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။
Il ne détourne pas les yeux de dessus les justes, Il les place sur le trône avec les rois, Il les y fait asseoir pour toujours, afin qu’ils soient élevés.
8 သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊
Viennent-ils à tomber dans les chaînes, Sont-ils pris dans les liens de l’adversité,
9 သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။
Il leur dénonce leurs œuvres, Leurs transgressions, leur orgueil;
10 ၁၀ ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
Il les avertit pour leur instruction, Il les exhorte à se détourner de l’iniquité.
11 ၁၁ စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
S’ils écoutent et se soumettent, Ils achèvent leurs jours dans le bonheur, Leurs années dans la joie.
12 ၁၂ နားမထောင်လျှင် ထားဘေးဖြင့် ဆုံး၍၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ၏။
S’ils n’écoutent pas, ils périssent par le glaive, Ils expirent dans leur aveuglement.
13 ၁၃ အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။
Les impies se livrent à la colère, Ils ne crient pas à Dieu quand il les enchaîne;
14 ၁၄ အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။
Ils perdent la vie dans leur jeunesse, Ils meurent comme les débauchés.
15 ၁၅ အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။
Mais Dieu sauve le malheureux dans sa misère, Et c’est par la souffrance qu’il l’avertit.
16 ၁၆ ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။
Il te retirera aussi de la détresse, Pour te mettre au large, en pleine liberté, Et ta table sera chargée de mets succulents.
17 ၁၇ သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
Mais si tu défends ta cause comme un impie, Le châtiment est inséparable de ta cause.
18 ၁၈ အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
Que l’irritation ne t’entraîne pas à la moquerie, Et que la grandeur de la rançon ne te fasse pas dévier!
19 ၁၉ သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။
Tes cris suffiraient-ils pour te sortir d’angoisse, Et même toutes les forces que tu pourrais déployer?
20 ၂၀ ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။
Ne soupire pas après la nuit, Qui enlève les peuples de leur place.
21 ၂၁ သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
Garde-toi de te livrer au mal, Car la souffrance t’y dispose.
22 ၂၂ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။
Dieu est grand par sa puissance; Qui saurait enseigner comme lui?
23 ၂၃ ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။
Qui lui prescrit ses voies? Qui ose dire: Tu fais mal?
24 ၂၄ လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။
Souviens-toi d’exalter ses œuvres, Que célèbrent tous les hommes.
25 ၂၅ လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။
Tout homme les contemple, Chacun les voit de loin.
26 ၂၆ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
Dieu est grand, mais sa grandeur nous échappe, Le nombre de ses années est impénétrable.
27 ၂၇ ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
Il attire à lui les gouttes d’eau, Il les réduit en vapeur et forme la pluie;
28 ၂၈ မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။
Les nuages la laissent couler, Ils la répandent sur la foule des hommes.
29 ၂၉ မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း။
Et qui comprendra le déchirement de la nuée, Le fracas de sa tente?
30 ၃၀ တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
Voici, il étend autour de lui sa lumière, Et il se cache jusque dans les profondeurs de la mer.
31 ၃၁ ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။
Par ces moyens il juge les peuples, Et il donne la nourriture avec abondance.
32 ၃၂ အလင်းကိုလက်တော်နှင့် ကွယ်ကာ၍၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
Il prend la lumière dans sa main, Il la dirige sur ses adversaires.
33 ၃၃ ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။
Il s’annonce par un grondement; Les troupeaux pressentent son approche.

< ယောဘ 36 >