< ယောဘ 28 >
1 ၁ ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
Surely there is a vein for the silver, and a place for gold which they refine;
2 ၂ သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
Iron is taken out of the dust, and copper is molten out of the stone.
3 ၃ လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
[Man] putteth an end to the darkness, and exploreth to the utmost limit, the stones of darkness and of the shadow of death.
4 ၄ တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
He openeth a shaft far from the inhabitants [of the earth]: forgotten of the foot, they hang suspended; away below men they hover.
5 ၅ မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
As for the earth, out of it cometh bread, and underneath it is turned up as by fire;
6 ၆ သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
The stones of it are the place of sapphires, and it hath dust of gold.
7 ၇ အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
It is a path no bird of prey knoweth, and the vulture's eye hath not seen it;
8 ၈ ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
The proud beasts have not trodden it, nor the fierce lion passed over it.
9 ၉ လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
[Man] putteth forth his hand upon the flinty rock, he overturneth the mountains by the root.
10 ၁၀ ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
He cutteth out channels in the rocks, and his eye seeth every precious thing.
11 ၁၁ စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
He bindeth the streams that they drip not, and what is hidden he bringeth forth to light.
12 ၁၂ သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
But wisdom, where shall it be found? and where is the place of understanding?
13 ၁၃ ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
Man knoweth not the value thereof; and it is not found in the land of the living.
14 ၁၄ နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
The deep saith, It is not in me; and the sea saith, It is not with me.
15 ၁၅ ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
Choice gold cannot be given for it, nor silver be weighed for its price.
16 ၁၆ ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
It is not set in the balance with gold of Ophir, with the precious onyx, and the sapphire.
17 ၁၇ ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
Gold and glass cannot be compared to it, nor vessels of fine gold be its exchange.
18 ၁၈ သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
Corals and crystal are no more remembered; yea, the acquisition of wisdom is above rubies.
19 ၁၉ ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
The topaz of Ethiopia shall not be compared to it, neither shall it be set in the balance with pure gold.
20 ၂၀ သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
Whence then cometh wisdom? and where is the place of understanding?
21 ၂၁ အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
For it is hidden from the eyes of all living, and concealed from the fowl of the heavens.
22 ၂၂ အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
Destruction and death say, We have heard its report with our ears.
23 ၂၃ ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
God understandeth the way thereof, and he knoweth its place:
24 ၂၄ ပညာနေရာအရပ်ကို သိတော်မူ၏။
For he looketh to the ends of the earth, he seeth under the whole heaven.
25 ၂၅ လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
In making a weight for the wind, and meting out the waters by measure,
26 ၂၆ မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
In appointing a statute for the rain, and a way for the thunder's flash:
27 ၂၇ ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
Then did he see it, and declare it; he established it, yea, and searched it out;
28 ၂၈ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
And unto man he said, Lo, the fear of the Lord, that is wisdom; and to depart from evil is understanding.