< ယောဘ 27 >
1 ၁ ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
Job heldt fram med talen sin og sagde:
2 ၂ ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
«So sant Gud liver, som meg sveik, og Allvalds som meg volde sorg
3 ၃ ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
- for endå eg min ande dreg; i nosi mi er guddomspust -:
4 ၄ တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
Urett ligg ei på mine lippor; mi tunga talar ikkje svik.
5 ၅ သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
D’er langt frå meg å gje’ dykk rett, mi uskyld held eg fast til dauden.
6 ၆ ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
Mi rettferd held eg fast uskjepla, eg ingen dag treng skjemmast ved.
7 ၇ ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
Min fiend’ skal seg syna gudlaus, min motstandar som urettferdig.
8 ၈ အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
Kva von hev en gudlaus att, når Gud vil sjæli or han draga?
9 ၉ ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
Vil Gud vel høyra skriket hans, når trengsla bryt innyver honom?
10 ၁၀ ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
Kann han i Allvald vel seg gleda? Kann han kvar tid påkalla Gud?
11 ၁၁ ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။
Eg um Guds hand vil læra dykk; kva Allvald vil, det dyl eg ikkje.
12 ၁၂ သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
Sjå dette hev det alle set; kvi talar de då tome ord?
13 ၁၃ လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
Den lut fær gudlause av Gud, den arven valdsmann fær av Allvald.
14 ၁၄ သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
Til sverdet veks hans søner upp; hans avkom mettast ei med brød;
15 ၁၅ သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
dei siste legst i grav ved pest, og enkjorne held ingi klaga.
16 ၁၆ သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
Og um han dyngjer sylv som dust og samlar klæde liksom leir:
17 ၁၇ ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
Den rettvise tek klædi på; skuldlause skifter sylvet hans.
18 ၁၈ သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
Han byggjer huset sitt som molen, likt hytta vaktmannen set upp.
19 ၁၉ ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
Rik legg han seg - men aldri meir; han opnar augo - og er burte.
20 ၂၀ ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
Som vatsflaum rædsla honom tek, ved natt riv stormen honom burt.
21 ၂၁ အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
Han driv av stad for austanvind, som blæs han frå hans heimstad burt.
22 ၂၂ ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
Han utan miskunn på han skyt; frå handi hans han røma må.
23 ၂၃ လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။
Med hender klappar dei åt han og pip han frå hans heimstad burt.