< ယောဘ 20 >
1 ၁ တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
Katahi ka whakautua e Topara Naamati; i mea ia,
2 ၂ ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
Na kona oku whakaaro i whakahoki kupu ake ai i roto i ahau; na reira ano ahau i hohoro ai.
3 ၃ ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
Kua rongo ahau i te whakahe moku, e pa ai te whakama ki ahau, a na te wairua o toku ngakau mahara te kupu whakahoki ki ahau.
4 ၄ ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
Kahore ranei koe i mohio ki tenei i mua noa atu, i te wa ra ano i whakanohoia ai te tangata ki runga ki te whenua;
5 ၅ ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
He poto te wa e whakamanamana ai te tangata kino, a ko te hari o te tangata atuakore he wheriko kau?
6 ၆ သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
Ahakoa eke noa tona nui ki nga rangi, a pa atu tona mahunga ki nga kapua;
7 ၇ မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
Ka memeha atu ano ia a ake ake, ka pera ano me tona paru: ko te hunga kua kite i a ia, ka mea, Kei hea ia?
8 ၈ သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
Ka rere atu ia ano he moemoea, e kore ano hoki e kitea: ae ka aia atu ia, ano he rekanga kanohi no te po.
9 ၉ သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
Ko te kanohi i kite i a ia e kore e kite ano; a heoi ano tirohanga a tona wahi ki a ia.
10 ၁၀ သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
E whakamanawareka ana tamariki i nga rawakore, ma ona ringa ano e whakahoki ona rawa.
11 ၁၁ သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
E ki ana ona wheua i te tamarikitanga; engari ka takoto tahi me ia i roto i te puehu.
12 ၁၂ သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
Ahakoa reka te kino i roto i tona mangai, ahakoa huna e ia i raro i tona arero;
13 ၁၃ နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
Ahakoa manawapatia noatia e ia, a kahore e mahue i a ia, heoi pupuri tonu i roto i tona mangai;
14 ၁၄ စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
Otira ka puta ke tana kai i roto i ona whekau, ko te au o nga ahipi i roto i a ia.
15 ၁၅ သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
I horomia e ia te taonga, ka ruakina mai ano e ia; ma te Atua e akiri mai i roto i tona kopu.
16 ၁၆ သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
Ka ngotea e ia te huware whakamate o nga ahipi; ka mate ano ia i te arero o te waipera.
17 ၁၇ အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
E kore ia e kite i nga awa, i nga wai rere o te honi, o te pata.
18 ၁၈ မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
Ko tana i uaua ai ka whakahokia e ia, e kore ano e horomia; ko tana utu ka rite ki ona taonga; e kore ano e koa ki reira.
19 ၁၉ ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
Nana hoki i tukino nga rawakore, whakarerea iho; murua ana e ia he whare, a e kore e hanga ano e ia.
20 ၂၀ လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
I te mea kahore ia i kite i te tatutanga i roto i a ia, e kore ano etahi o nga mea e matea nuitia ana e ia e mau ki a ia.
21 ၂၁ သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
Kahore tetahi mea i toe i kore te horomia e ia; no reira e kore tetahi mea pai ona e mau tonu.
22 ၂၂ ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
I a ia e whiwhi nui nei i te rawa, e rawakore ano ia; ka tae mai ki a ia nga ringa katoa o te hunga kei roto i te mata.
23 ၂၃ သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
I a ia ka mea ki te whakaki i tona kopu, ka maka mai e te Atua te kaha o tona riri ki runga ki a ia, a ka ringihia iho ki a ia, i a ia ano e kai ana.
24 ၂၄ သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
Ka rere atu ia i te patu rino, ka tu ia i te kopere parahi, puta pu.
25 ၂၅ မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
E unuhia ana, kua puta mai i roto i te tinana, ina, puta mai ana te mata wheriko i roto i tona au: kua tau nga wehi ki a ia.
26 ၂၆ ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
Ko te pouri katoa kei te takoto mai mo ana taonga: ka kainga ia e te ahi, kihai i puhia e te tangata; ma reira e pau ai te toenga i roto i tona teneti.
27 ၂၇ မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
Ka whakakitea mai tona he e nga rangi ka whakatika mai ano te whenua ki a ia.
28 ၂၈ သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
Ko nga hua o tona whare ka riro: ka rere, ano he wai, ona mea i te ra e riri ai ia.
29 ၂၉ ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
Ko ta te Atua wahi tenei ma te tangata kino, ko te taonga tupu i kiia e te Atua mona.