< ယောဘ 12 >
1 ၁ ယောဘပြန်၍ မြွက်ဆိုသည်ကား၊
To naah Job mah,
2 ၂ သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
Nangcae loe kami ah na oh o pongah, palunghahaih hoiah nawnto na dueh o tih, tiah palunghaeng han om ai.
3 ၃ သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
Kai doeh nangcae baktiah poekhaih ka tawnh toeng; nangcae pongah ka hnaem kue ai; ue, mi maw hae baktih hmuennawk panoek ai ah kaom?
4 ၄ ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
Sithaw ka kawk naah, anih mah ang pathimh; toe ka imtaeng kami mah ang pahnui thuih; katoeng kami hoi coek koi om ai kami loe pahnuithuihaih ah ni oh.
5 ၅ ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
Hmaiim baktiah khosak hoih kami mah raihaih katong amtimh tom kami to pahnuithuih.
6 ၆ ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
Hmuenmae taek kaminawk ih kahni im loe qoeng tahang, Sithaw panoek ai kaminawk loe ngancuem o; Sithaw mah a ban hoiah angraenghaih to paek.
7 ၇ သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
Toe vaihi moisannawk to dueng oh, nihcae mah na patuk tih; van ih tavaanawk to dueng oh, nihcae mah na thui o tih;
8 ၈ မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
to tih ai boeh loe long to dueng oh, anih mah na patuek ueloe, tuipui tanganawk mah na thui o tih.
9 ၉ ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
Hae hmuennawk loe Angraeng mah ni a ban hoiah sak, tiah moisannawk mah mataeng doeh panoek o na ai maw?
10 ၁၀ အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
A sak ih hmuennawk boih ih hinghaih hoi kami anghahhaih takhi loe a ban ah ni oh.
11 ၁၁ ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
Pakha mah caaknaek pataengh baktih toengah, naa mah loknawk to tanoek na ai maw?
12 ၁၂ အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
Saning coeh kami loe palunghahaih hoiah koi; saning kasawk ah hing kami loe panoek thaihaih to tawnh.
13 ၁၃ ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
Toe Sithaw loe palunghahaih hoi thacakhaih hoiah akoep; palunghahaih hoi panoek thaihaih doeh anih ih ni.
14 ၁၄ ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
Khenah, anih mah phraek ih hmuen loe, mi mah doeh sah let thai ai boeh; anih mah pakhrak ih kami loe, mi mah doeh loisak thai ai boeh.
15 ၁၅ ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။
Khenah, anih mah tui pakaa naah, tui to kaang; anih mah paongh naah, long loe tui hoiah koi.
16 ၁၆ တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
Anih loe thacakhaih hoi palunghahaih hoiah koi; aling kami hoi aling kop kami doeh angmah ban ah ni oh.
17 ၁၇ တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
Anih mah kahoih poekhaih paek kaminawk to amrosak moe, lokcaek kaminawk to amthusak.
18 ၁၈ ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
Anih mah siangpahrangnawk to takhoe moe, kazii hoiah zaeng.
19 ၁၉ ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
Anih mah qaimanawk to takhoe moe, thacak kami to amtimsak.
20 ၂၀ နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။
Anih mah oepthok kahoih poekhaih paek kaminawk ih pahni to tamuep pae moe, kacoehtanawk khopoek thaihaih to lak pae ving.
21 ၂၁ မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။
Anih mah angraengnawk to azatpawsak moe, thacak kaminawk to thazoksak.
22 ၂၂ မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။
Anih mah khoving thung hoiah kathuk hmuennawk to amtuengsak moe, duekhaih tahlip to aanghaih thungah zaeh.
23 ၂၃ တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။
Prae kaminawk to lensak moe, amrosak let; praenawk to kaawksak moe, tamcaeksak let.
24 ၂၄ မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
Long zaehoikungnawk ih palunghahaih to a lak pae ving moe, loklam om ai praezaek ah amhetsak.
25 ၂၅ သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။
Nihcae loe aanghaih kaom ai khoving thungah pathoep hoiah avah o moe, mu paqui kami baktiah ahnuk ahmaa amtimh hoiah lam caeh o.