< ယောဘ 11 >
1 ၁ နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
Pamenepo Zofari wa ku Naama anayankha kuti,
2 ၂ စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
“Kodi mawu ambirimbiriwa nʼkukhala osayankhidwa? Kodi munthu woyankhulayankhulayu nʼkulungamitsidwa?
3 ၃ သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။
Kodi anthu nʼkukhala chete atamva kubwebweta kwakoku? Kodi palibe wina amene adzakudzudzule pamene ukuyankhula zonyoza?
4 ၄ သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
Iwe ukunena kwa Mulungu kuti, ‘Zikhulupiriro zanga ndi zopanda zolakwika ndipo ndine wangwiro pamaso panu.’
5 ၅ ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။
Aa, nʼkanakonda Mulungu akanayankhula kuti Iye atsekule pakamwa pake kutsutsana nawe
6 ၆ နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ndi kukuwululira chinsinsi cha nzeru yake, pakuti nzeru yeniyeni ili ndi mbali ziwiri. Dziwa izi: Mulungu wayiwala machimo ako ena.
7 ၇ သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
“Kodi iwe ungathe kumvetsa zinsinsi za Mulungu? Kodi ungafufuze malire a nzeru za Wamphamvuzonse?
8 ၈ မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ (Sheol )
Zili kutali kupambana mayiko akumwamba, nanga ungachite chiyani? Ndi zakuya kupambana kuya kwa manda, nanga ungadziwe chiyani? (Sheol )
9 ၉ အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
Muyeso wa nzeru zake ndi wautali kupambana dziko lapansi ndipo ndi wopingasa kupambana nyanja.
10 ၁၀ ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
“Ngati Iye atabwera ndi kukutsekera mʼndende nakutengera ku bwalo la milandu, ndani angathe kumuletsa?
11 ၁၁ ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
Ndithudi, Mulungu amazindikira anthu achinyengo; akaona choyipa, kodi sachizindikira?
12 ၁၂ သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
Munthu wopanda nzeru sizingatheke kukhala wanzeru monganso mwana wa bulu wakuthengo sangasanduke munthu.
13 ၁၃ သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
“Koma ngati upereka mtima wako kwa Iye ndi kutambasulira manja ako kwa Iyeyo,
14 ၁၄ သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊
ngati utaya tchimo limene lili mʼdzanja lako ndi kusalola choyipa kuti chikhale mʼmoyo mwako,
15 ၁၅ အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။
udzatukula mutu wako wosachita manyazi; udzayima chilili ndipo sudzachita mantha.
16 ၁၆ ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
Udzayiwala ndithu zowawa zako, zidzakhala ngati madzi amene apita kale.
17 ၁၇ သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
Moyo wako udzawala kupambana usana, ndipo mdima udzakhala ngati mmawa.
18 ၁၈ မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
Udzalimba mtima popeza pali chiyembekezo; ndipo udzayangʼana mbali zonse ndi kugona mosatekeseka.
19 ၁၉ အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
Udzagona pansi, popanda wina wokuopseza ndipo ambiri adzakupempha kuti uwachitire chifundo.
20 ၂၀ ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
Koma anthu oyipa adzafuna thandizo osalipeza, ndipo adzasowa njira yothawirapo; chiyembekezo chawo chidzakhala imfa basi.”