< ယေရမိ 9 >
1 ၁ ငါ၏လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။
어찌하면 내 머리는 물이 되고 내 눈은 눈물 근원이 될꼬 그렇게 되면 살륙 당한 딸 내 백성을 위하여 주야로 곡읍하리로다
2 ၂ ငါသည် ငါ၏ လူမျိုးကို စွန့်၍ ထွက်သွားနိုင် အောင် တော၌ တဲစားခန်းရှိပါစေသော။ အကြောင်းမူ ကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။
어찌하면 내가 광야에서 나그네의 유할 곳을 얻을꼬 그렇게 되면 내 백성을 떠나 가리니 그들은 다 행음하는 자요 패역한 자의 무리가 됨이로다
3 ၃ သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
여호와께서 말씀하시되 그들이 활을 당김같이 그 혀를 놀려 거짓을 말하며 그들이 이 땅에서 강성하나 진실하지 아니하고 악에서 악으로 진행하며 또 나를 알지 아니하느니라
4 ၄ လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့။ မိမိ ညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည်။
너희는 각기 이웃을 삼가며 아무 형제든지 믿지 말라 형제마다 온전히 속이며 이웃마다 다니며 비방함이니라
5 ၅ အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်းစေကြပြီ။
그들은 각기 이웃을 속이며 진실을 말하지 아니하며 그 혀로 거짓말 하기를 가르치며 악을 행하기에 수고하거늘
6 ၆ သင်၏ နေရာသည် မုသာအရပ်၌ရှိ၏။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။
네 처소는 궤휼 가운데 있도다 그들은 궤휼로 인하여 나 알기를 싫어하느니라 나 여호와의 말이니라 하시니라
7 ၇ သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ငါသည်သူတို့ကို အရည်ကျို ၍စုံစမ်းမည်။ သို့မဟုတ်၊ ငါ၏လူမျိုး သတို့သမီး၌ အဘယ် သို့ ငါပြုရမည်နည်း။
만군의 여호와께서 이같이 말씀하시되 보라 내가 내 딸 백성을 어떻게 처치할꼬 그들을 녹이고 연단하리라
8 ၈ သူတို့လျှာသည် သေစေတတ်သောမြှားဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။
그들의 혀는 죽이는 살이라 거짓을 말하며 입으로는 그 이웃에게 평화를 말하나 중심에는 해를 도모하는도다
9 ၉ ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
내가 이 일들을 인하여 그들에게 벌하지 아니하겠으며 내 마음이 이런 나라에 보수하지 않겠느냐 여호와의 말이니라
10 ၁၀ တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံကို မကြားရ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။
내가 산들을 위하여 곡하며 부르짖으며 광야 목장을 위하여 슬퍼하나니 이는 그것들이 불에 탔으므로 지나는 자가 없으며 거기서 가축의 소리가 들리지 아니하며 공중의 새도 짐승도 다 도망하여 없어졌음이니라
11 ၁၁ ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေး နေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည်။
내가 예루살렘으로 무더기를 만들며 시랑의 굴혈이 되게 하겠고 유다 성읍들로 황폐케 하여 거민이 없게 하리라
12 ၁၂ ဤအမှုကိုနားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏ နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ် သူနည်း။ အဘယ်သူမျှ ရှောက်၍မသွားနိုင်အောင်၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင်၍၊ အဘယ် ကြောင့် ပျက်စီးသနည်း။
지혜가 있어서 이 일을 깨달을 만한 자가 누구며 여호와의 입의 말씀을 받아서 광포할 자가 누구인고 이 땅이 어찌하여 멸망하여 광야같이 타서 지나는 자가 없게 되었느뇨
13 ၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကို နားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊
여호와께서 말씀하시되 이는 그들이 내가 그들의 앞에 세운 나의 법을 버리고 내 목소리를 청종치 아니하며 그대로 행치 아니하고
14 ၁၄ မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့၎င်း လိုက်ကြသော ကြောင့်၊
그 마음의 강퍅함을 따라 그 열조가 자기에게 가르친 바알들을 좇았음이라
15 ၁၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကို တိုက်မည်။
그러므로 만군의 여호와 이스라엘의 하나님 내가 말하노라 보라 내가 그들 곧 이 백성에게 쑥을 먹이며 독한 물을 마시우고
16 ၁၆ သူတို့မသိ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ်၌ ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမှီတိုင် အောင်၊ သူတို့နောက်သို့ ထားဘေးကို စေလွှတ်မည်။
그들과 그들의 조상이 알지 못하던 열국 중에 그들을 헤치고 진멸되기까지 그 뒤로 칼을 보내리라 하셨느니라
17 ၁၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ်၍ လာကြစေ။ လိမ္မာသော မိန်းမတို့ ရှိရာသို့ စေလွှတ်၍ လာကြစေ။
만군의 여호와께서 이같이 말씀하시되 너희는 잘 생각하고 곡하는 부녀를 불러오며 또 보내어 지혜로운 부녀를 불러오되
18 ၁၈ ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင် အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။
그들로 빨리 와서 우리를 위하여 애곡하게 하여 우리의 눈에서 눈물이 떨어지게 하며 우리 눈꺼풀에서 물이 쏟아지게 하라
19 ၁၉ နားထောင်ကြ။ ဇိအုန်မြို့၌ ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါတို့ နေရာများကို ဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကို စွန့်၍ အလွန်မိန်းမောတွေဝေကြသည်တကား။
이는 시온에서 호곡하는 소리가 들려 이르기를 우리가 아주 망하였구나 우리가 크게 수욕을 당하였구나 우리가 그 땅을 떠난 것은 그들이 우리 주택을 헐었음이로다 함이로다
20 ၂၀ အိုမိန်းမတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏ သမီးတို့အား ငိုကြွေးခြင်းကို၎င်း၊ အသီးအသီး အပေါင်းအဘော်တို့အား မြည်တမ်းခြင်းကို၎င်း သွန်သင် ကြလော့။
부녀들이여 여호와의 말씀을 들으라 너희 귀에 그 입의 말씀을 받으라 너희 딸들에게 애곡을 가르치며 각기 이웃에게 애가를 가르치라
21 ၂၁ သေမင်းသည် ငါတို့ပြတင်းပေါက်သို့ တက်၍၊ ငါတို့ဘုံဗိမာန်ထဲသို့ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ် ရှင်း၍၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။
대저 사망이 우리 창문에 올라오며 우리 궁실에 들어오며 밖에서는 자녀와 거리에서는 청년들을 멸절하려 하느니라
22 ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူသေ ကောင်တို့သည် လယ်ပြင်၌ နောက်ချေးကဲ့သို့၎င်း၊ သိမ်း သူမရှိ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့၎င်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့။
너는 이같이 이르라 여호와의 말씀에 사람의 시체가 분토같이 들에 떨어질 것이며 추수하는 자의 뒤에 떨어지고 거두지 못한 뭇 같이 되리라 하셨느니라
23 ၂၃ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိ သောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီး သောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။
여호와께서 이같이 말씀하시되 지혜로운 자는 그 지혜를 자랑치 말라 용사는 그 용맹을 자랑치 말라 부자는 그 부함을 자랑치 말라
24 ၂၄ ဝါးကြွားသောသူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသောထာဝရ ဘုရားဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
자랑하는 자는 이것으로 자랑할지니 곧 명철하여 나를 아는 것과 나 여호와는 인애와 공평과 정직을 땅에 행하는 자인줄 깨닫는 것이라 나는 이 일을 기뻐하노라 여호와의 말이니라
25 ၂၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရေဖျား လှီးခြင်းကို ခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊
여호와께서 말씀하시되 날이 이르면 할례 받은 자와 할례 받지 못한 자를 내가 다 벌하리니
26 ၂၆ အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး၊ တော၌နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည်။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။
곧 애굽과 유다와 에돔과 암몬 자손과 모압과 및 광야에 거하여 그 머리털을 모지게 깎은 자들에게라 대저 열방은 할례를 받지 못하였고 이스라엘은 마음에 할례를 받지 못하였느니라 하셨느니라