< ယေရမိ 7 >
1 ၁ ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန် တော် တံခါးဝ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား၊
Yei ne asɛm a ɛfiri Awurade hɔ baa Yeremia nkyɛn:
2 ၂ ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
“Gyina Awurade asɔredan no ɛpono ano, na ka saa asɛm yi: “‘Montie Awurade asɛm, mo nnipa a mo wɔ Yuda nyinaa a mofa apono yi ano kɔsom Awurade.
3 ၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေ စေမည်။
Yei ne deɛ Asafo Awurade, Israel Onyankopɔn no seɛ: Monsesa mo akwan ne mo nneyɛɛ, na mɛma mo atena ha.
4 ၄ ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။
Mommfa mo ho nto nnaadaasɛm so na monnka sɛ, “Yei ne Awurade asɔredan, Awurade asɔredan, Awurade asɔredan!”
5 ၅ သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊
Sɛ mosesa mo akwan ne mo nneyɛɛ nokorɛm, na mone mo ho mo ho di no tenenee mu,
6 ၆ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊
sɛ moanhyɛ ɔhɔhoɔ, awisiaa anaa okunafoɔ so, na moanhwie mogya a ɛdi bem angu wɔ ha, na moanni anyame foforɔ akyi ankɔ mo ara ɔsɛeɛ mu a,
7 ၇ သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
ɛnneɛ mɛma mo atena ha, asase a mede maa mo agyanom afebɔɔ no.
8 ၈ အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
Nanso monhwɛ, mode mo ho ato nnaadaa nsɛm a ɛho nni mfasoɔ so.
9 ၉ သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊
“‘Mobɛbɔ korɔno na moadi awu, mobɛbɔ adwaman na moadi adansekurumu, mobɛhye nnuhwam ama Baal na moadi anyame foforɔ a monnim wɔn akyi,
10 ၁၀ ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။
na afei, moaba abɛgyina mʼanim wɔ efie a medin da so na moaka sɛ, “Yɛnni ɔhaw,” sɛ moyɛ akyiwadeɛ yi nyinaa a na monni ɔhaw anaa?
11 ၁၁ ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
Na efie a medin da soɔ yi, abɛyɛ adwotwafoɔ tu ama mo anaa? Nanso megu so rehyɛ! Awurade na ɔseɛ.
12 ၁၂ ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။
“‘Na afei monkɔ Silo, beaeɛ bi a, medii ɛkan bɔɔ atenaeɛ de me Din too so, na monhwɛ deɛ meyɛɛ no ɛsiane me nkurɔfoɔ Israelfoɔ amumuyɛ enti.
13 ၁၃ ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊
Ɛberɛ a moreyɛ yeinom nyinaa, Awurade na ɔseɛ, mekasa kyerɛɛ mo mpɛn bebree, nanso moantie; mefrɛɛ mo, nanso moannye so.
14 ၁၄ ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။
Ɛno enti, sɛdeɛ meyɛɛ Silo no, mede bɛyɛ efie a me Din da so no, asɔredan a mode mo ho to so, beaeɛ a mede maa mo ne mo agyanom.
15 ၁၅ သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။
Mɛpam mo afiri mʼanim sɛdeɛ meyɛɛ mo nuanom Efraimfoɔ no.’
16 ၁၆ သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏ စကားကို ငါနားမထောင်။
“Enti mommmɔ mpaeɛ mma saa nnipa yi, monnsrɛ na monni mma wɔn nso; monnsrɛ me ɛfiri sɛ merentie mo.
17 ၁၇ သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ တို့၌ ပြုကြသော အမှုကို မမြင်သလော။
Monhunu deɛ wɔreyɛ wɔ Yuda nkuro no mu ne Yerusalem mmɔntene so anaa?
18 ၁၈ ငါ့ကို နှောင့်ရှက်မည်အကြံနှင့်၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ်၍၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့် ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။
Mmɔfra boaboa anyina ano, na agyanom sɔ ogya no ano, mmaa fɔtɔ asikyiresiam de to burodo ma Ɔsoro Hemmaa. Na wɔgu nsã ma anyame foforɔ de hyɛ me abufuo.
19 ၁၉ ထိုသို့ပြု၍ ငါ့ကိုနှောင့်ရှက်ကြသလော။ မိမိတို့ မျက်နှာကို ဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့် ရှက်ကြသည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
Na ɛyɛ me na wɔrehyɛ me abufuo anaa? Awurade na ɔseɛ. Na ɛnyɛ wɔn mmom na wɔreha wɔn ho, hyɛ wɔn ho aniwuo anaa?
20 ၂၀ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤအရပ် ၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေ အသီးအနှံအပေါ်မှာ ငါသည် ဒေသအမျက် မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။
“Ɛno enti, deɛ Otumfoɔ Awurade seɛ nie: Wɔbɛhwie mʼabufuo ne mʼabufuhyeɛ agu beaeɛ yi so, agu nnipa ne mmoa, mfuo so nnua ne asase no so aba so, na ɛbɛdɛre a ɛrennum.
21 ၂၁ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။
“‘Yei ne deɛ Asafo Awurade, Israel Onyankopɔn, seɛ: Monkɔ so, momfa mo ɔhyeɛ afɔrebɔ nka mo afɔrebɔ a aka no ho, na mo ankasa monwe ɛnam no!
22 ၂၂ အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။
Na ɛberɛ a meyii mo agyanom firii Misraim na mekasa kyerɛɛ wɔn no, manhyɛ wɔn mmara a ɛfa ɔhyeɛ afɔrebɔ ne afɔrebɔ ho nko ara,
23 ၂၃ ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။
mmom mede saa mmara yi kaa ho: Monyɛ ɔsetie mma me, na mɛyɛ mo Onyankopɔn, na moayɛ me nkurɔfoɔ. Monnante akwan nyinaa a mɛhyɛ mo no so, na asi mo yie.
24 ၂၄ သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။
Nanso, wɔantie na wɔannyɛ aso; mmom, wɔfiri wɔn akoma bɔne mu yɛɛ asobrakyeɛ. Wɔsane wɔn akyi na wɔankɔ wɔn anim.
25 ၂၅ သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊
Ɛfiri ɛberɛ a mo agyanom firii Misraim de bɛsi ɛnnɛ yi, da biara da ne ɛberɛ biara mesomaa me nkoa adiyifoɔ baa mo nkyɛn.
26 ၂၆ သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာ မယူဘဲနေ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။
Nanso wɔantie me na wɔanyɛ aso. Wɔde asoɔden yɛɛ bɔne boroo wɔn agyanom deɛ so.’
27 ၂၇ သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော် လည်း မထူးကြ။
“Sɛ moka yeinom nyinaa kyerɛ wɔn a, wɔrentie mo; sɛ mofrɛ wɔn a wɔrennye so.
28 ၂၈ သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နား မထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည်။
Ɛno enti monka nkyerɛ wɔn sɛ, ‘Yei ne ɔman a ɔnyɛɛ ɔsetie mmaa Awurade, ne Onyankopɔn, na ɔmfaa ntenesoɔ. Nokorɛ asa, na afiri wɔn ano.
29 ၂၉ သင်၏သစ္စာဆံပင်ကို ရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်း မူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော် မူပြီ။
Monyi mo tirinwi na monto ngu, montwa agyaadwoɔ wɔ nkokoɔ no so, ɛfiri sɛ Awurade apo, na wagyae saa awoɔ ntoatoasoɔ yi a wɔwɔ na abufuhyeɛ no ase akyi di.
30 ၃၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်း ငှါ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ။
“‘Yudafoɔ ayɛ bɔne mʼani so, sɛdeɛ Awurade seɛ nie. Wɔde ahoni a, ɛyɛ akyiwadeɛ asisi efie a me Din da so de agu ho fi.
31 ၃၁ ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။
Wɔasisi Tofet sorɔnsorɔmmea wɔ Ben Hinom bɔnhwa mu ɛhɔ na wɔhye wɔn mmammarima ne wɔn mmammaa. Adeɛ a manhyɛ wɔn na amma mʼadwene mu nso.
32 ၃၂ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
Ɛno enti, monhwɛ yie na nna no reba, Awurade na ɔseɛ, a wɔremfrɛ hɔ Tofet anaa Hinom Bɔnhwa bio, na mmom, wɔbɛfrɛ no Okum Bɔnhwa, ɛfiri sɛ wɔbɛsie awufoɔ wɔ Tofet kɔsi sɛ ɛhɔ bɛyɛ ma.
33 ၃၃ ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်း ကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။
Na afei saa nnipa yi afunu bɛyɛ aduane ama ewiem nnomaa ne asase so mmoa, na ɛrenka obiara wɔ hɔ a ɔbɛpam wɔn.
34 ၃၄ ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်း မြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည်။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့် မည်ဟုမိန့်တော်မူ၏။
Mede ahosɛpɛ ne anigyeɛ nnyegyeɛ, ayeforɔ ne ayeforɔkunu nne a ɛwɔ Yuda nkuro ne Yerusalem mmɔntene so, bɛba awieeɛ ɛfiri sɛ asase no bɛda mpan.’”