< ယေရမိ 6 >
1 ၁ အိုဗင်္ယာမိန်အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲက ထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှုးကို မြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက် မျက်နှာကပေါ်လာ၏။
Paetkaa, benjaminilaiset, Jerusalemista, puhaltakaa pasunaan Tekoassa ja nostakaa merkki Beet-Keremin kohdalle; sillä pohjoisesta nousee onnettomuus ja suuri hävitys.
2 ၂ အဆင်းလှ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူ သော ဇိအုန်သတို့ သမီးကို ငါဖျက်ဆီးမည်။
Tytär Siionin, suloisen ja hemmotellun, minä hukutan.
3 ၃ သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ၍၊ သူ့တဘက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့် မည်။
Hänen tykönsä tulee paimenia laumoinensa, he pystyttävät telttansa häntä vastaan yltympäri, syöttävät alansa kukin.
4 ၄ သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ ခက်လှ ၏။ မွန်းလွဲပြီ။ မိုဃ်းချုပ်လေပြီ။
Julistakaa häntä vastaan pyhä sota. "Nouskaa ja menkäämme puolipäivän aikaan! Voi meitä, sillä päivä painuu, sillä illan varjot pitenevät!
5 ၅ ထကြ။ ညဉ့်အခါတက်သွား၍၊ သူ၏ ဘုံဗိမာန် တို့ကို ဖျက်ဆီးကြကုန်အံ့ဟုဆိုကြလိမ့်မည်။
Nouskaa ja menkäämme yöllä ja hävittäkäämme hänen linnansa."
6 ၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တဘက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့ သည် ဆုံးမစရာကောင်းသောမြို့ဖြစ်၏။ မြို့ထဲ၌ညှဉ်းဆဲ ခြင်း သက်သက်ရှိ၏။
Sillä näin sanoo Herra Sebaot: Kaatakaa puita ja luokaa valli Jerusalemia vastaan. Se on kaupunki, jota on rangaistava; siinä on pelkkää väkivaltaa.
7 ၇ စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာ များကို အစဉ်ငါမြင်ရ၏။
Niinkuin kaivo pitää vetensä tuoreena, niin sekin pitää pahuutensa tuoreena; sortoa, hävitystä kuuluu sieltä, minun edessäni on aina kipu ja haavat.
8 ၈ အိုယေရုရှလင်မြို့၊ ဆုံးမခြင်းကို ခံလော့။ သို့မဟုတ်၊ သင့်ကို ငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
Ota ojentuaksesi, Jerusalem, ettei minun sieluni vieraannu sinusta, etten tee sinua autioksi, asumattomaksi maaksi.
9 ၉ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသော အရာကိုလိုက်၍ အကုန်အစင်ဆွတ်ကြ လိမ့်မည်။ စပျစ်သီးဆွတ်သော သူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့။
Näin sanoo Herra Sebaot: Israelin jäännöksestä pidetään jälkikorjuu niinkuin viinipuusta; ojenna kätesi köynnöksiä kohti niinkuin viininkorjaaja.
10 ၁၀ သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ် သူကို ငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော် ကို မနှစ်သက်ကြ။
Kenelle minä puhuisin, ketä varoittaisin, että he kuulisivat? Katso, heidän korvansa ovat ympärileikkaamattomat, eivät he voi kuunnella. Katso, Herran sana on tullut heille pilkaksi, ei se heille kelpaa.
11 ၁၁ ထိုကြောင့်၊ ငါသည်ထာဝရဘုရား၏ အမျက် တော်နှင့် ပြည့်ဝ၏။ အောင့်၍မနေနိုင်။ လမ်း၌ရှိသော သူငယ်များနှင့်စုဝေးသောလူပျိုများအပေါ်သို့ အမျက် တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကို၎င်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကို၎င်း သိမ်း သွားမည်။
Minä olen täynnä Herran vihaa, en jaksa sitä pidättää; vuodata se lapsukaisiin kadulla, niin myös nuorukaisparveen. Sillä niin mies kuin vaimokin vangitaan, niin vanhus kuin ikäloppu.
12 ၁၂ သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတပါးလက်သို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Heidän talonsa joutuvat vieraille, niin myös pellot ja vaimot; sillä minä ojennan käteni maan asukkaita vastaan, sanoo Herra.
13 ၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။
Sillä kaikki, niin pienet kuin suuretkin, pyytävät väärää voittoa, kaikki, niin profeetat kuin papitkin, harjoittavat petosta.
14 ၁၄ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့ စွာ ကုကြ၏။
He parantavat minun kansani vamman kepeästi, sanoen: "Rauha, rauha!" vaikka ei rauhaa ole.
15 ၁၅ သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက် ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြ လိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
He joutuvat häpeään, sillä he ovat tehneet kauhistuksia; mutta heillä ei ole hävyntuntoa, he eivät osaa hävetä. Sentähden he kaatuvat kaatuvien joukkoon, sortuvat, kun minä heitä rankaisen, sanoo Herra.
16 ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနား မှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ် နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
Näin on Herra sanonut: "Astukaa teille ja katsokaa ja kysykää muinaisia polkuja, kysykää, mikä on hyvä tie, ja vaeltakaa sitä, niin te löydätte levon sieluillenne". Mutta he vastasivat: "Emme vaella".
17 ၁၇ ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက်၊ သင်တို့အပေါ်၌ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ၏။
Ja minä olen asettanut teille vartijat: "Kuunnelkaa pasunan ääntä". Mutta he vastasivat: "Emme kuuntele".
18 ၁၈ သို့ဖြစ်၍၊ အိုတပါးအမျိုးသားတို့၊ နားထောင်ကြ လော့။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့၊ သိမှတ်ကြလော့။
Sentähden kuulkaa, te kansat, ja tiedä, seurakunta, mitä heille on tapahtuva.
19 ၁၉ အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။
Kuule, maa! Katso, minä tuotan onnettomuuden tälle kansalle, heidän hankkeittensa hedelmän, sillä he eivät ole kuunnelleet minun sanojani, vaan ovat hyljänneet minun lakini.
20 ၂၀ ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။
Mitä on minulle suitsutus, joka tulee Sabasta, ja paras kalmoruoko kaukaisesta maasta? Teidän polttouhrinne eivät ole minulle otolliset, eivätkä teidän teurasuhrinne minulle kelpaa.
21 ၂၁ ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့်သားတို့သည် ထိမိ၍ လဲကြလိမ့် မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည်။
Sentähden, näin sanoo Herra: Katso, minä asetan tälle kansalle kompastuskiviä, joihin he kompastuvat, isät ja pojat yhdessä, ja naapuri naapurinsa kanssa hukkuu.
22 ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည်။
Näin sanoo Herra: Katso, kansa tulee pohjoisesta maasta, suuri kansa nousee maan perimmäisiltä ääriltä.
23 ၂၃ လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍၊ သနားခြင်းကရုဏာမရှိ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
He käyttävät jousta ja keihästä, ovat julmat ja armahtamattomat. Heidän pauhinansa on kuin pauhaava meri, ja he ratsastavat hevosilla, varustettuina kuin soturi taisteluun sinua vastaan, tytär Siion.
24 ၂၄ ထိုသိတင်းကို ငါတို့သည် ကြား၍ လက်အား လျော့ကြ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎င်းခံရကြ၏။
Kun kuulemme siitä sanoman, niin meidän kätemme herpoavat; ahdistus valtaa meidät, tuska, niinkuin synnyttäväisen.
25 ၂၅ တောသို့မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ထားပါ၏။ အရပ်ရပ်၌ဘေးရှိ၏။
Älkää menkö vainiolle, älkää vaeltako tiellä, sillä vihollisen miekka-kauhistus on kaikkialla!
26 ၂၆ အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တယောက်တည်း သော သားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ ကို ချက်ခြင်းတိုက်လိမ့်မည်။
Tytär, minun kansani! Kääriydy säkkiin, vieriskele tuhassa; pidä itkiäiset, niinkuin ainokaista poikaa itketään, katkerat valittajaiset, sillä äkkiarvaamatta käy kimppuumme hävittäjä.
27 ၂၇ သင်သည် ငါ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။
Minä olen asettanut sinut kansani koettelijaksi, suojavarustukseksi, että oppisit tuntemaan ja koettelisit heidän vaelluksensa.
28 ၂၈ ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏။
Kaikki he ovat pääniskureita, liikkuvat panettelijoina; he ovat vaskea ja rautaa, ovat kelvottomia kaikki tyynni.
29 ၂၉ ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သော သူသည် မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ် မပယ်နိုင်။
Palkeet puhkuvat, tulesta lähtee vain lyijyä. Turhaan on sulatettu ja sulatettu: pahat eivät ole erottuneet.
30 ၃၀ ထိုသူတို့ကိုပယ်သော ငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။
Hylkyhopeaksi heitä sanotaan, sillä Herra on heidät hyljännyt.