< ယေရမိ 52 >

1 ဇေဒကိမင်းသည် အသက်နှစ်ဆယ်တနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလဖြစ်သတည်း။
ဇေ​ဒ​ကိ​သည်​နန်း​တက်​စဉ်​အ​ခါ​က​အ​သက် နှစ်​ဆယ့်​တစ်​နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ် ဆယ့်​တစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ့​မယ် တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး ဟာ​မု​တ​လ​ဖြစ်​၏။-
2 ထိုမင်းသည်ယောယကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၏။
ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​မင်း​ကဲ့​သို့ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​မ​ကောင်း မှု​များ​ကို​ပြု​၏။-
3 ထာဝရဘုရားသည် ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​၏​အ​ခြေ အ​နေ​သည်​အ​လွန်​ဆိုး​ရွား​၍​လာ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​ပြီး လျှင်​ပြည်​သား​တို့​အား​ပြည်​နှင်​ဒဏ်​သင့် စေ​တော်​မူ​၏။ ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ပုန်​ကန် သ​ဖြင့်၊-
4 ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ​လ၊ ဆယ်​ရက်​နေ့​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏​စစ်​သည်​တပ် သား​အ​ပေါင်း​တို့​နှင့်​အ​တူ​ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​၏။ သူ​တို့ သည်​မြို့​ပြင်​တွင်​တပ်​စ​ခန်း​ချ​၍​မြို့​ပတ် လည်​တွင်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​ကြ​၏။-
5 ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
ထို​မြို့​သည်​ဇေ​ဒ​ကိ​နန်း​စံ​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင်​အ​ဝိုင်း​ခံ​ရ​လေ​သည်။-
6 ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
ထို​နှစ်​စ​တုတ္ထ​လ၊ ကိုး​ရက်​နေ့​၌​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​မှု​သည်​အ​လွန်​ဆိုး​ရွား​၍ လာ​သ​ဖြင့် လူ​တို့​တွင်​အ​စာ​ရေ​စာ အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
7 ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက်၍၊ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်း တို့သည် ညဉ့်အခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ် တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
ထို​အ​ခါ​မြို့​ရိုး​များ​သည်​ကျိုး​ပေါက်​၍​သွား တော့​၏။ မြို့​ကို​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ဝိုင်း​ရံ လျက်​ထား​သော်​လည်း စစ်​သည်​တပ်​သား​အ​ပေါင်း သည်​ညဥ့်​အ​ခါ​တွင်​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​အ​တိုင်း သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား​ရှိ​တံ​ခါး ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း​ဘက်​သို့​ပြေး ကြ​၏။-
8 ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့ သည်​ဇေ​ဒ​ကိ​မင်း​ကို​လိုက်​လံ​ဖမ်း​ဆီး​ကြ ရာ ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ လေ​သည်။ ဇေ​ဒ​ကိ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​သူ့​အား​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​၏။-
9 ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊
ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​ကို​ဖမ်း​ဆီး​ပြီး​လျှင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို အ​ရပ်​၌​ပင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ဇေဒကိ အ​ပေါ်​တွင်​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။-
10 ၁၀ ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကို လည်း သတ်လေ၏။
၁၀ရိ​ဗ​လ​မြို့​တွင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ ဒ​ကိ​၏​သား​တို့​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ပင်​လျှင်​ကွပ်​မျက်​စေ​လေ​သည်။ ယု​ဒ​မှူး​မတ် တို့​ကို​လည်း​ကွပ်​မျက်​စေ​သေး​၏။-
11 ၁၁ ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ၏။
၁၁ထို​နောက်​ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ဖောက် စေ​၍​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​စေ​၏။ ဇေ​ဒ​ကိ​သည်​သေ​သည်​တိုင်​အောင်​ဗာ​ဗု​လုန် မြို့​တွင်​ထောင်​ထဲ​၌​နေ​ရ​လေ​၏။
12 ၁၂ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ်၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊
၁၂ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်​မြောက်၊ ပဉ္စ​မ​လ​ဆယ်​ရက်​နေ့​၌ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ​အ​မတ်​နှင့်​အ​စောင့် တပ်​မ​တော်​မှူး​နေ​ဗု​ဇ​ရ​ဒန်​သည် ယေ​ရု​ရှ လင်​မြို့​သို့​ဝင်​ရောက်​လာ​၏။-
13 ၁၃ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
၁၃သူ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ကို​လည်း ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ရေး​ပါ​အ​ရာ ရောက်​သူ​လူ​အ​ပေါင်း​တို့​၏​နေ​အိမ်​များ​ကို လည်း​ကောင်း​မီး​ရှို့​ပစ်​လေ​သည်။-
14 ၁၄ ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
၁၄သူ​၏​တပ်​သား​များ​က​လည်း​မြို့​ရိုး​များ​ကို ဖြို​ချ​ကြ​၏။-
15 ၁၅ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။
၁၅ထို​နောက်​မင်း​ကြီး​၏​အ​စောင့်​တပ်​မ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန်​ရှိ​နေ သေး​သည့်​သူ​များ၊ လက်​မှု​ပ​ညာ​သည်​အ​ကြွင်း အ​ကျန်​များ​နှင့် ဗာ​ဗု​လုန်​မြို့​သား​တို့​ဘက် သို့​ကူး​ပြောင်း​လာ​သူ​များ​အား ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။-
16 ၁၆ သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ၏။
၁၆သို့​ရာ​တွင်​အ​လွန့်​အ​လွန်​ဆင်း​ရဲ​သော​သူ အ​ချို့​ကို​မူ ယု​ဒ​ပြည်​တွင်​ချန်​ထား​ခဲ့​၍ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​တွင် အ​လုပ်​လုပ်​စေ​၏။
17 ၁၇ ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ၏။
၁၇ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-
18 ၁၈ အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။
၁၈သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက် အ​သုံး​ပြု​သည့်​တူ​ရွင်း​ပြား​များ၊ ယဇ်​ပလ္လင် ကို​သန့်​ရှင်း​မှု​ပြု​ရာ​၌​အ​သုံး​ပြု​သည့် ပြာ​ခွက်​များ၊ မီး​ခွက်​များ​တိုက်​ချွတ်​ပြင် ဆင်​ရာ​တွင်​အ​သုံး​ပြု​သည့်​တန်​ဆာ​ပ​လာ များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖလား​များ၊ နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း ကိုး​ကွယ်​ဝတ်​ပြု​ရာ တွင်​အ​သုံး​ပြု​သည့်​အ​ခြား​ကြေး​ဝါ ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​လည်း ယူ​ဆောင်​သွား​ကြ​၏။-
19 ၁၉ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ၏။
၁၉မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-
20 ၂၀ ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန် အားဖြင့် အတိုင်းမသိများ၏။
၂၀ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-
21 ၂၁ တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။
၂၁တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-
22 ၂၂ ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့် ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသော တိုင်သည် လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့်ပြည့်စုံ၏။
၂၂
23 ၂၃ တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာ ရှိသတည်း။
၂၃တိုင်​တစ်​တိုင်​ရှိ​ကွန်​ရွက်​များ​တွင်​သ​လဲ​သီး အ​လုံး​တစ်​ရာ​ရှိ​၍​ကိုး​ဆယ့်​ခြောက်​လုံး ကို​မြေ​ပြင်​မှ​တွေ့​မြင်​နိုင်​လေ​သည်။
24 ၂၄ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရော ဟိတ်မင်းစရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ၏။
၂၄ထို​မှ​တစ်​ပါး​လည်း​မင်း​ကြီး​၏​အ​စောင့်​တပ် မ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ် မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက်​ဇေ​ဖ​နိ​နှင့် အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန်​တော်​အ​ရာ ရှိ​သုံး​ဦး​တို့​ကို​ခေါ်​ဆောင်​၍​သွား​၏။-
25 ၂၅ စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား၍၊
၂၅သူ​သည်​ယု​ဒ​တပ်​မှူး​ဟောင်း​တစ်​ဦး၊ မြို့​တွင်း ၌​ကျန်​ရှိ​နေ​သေး​သော​ဘု​ရင်​အ​တိုင်​ပင်​ခံ အ​မတ်​ခု​နစ်​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း သည့်​လက်​ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး ပါ​အ​ရာ​ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို လည်း​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါ်​ဆောင်​သွား လေ​သည်။-
26 ၂၆ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊
၂၆နေ​ဗု​ဇ​ရ​ဒန်​သည်​ထို​သူ​တို့​ကို​ဗာ​ဗု​လုန် ဘုရင်​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ရာ၊-
27 ၂၇ ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတို့ကို ဒဏ်ပေး၍ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကို ခံရသတည်း။
၂၇မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-
28 ၂၈ နေဗုခဒ်နေဇာမင်းသိမ်းသွားသော လူဟူမူကား၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒအမျိုးသားသုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။
၂၈နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-
29 ၂၉ တဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ၏။
၂၉နန်း​စံ​ရှစ်​နှစ်​မြောက်​၌​ယေ​ရု​ရှ​လင်​မြို့​မှ ရှစ်​ရာ​သုံး​ဆယ့်​နှစ်​ယောက်၊-
30 ၃၀ နှစ်ဆယ်သုံးနှစ်တွင်။ ကိုယ်ရံတော်မှူး နေဗုဇာရ ဒန်သည် ယုဒအမျိုးသားခုနှစ်ရာလေးဆယ်ငါးယောက် တို့ကို သိမ်းသွား၏။ လူအပေါင်းကား၊ လေးထောင် ခြောက်ရာရှိသတည်း။
၃၀နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌​နေ​ဗု​ဇာ​ရ​ဒန် ခေါ်​ဆောင်​သွား​သူ​ခု​နစ်​ရာ​လေး​ဆယ့်​ငါး​ယောက်၊ စု​စု​ပေါင်း​လေး​ထောင့်​ခြောက်​ရာ​ဖြစ်​သ​တည်း။
31 ၃၁ ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ၏။
၃၁ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-
32 ၃၂ ကောင်းမွန်စွာ နှုတ်ဆက်၍သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ၏။
၃၂ဧ​ဝိ​လ​မ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား ကြင်​နာ​စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင် သူ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​သူ​အ​ခြား ဘု​ရင်​များ​ထက်​ပို​မို​ချီး​မြှင့်​မြှောက်​စား တော်​မူ​၏။-
33 ၃၃ ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။
၃၃သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အ​ဝတ်​များ ကို​လဲ​ခွင့်​ရ​လျက် အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည် ခွင့်​ကို​ရ​ရှိ​၏။-
34 ၃၄ အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ၏။
၃၄ထို့​ပြင်​မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး နေ့​စဉ်​မှန် မှန်​အ​သုံး​စ​ရိတ်​ကို​လည်း​ရ​ရှိ​လေ​သည်။ ပ​ရော​ဖက်​ယေ​ရ​မိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

< ယေရမိ 52 >