< ယေရမိ 50 >
1 ၁ ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား၊
Šis ir tas vārds, ko Tas Kungs runājis pret Bābeli, pret Kaldeju zemi, caur pravieti Jeremiju.
2 ၂ လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
Sludinājiet starp tautām un izsauciet to un izceļat karogu, izsauciet un neapslēpiet to, sakāt: Bābele uzņemta, Bels stāv kaunā, Merodaks satriekts, viņu dievekļi apkaunoti, viņu elkudievi satriekti.
3 ၃ လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသော သူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။
Jo pret viņu nāk tauta no ziemeļa puses; tā viņas zemi darīs par tuksnesi bez iedzīvotāja; tā cilvēki kā lopi bēguši, aizgājuši projām.
4 ၄ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
Tanīs dienās un tanī laikā, saka Tas Kungs, Israēla bērni līdz ar Jūda bērniem nāks; tie ies raudādami vienā raudāšanā un meklēs To Kungu, savu Dievu.
5 ၅ ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
Tie vaicās pēc Ciānas, viņu vaigi (griezīsies) šurp pa to ceļu. Nāciet, pieķersimies Tam Kungam mūžīgā derībā, kas netaps aizmirsta.
6 ၆ ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။
Mani ļaudis bija pazudušas avis, viņu gani tās bija pievīluši, tie tās bija maldinājuši kalnos, ka gāja no kalniem uz pakalniem, aizmirsa savus laidarus.
7 ၇ သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ။
Visi, kas tos atrada, tos aprija, un viņu pretinieki sacīja: mēs nebūsim noziedzīgi, jo tie ir grēkojuši pret To Kungu, pret to taisnības dzīvokli un viņu tēvu patvērumu, pret To Kungu.
8 ၈ ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ပြုကြလော့။
Bēdziet no Bābeles un ejat ārā no Kaldeju zemes un esiet tie auni ganāmā pulka priekšā.
9 ၉ အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည်။ သူတို့သည် မြို့တဘက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ၏ မြှားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။
Jo redzi, Es celšu lielu tautu pulku no ziemeļa zemes un to vedīšu pret Bābeli; tie pret viņu nostāsies, un tad viņa taps uzņemta. Viņu bultas būs kā no krietna karavīra, neviena neatgriezīsies tukša.
10 ၁၀ ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Un Kaldeju zeme būs par laupījumu; visi, kas to aplaupa, pieēdīsies, saka Tas Kungs.
11 ၁၁ ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
Jo priecājaties tik vien un lecat no prieka, jūs Manas mantības postītāji; lecat tik vien kā tele uz metiena un zviedzat kā ērzeļi.
12 ၁၂ ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည်။
Jūsu māte taps ļoti apkaunota, kas jūs dzemdējusi, tā nosarks; redzi, pagānu gals ir tuksnesis, sausums un posts.
13 ၁၃ ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
Aiz Tā Kunga dusmības tur nedzīvos, bet tā būs pavisam tuksnesis; visi, kas Bābelei ies garām, brīnīsies un svilpos par viņas mokām.
14 ၁၄ ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြ လော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။
Taisāties pret Bābeli visapkārt, visi, kas stopu velk, šaujiet uz to, netaupiet bultas, jo tā grēkojusi pret To Kungu.
15 ၁၅ မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။
Ceļat visapkārt kara troksni pret to! Tā padevusies, viņas pamati gruvuši, viņas mūri noārdīti. Jo tā ir Tā Kunga atriebšana; atriebjaties pret viņu, tā kā viņa darījusi, tā dariet viņai.
16 ၁၆ ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။
Izdeldat no Bābeles tā sējēju, kā to, kas sirpi ņem rokā pļaujamā laikā! No tā briesmīgā zobena ikviens griezīsies pie savas tautas un ikviens bēgs uz savu zemi.
17 ၁၇ ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။
Israēls ir noklīdusi avs, ko lauvas trenkājušas. Tas pirmais, kas viņu ēdis, bija Asīrijas ķēniņš, un nu pēdīgi Nebukadnecars, Bābeles ķēniņš, satriecis viņa kaulus.
18 ၁၈ ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေး မည်။
Tādēļ tā saka Tas Kungs Cebaot, Israēla Dievs: redzi, Es piemeklēšu Bābeles ķēniņu un viņa zemi, tā kā esmu piemeklējis Asīrijas ķēniņu,
19 ၁၉ ဣသရေလကိုသူ၏နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား၍၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည်။
Un vedīšu Israēli atpakaļ viņa dzīvoklī, un tas ganīsies pa Karmeli un Basanu, un viņa dvēsele taps pieēdināta pa Efraīma un Gileāda kalniem.
20 ၂၀ ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Tanīs dienās un tanī laikā, saka Tas Kungs, Israēla noziegums taps meklēts, bet vairs nebūs, un Jūda grēki, bet tie netaps atrasti, jo Es tiem piedošu, ko Es atlicināšu.
21 ၂၁ ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
Celies pret to divkārtīgo dumpotāju zemi un pret tiem iedzīvotājiem, kas taps piemeklēti; posti un deldē viņiem pakaļ dzīdamies, saka Tas Kungs, un dari, tā kā Es tev esmu pavēlējis.
22 ၂၂ ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။
Kara troksnis tai zemē un liels posts!
23 ၂၃ မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
Kā visas pasaules veseris salauzts un satriekts! Kā Bābele palikusi par posta vietu starp tautām!
24 ၂၄ အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။
Es tev esmu licis valgus, un tu nezinot esi savaldzināta, Bābele; tu esi atrasta un sagrābta, tādēļ ka tu Tam Kungam esi turējusies pretī.
25 ၂၅ ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။
Tas Kungs Savu mantas namu atdarījis un Savas dusmības rīkus ņēmis ārā, jo Tam Kungam, Tam Kungam Cebaot, ir darbs Kaldeju zemē.
26 ၂၆ မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့။
Nāciet šurp pret viņu no pasaules gala, atdariet viņas klētis, sametiet to kā labību kaudzēs, un izdeldiet to, ka no tās nekas neatliek.
27 ၂၇ သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။
Nokaujiet visus viņas vēršus, lai tie iet pie kaušanas. Ak vai, par tiem! Jo viņu diena ir nākusi, viņu piemeklēšanas laiks.
28 ၂၈ ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော် ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေ အံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံ ကို ကြားရ၏။
Klau! Bēgļi un izsprukušie no Bābeles zemes, lai pasludina Ciānā Tā Kunga, mūsu Dieva, atriebšanu, to atriebšanu Viņa nama dēļ.
29 ၂၉ လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
Sasauciet pret Bābeli strēlniekus; visi, kas stopu velkat, apmetaties ap viņu, ka neviens neizsprūk, atmaksājiet viņai pēc viņas darba, dariet viņai, tā kā viņa darījusi. Jo tā ir lepojusies pret To Kungu, to Svēto iekš Israēla.
30 ၃၀ ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
Tāpēc viņas jaunekļi kritīs pa viņas ielām, un visi viņas karavīri tai dienā taps izdeldēti, saka Tas Kungs.
31 ၃၁ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ။
Redzi, Es ceļos pret tevi, tu lepnā, saka Tas Kungs, Tas Kungs Cebaot: jo tava diena ir nākusi, tavas piemeklēšanas laiks.
32 ၃၂ မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ် သူမျှမကြွရ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။
Tad tā lepnā klups un kritīs, un nebūs, kas viņu uzcels, jo Es iededzināšu uguni viņas pilsētās; tas visu norīs visapkārt.
33 ၃၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။
Tā saka Tas Kungs Cebaot: Israēla bērni līdz ar Jūda bērniem ir nospaidīti, un visi, kas tos cietumā likuši, viņus tura stipri un liedzās viņus atlaist.
34 ၃၄ သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။
Bet viņu Pestītājs ir stiprs, Kungs Cebaot ir viņa vārds, viņš tiesādams tiesās viņu lietu, ka šo zemi dara dusam, bet Bābeles iedzīvotājus drebam.
35 ၃၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေး သည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။
Zobens nāks pār Kaldejiem, saka Tas Kungs, un pār Bābeles iedzīvotājiem, un pār viņas lielkungiem un pār viņas gudriem.
36 ၃၆ ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
Zobens nāks pār viņas zīlniekiem, ka tie top par ģeķiem, zobens pār viņas vareniem, ka tie baiļojās.
37 ၃၇ ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
Zobens pār viņas zirgiem un pār viņas ratiem un pār visu saskrējušo ļaužu pulku, kas ir viņas vidū, ka tie paliek par bābām; zobens pār viņas mantām, ka tās top laupītas.
38 ၃၈ ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
Kaltētājs nāks pār viņas ūdeņiem, ka tie izsīkst; jo tā ir elkdievīga zeme un trako ar saviem dievekļiem.
39 ၃၉ ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ် သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
Tāpēc tur mitīs tuksneša zvēri un kaucēji, ir jauni strausi tur dzīvos, un tā vairs netaps apdzīvota ne mūžam, un tur iedzīvotāju nebūs līdz radu radiem.
40 ၄၀ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော် မူ၏။
Tā kā Dievs apgāzis Sodomu un Gomoru un viņu kaimiņus, saka Tas Kungs, tā tur neviens nedzīvos nedz cilvēku bērns tur mitīs.
41 ၄၁ ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။
Redzi, tauta nāk no ziemeļa puses, liela tauta, un daudz ķēniņi cēlās no pasaules galiem.
42 ၄၂ လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။
Tiem ir stopi un šķēpi, tie ir bargi un nebūs žēlīgi, viņu balss kauks kā jūra, un tie jās uz zirgiem apbruņoti kā karavīri pret tevi, Bābeles meita!
43 ၄၃ သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
Bābeles ķēniņš dzird viņu baumu, un viņa rokas nogurst, bailes viņu sagrābj, sāpes kā sievu, kas dzemdē.
44 ၄၄ ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
Redzi, viņš ceļas kā lauva no Jardānes vareniem biezumiem pret stipriem dzīvokļiem; jo Es viņu no turienes piepeši aizdzīšu, un kas ir izredzēts, to Es pār to celšu. Jo kas ir tāds kā Es, un kas Mani sauks tiesā, un kas ir tas gans, kas Manā priekšā pastāvēs?
45 ၄၅ သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။
Tāpēc klausāt Tā Kunga padomu, ko Viņš nospriedis par Bābeli, un Viņa domas, ko Viņš nodomājis par Kaldeju zemi. Tiešām, viņus aizvedīs kā ganāmā pulka jērus; tiešām, viņu ganības iztrūcināsies par viņiem.
46 ၄၆ ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ၏။
Un zeme trīcēs no trokšņa, ka Bābele uzņemta, un brēkšana būs dzirdama starp tautām.