< ယေရမိ 49 >
1 ၁ အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။
Mengenai bani Amon. Beginilah firman TUHAN: "Tidak adakah anak Israel, tidak adakah ahli warisnya? Mengapakah dewa Milkom memiliki Gad, dan bangsanya mendiami kota-kotanya?
2 ၂ ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Sebab itu, sesungguhnya, waktunya akan datang, demikianlah firman TUHAN, bahwa Aku akan memperdengarkan tempik sorak peperangan terhadap Raba bani Amon. Kota itu akan menjadi anak bukit yang tandus, dan kota-kota jajahannya akan dibakar dengan api; maka Israel akan memiliki orang-orang yang dahulu memilikinya, firman TUHAN.
3 ၃ အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
Merataplah, hai Hesybon, sebab pembinasa telah maju menyerbu, berteriaklah, hai puteri-puteri Raba, kenakanlah kain kabung, berkabunglah, berjalan kelilinglah dengan luka toreh-torehan, sebab Milkom akan pergi ke dalam pembuangan bersama-sama dengan para imam dan pemuka-pemukanya.
4 ၄ ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိမိစည်းစိမ်၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည်။
Betapa engkau memegahkan dirimu dengan lembahmu, hai puteri yang congkak, yang percaya akan harta bendanya dan yang berkata: Siapakah yang berani datang menyerang aku?
5 ၅ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။
Sesungguhnya, Aku mendatangkan kekejutan atasmu demikianlah firman Tuhan ALLAH semesta alam, dari segala tempat di sekitarmu, sehingga kamu bersorak-sorak, masing-masing ke arahnya sendiri, dan tidak ada yang mengumpulkan orang-orang yang mengembara itu.
6 ၆ သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Tetapi sesudah itu Aku akan memulihkan keadaan bani Amon itu, demikianlah firman TUHAN."
7 ၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန် ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဥာဏ်သည် ဆုံးသလော။
Mengenai Edom. Beginilah firman TUHAN semesta alam: "Tidak adakah lagi kebijaksanaan di Teman? Sudah hilangkah pertimbangan dari orang-orang yang berakal budi, sudah busukkah kebijaksanaan mereka?
8 ၈ အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြ လော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရ သောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည်။
Larilah cepat, bersembunyilah dalam liang-liang, hai penduduk Dedan! Sebab malapetaka akan Kudatangkan atas Esau, pada waktu Aku menghukum dia.
9 ၉ စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။
Jika pemetik buah anggur datang kepadamu, mereka tidak akan meninggalkan sisa-sisa pemetikannya! Jika malam-malam pencuri datang kepadamu, mereka akan merusakkan sepuas-puasnya!
10 ၁၀ ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည်။
Tetapi Aku ini telah menelanjangi Esau, telah menyingkapkan tempat-tempat persembunyiannya, sehingga ia tidak dapat menyembunyikan diri lagi. Keturunannya telah binasa dan saudara-saudaranya dan bangsa-bangsa tetangganya tidak ada lagi.
11 ၁၁ သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။
Tinggalkanlah anak-anak yatimmu, aku akan menghidupi mereka; biarlah janda-jandamu menaruh kepercayaan padaku!"
12 ၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ်၍ သောက် ကြသည် မှန်လျှင်၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော။ မလွတ်ဘဲမနေရ။ စင်စစ်သောက် ရမည်။
Sebab beginilah firman TUHAN: "Sedangkan orang-orang yang tidak selayaknya meminum isi piala itu telah terpaksa meminumnya, masakan engkau ini akan bebas dari hukuman? Engkau tidak akan bebas dari hukuman, tetapi mesti meminumnya!
13 ၁၃ ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူစိတ် ညံရာ၊ ကျိန်ဆဲရာဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံ သည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
Sebab Aku telah bersumpah demi diri-Ku, demikianlah firman TUHAN, bahwa Bozra akan menjadi ketandusan, cela, keruntuhan dan kutuk, dan segala kotanya akan menjadi reruntuhan yang kekal."
14 ၁၄ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။
Suatu kabar telah kudengar dari TUHAN, seorang utusan telah disuruh ke tengah-tengah bangsa-bangsa: "Berkumpullah, pergilah menyerangnya, bersiaplah untuk bertempur!
15 ၁၅ တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
Sebab sesungguhnya, Aku membuat engkau kecil di antara bangsa-bangsa, dihinakan di antara manusia.
16 ၁၆ ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ၏။
Sikapmu yang menggemetarkan orang memperdayakan engkau, dan keangkuhan hatimu, ya engkau yang tinggal di liang-liang batu, yang menduduki tempat tinggi bukit! Sekalipun engkau membuat sarangmu tinggi seperti burung rajawali, Aku akan menurunkan engkau dari sana, demikianlah firman TUHAN.
17 ၁၇ ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
Edom akan menjadi ketandusan; setiap orang yang melewatinya akan merasa ngeri dan bersuit karena segala pukulan yang dideritanya.
18 ၁၈ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့ တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
Seperti pada waktu ditunggangbalikkannya Sodom dan Gomora dan kota-kota tetangganya--firman TUHAN--maka seorangpun tidak akan diam lagi di sana dan seorang manusiapun tidak akan tinggal lagi di dalamnya.
19 ၁၉ ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
Sesungguhnya, seperti singa yang bangkit keluar dari hutan belukar sungai Yordan mendatangi padang rumput tempat kawanan domba, demikianlah Aku akan membuat mereka lari dengan tiba-tiba dari negeri itu dan mengangkat di dalamnya dia yang Kupilih. Sebab siapakah yang seperti Aku? Siapakah yang berani mendakwa Aku? Siapakah gerangan gembala yang tahan menghadapi Aku?
20 ၂၀ သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
Sebab itu dengarlah putusan yang telah diambil TUHAN terhadap Edom dan rancangan-rancangan yang telah dibuat-Nya terhadap penduduk Teman: Bahwa sesungguhnya, yang paling lemahpun di antara kawanan domba akan diseret. Bahwa sesungguhnya, padang rumput mereka sendiri akan merasa ngeri terhadap mereka.
21 ၂၁ သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ၏။
Bumi akan goncang karena bunyi jatuhnya mereka; teriakan mereka akan terdengar bunyinya di Laut Teberau.
22 ၂၂ ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။
Sesungguhnya, ia naik terbang seperti burung rajawali, melayang dan mengembangkan sayapnya ke atas Bozra. Hati para pahlawan Edom pada waktu itu akan seperti hati perempuan yang sakit beranak."
23 ၂၃ ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။
Mengenai Damsyik. "Hamat dan Arpad telah menjadi malu, sebab mereka mendengar kabar buruk; hati mereka gemetar karena kecemasan, tidak dapat menjadi tenang.
24 ၂၄ ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲ ကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
Damsyik telah menjadi lemah semangat, berpaling untuk lari, kegemparan telah mencekam dia, kesesakan dan sakit beranak telah menggenggam dia seperti seorang perempuan yang sedang melahirkan.
25 ၂၅ အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
Sungguh, kota yang terpuji itu sudah ditinggalkan, kota kegirangan itu!
26 ၂၆ သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်။
Sebab itu teruna-terunanya akan rebah di tanah-tanah lapangnya dan semua prajuritnya akan menjadi bungkam pada waktu itu, demikianlah firman TUHAN semesta alam.
27 ၂၇ ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏ နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
Aku akan menyalakan api di tembok Damsyik, yang menghanguskan puri Benhadad."
28 ၂၈ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
Mengenai Kedar dan mengenai kerajaan-kerajaan Hazor yang dipukul kalah oleh Nebukadnezar, raja Babel. Beginilah firman TUHAN: "Bersiaplah, majulah melawan Kedar, binasakanlah orang-orang di sebelah timur!
29 ၂၉ သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။
Hendaklah kemah-kemah mereka dan kawanan domba mereka dirampas sampai bersih, tenda-tenda mereka dan segala perabot mereka; hendaklah unta-unta mereka habis dibawa serta, dan hendaklah berteriak-teriak kepada mereka: Kegentaran dari segala jurusan!
30 ၃၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော် ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။
Larilah, mengungsilah cepat-cepat, bersembunyilah dalam liang-liang, hai penduduk Hazor! demikianlah firman TUHAN. Sebab Nebukadnezar, raja Babel, telah mengambil putusan terhadap kamu dan telah membuat rancangan terhadap kamu.
31 ၃၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြ လော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။
Bersiaplah, majulah melawan bangsa yang hidup sentosa, yang diam dengan aman tenteram, demikianlah firman TUHAN, dan yang tidak punya pintu gerbang atau palang, dan yang tinggal tersendiri!
32 ၃၂ သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ် တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Unta-unta mereka akan menjadi jarahan, dan ternak mereka yang banyak itu menjadi rampasan! Aku akan menyerakkan ke segala mata angin mereka yang berpotong tepi rambutnya berkeliling, dan dari segala penjuru Aku akan mendatangkan bencana atas mereka, demikianlah firman TUHAN.
33 ၃၃ ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံ တယောက်မျှမနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။
Hazor akan menjadi tempat persembunyian bagi serigala, menjadi tempat tandus sampai selama-lamanya; seorangpun tidak akan diam lagi di sana dan seorang manusiapun tidak akan tinggal lagi di dalamnya."
34 ၃၄ ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊
Firman TUHAN yang datang kepada nabi Yeremia mengenai Elam, pada permulaan pemerintahan Zedekia, raja Yehuda:
35 ၃၅ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။
Beginilah firman TUHAN semesta alam: "Sesungguhnya, Aku mematahkan busur Elam, yakni inti kekuatannya.
36 ၃၆ အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။
Aku akan mendatangkan atas Elam keempat angin dari keempat penjuru langit dan akan menyerakkan mereka ke segala mata angin ini, sehingga tidak ada bangsa yang tidak kedatangan orang-orang yang berserakan dari Elam.
37 ၃၇ ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Aku akan membuat Elam terkejut di depan para musuhnya dan di depan orang-orang yang berusaha mencabut nyawanya. Aku akan mendatangkan atasnya malapetaka, yakni murka-Ku yang menyala-nyala, demikianlah firman TUHAN. Aku akan menyuruh pedang mengejar mereka sampai mereka Kuhabiskan.
38 ၃၈ ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Aku akan menaruh takhta-Ku di Elam, dan Aku akan membinasakan dari sana raja dan pemuka-pemuka, demikianlah firman TUHAN.
39 ၃၉ သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Tetapi di kemudian hari Aku akan memulihkan keadaan Elam, demikianlah firman TUHAN."