< ယေရမိ 47 >
1 ၁ ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ၊ ဖိလိတ္တိအမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊
၁ဖာရော ဘုရင်သည် ဂါဇ မြို့ကို မ လုပ်ကြံ မှီ၊ ဖိလိတ္တိ အမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိ သို့ ရောက်လာ သော နှုတ်ကပတ် တော်အားဖြင့်၊
2 ၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက်၊ တပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့် မြို့၌နေသော သူတို့ကို၎င်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည်။
၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေ သည်ထ ၍ လွှမ်းမိုး သောပင်လယ် ဖြစ် လျက် ၊ တပြည်လုံး နှင့် ၊ ပြည်၌ ပါသမျှ ကို၎င်း ၊ မြို့ နှင့် မြို့၌ နေ သောသူတို့ ကို၎င်းလွှမ်းမိုး ၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူ ပြည်သားတို့သည် မြည်တမ်း ကြ လိမ့်မည်။
3 ၃ ရန်သူစီးသော မြင်းခွါသံ၊ စိုင်းသောရထား ဘီးများ မြည်သံကြောင့်၊ အဘတို့သည် လက်အားလျော့၍ သားတို့ကိုပြန်မကြည့်ကြ။
၃ရန်သူ စီးသော မြင်းခွါ သံ ၊ စိုင်းသောရထား ဘီး များ မြည်သံ ကြောင့် ၊ အဘ တို့သည် လက် အားလျော့ ၍ သား တို့ကိုပြန် မ ကြည့်ကြ။
4 ၄ အကြောင်းမူကား၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူ အကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည် ရောက်၍၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန် ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်း တော်မူမည်။
၄အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။
5 ၅ ဂါဇမြို့သည်ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှ ကေလုန်မြို့နှင့် ကျန်ကြွင်းသောချိုင့်အရပ်သည်ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည် နည်း။
၅ဂါဇ မြို့သည်ဆံပင် ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန် မြို့နှင့် ကျန်ကြွင်း သောချိုင့် အရပ်သည်ပျက်စီး ပြီ။ အဘယ်မျှ ကာလပတ်လုံးကိုယ်အသားကို ခုတ်ဖြတ် ရ မည်နည်း။
6 ၆ အိုထာဝရဘုရား၏ထားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ် အိမ်၌ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။
၆အို ထာဝရဘုရား ၏ ထား တော်၊ သင်သည် အဘယ်မျှ ကာလပတ်လုံးမ ငြိမ် ဘဲနေမည်နည်း။ ကိုယ် အိမ် ၌ ဝင် ၍နေလော့။ နေရာကျ ၍ ငြိမ်ဝပ် စွာနေလော့။
7 ၇ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရား မှာထားတော်မူသောကြောင့်၊ အဘယ် သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်း ငှါ ခန့်ထားတော်မူ၏။
၇အာရှကေလုန် မြို့နှင့် ပင်လယ် ကမ်း အမှု၌ ထာဝရဘုရား မှာထား တော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ် စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှါခန့်ထား တော်မူ၏။