< ယေရမိ 46 >

1 တပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် တည်းဟူသော၊
တပါး အမျိုးကိုရည်မှတ် ၍ ပရောဖက် ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် တည်းဟူသော၊
2 ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား၊
ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ကာခေမိတ် အရပ်၊ ဥဖရတ် မြစ် နား ၌ တပ်ချ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော အဲဂုတ္တု ရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တု ပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
3 ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။
ဒိုင်း လွှား တို့ကို ပြင်ဆင် ၍ ၊ စစ်တိုက် ခြင်းငှါ ချဉ်းကပ် ကြလော့။
4 မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။
မြင်းစီး သူရဲများတို့၊ မြင်း ကို ကကြိုး တန်ဆာဆင်၍ စီး ပြီးလျှင် ၊ သံ ခမောက်လုံးကို ဆောင်းလျက် ထွက် ကြလော့။ လှံ တို့ကိုပွတ် ကြလော့။ သံချပ် အင်္ကျီတို့ကို ဝတ် ကြလော့။
5 သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
သူ တို့သည်ကြောက်ရွံ့ ၍ ဆုတ် သွားကြသည်ကို အဘယ်ကြောင့် ငါမြင် ရသနည်း။ အားကြီး သောသူတို့ သည် ရှုံး သဖြင့် ပြန် ၍မ ကြည့်ဝံ့။ အလျင်အမြန်ပြေး ကြ ၏။ ပတ်လည် အရပ်၌ ဘေး ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
6 လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီး သော သူကိုမလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက် မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။
လျင်မြန် သောသူကို မ ပြေး စေနှင့်။ အားကြီး သော သူကိုမ လွတ် စေနှင့်။ ဥဖရတ် မြစ် နား ၊ မြောက် မျက်နှာ၌ ထိမိ ၍ လဲ ကြလိမ့်မည်။
7 နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာသော ဤသူကား အဘယ်သူနည်း။
နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ သောဤ သူကား အဘယ်သူ နည်း။
8 အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။
အဲဂုတ္တု ပြည်သည် နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ လျက်၊ ငါသည် ထ ၍ မြေကြီး ကို လွှမ်းမိုး မည်။ မြို့ နှင့်တကွ မြို့သား တို့ကို ဖျက်ဆီး မည်ဟု ပြောဆို ၏။
9 မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
မြင်း များတို့၊ တက် ကြလော့။ ရထား များတို့၊ ဟုန်းဟုန်း မြည်ကြလော့။ သူရဲ များတည်းဟူသော၊ ဒိုင်း လွှားကို ကိုင် တတ်သော ကုရှ အမျိုး၊ ဖုတ အမျိုးသား၊ လေး ကိုကိုင် ၍ ပစ် တတ်သောလုဒိ အမျိုးသားတို့သည် ထွက်သွား ကြစေ။
10 ၁၀ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ၊ ထားတော်သည် ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ၏။
၁၀ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ရန်သူ တို့ကို ဒဏ် ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ ရက်ဖြစ်သည်နှင့်အညီ ၊ ထား တော်သည် ကိုက်စား ၍ဝ လိမ့်မည်။ သူ တို့အသွေး နှင့် ယစ်မူး လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အဘို့ ၊ မြောက် မျက်နှာ၌ ဥဖရတ် မြစ် နား မှာ ယဇ် ပူဇော်စရာ အကြောင်း ရှိ၏။
11 ၁၁ အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက် နိုင်ရာ။
၁၁အိုအဲဂုတ္တု သတို့သမီး ကညာ ၊ ဂိလဒ် ပြည်သို့ သွား ၍ဗာလစံစေး ကို ယူ လော့။ သင်သည်များစွာ သော ဆေး ကိုအချည်းနှီး သုံးတတ်၏။ သင် ၏အနာ မ ပျောက် နိုင်ရာ။
12 ၁၂ သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်းတယောက်နှင့် တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။
၁၂သင် သည် အရှက်ကွဲ ကြောင်းကို လူမျိုး တို့သည် ကြား ကြပြီ။ သင် မြည်တမ်း သော အသံသည်မြေ တပြင်လုံး၌ နှံ့ပြား ပြီ။ သူရဲချင်း တယောက်နှင့် တယောက်ထိခိုက် ၍၊ နှစ် ယောက်တို့သည်လဲ ကြပြီဟု မိန့်တော်မူ၏။
13 ၁၃ အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား၊
၁၃အဲဂုတ္တု ပြည် ကိုလုပ်ကြံ ခြင်းငှါ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လာ မည်အကြောင်းကြောင့်၊ ထာဝရဘုရား သည် ပရောဖက် ယေရမိ အား မိန့် တော်မူသော စကား ဟူမူကား၊
14 ၁၄ သင့်ပတ်လည်၌နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
၁၄သင့် ပတ်လည် ၌နေသောသူတို့ကို ထား တော် သည် ကိုက်စား ပြီ။ ကိုယ် ကိုပြင်ဆင် ၍ မြဲမြံစွာ နေ လော့ ဟု အဲဂုတ္တု ပြည်၌ ကြွေးကြော် ကြလော့။ မိဂဒေါလ မြို့၌ သိတင်းကြား ကြလော့။ နောဖ မြို့၊ တာပနက် မြို့၌ လည်း ကြားပြော ကြလော့။
15 ၁၅ သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။
၁၅သင် ၏သူရဲ သည် အဘယ်ကြောင့် ရှုံး သနည်း။ ထာဝရဘုရား တွန်းချ တော်မူသောကြောင့် ၊ သူသည် မ ရပ် မနေနိုင်ရာ။
16 ၁၆ လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။
၁၆လူများတို့သည် ထိမိ ၍တယောက် အပေါ် မှာ တယောက်လဲ စေခြင်းငှါပြုတော်မူသည်ဖြစ်၍ ၊ သူတို့က၊ ထ ကြကုန်အံ့။ ညှဉ်းဆဲ တတ်သော ထား ကြောင့် ကိုယ် အမျိုး ၊ ကိုယ် နေရင်း ပြည် သို့ ပြန် ကြကုန်အံ့ဟု ပြောဆို ကြ၏။
17 ၁၇ ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
၁၇ရောက်ပြီးမှအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းသည် ဆုံးရှုံးပြီ။ စည်းဝေး ရသောအချိန်ကို လွန် စေပြီဟု ဟစ် ကြ၏။
18 ၁၈ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာလိမ့်မည်။
၁၈ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟု ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူသည်ကား၊ ငါ သည် အသက် ရှင်သည်ဖြစ်၍၊ တောင် တို့တွင် တာဗော် တောင် ကဲ့သို့ ၎င်း ၊ ပင်လယ် နား မှာကရမေလ တောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာ လိမ့်မည်။
19 ၁၉ နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည်။
၁၉နေရာ ကျသော အဲဂုတ္တု သတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံး အဆောင်များကို ပြင် လော့။ အကြောင်း မူကား၊ နောဖ မြို့သည် နေ သောသူမ ရှိအောင် သုတ်သင် ဖျက်ဆီးခြင်းကိုခံရမည်။
20 ၂၀ အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။
၂၀အဲဂုတ္တု ပြည်သည်အဆင်း လှသော နွားမ ဖြစ်၏။ သို့ရာတွင်၊ မြောက် မျက်နှာဘက်က နှောင့်ရှက် ခြင်း အကြောင်းပေါ်လာ ၏။
21 ၂၁ သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။
၂၁သူငှါး တို့သည် သူ ၏အလယ် ၌ ဆူ အောင် ကျွေးသောနွား ကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီး ခြင်းနေ့ ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ရောက် သောကြောင့် ၊ သူတို့ သည် မ ရပ် မနေ၊ ကျောကိုလှည့် ၍ တညီတညွတ် တည်းပြေး သွားကြ၏။
22 ၂၂ သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
၂၂သစ် ခုတ် သောသူကဲ့သို့ ပုဆိန် ပါလျက်၊ လူ အလုံးအရင်းနှင့်တကွချီလာ ကြသောအခါ၊ သူ ၏စကားသံ သည် မြွေ မြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
23 ၂၃ ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၂၃ထိုတောသည် အလွန် ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင် ထက်မက မ ရေတွက် နိုင်အောင် များသောကြောင့်ခုတ်လှဲ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24 ၂၄ အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ။
၂၄အဲဂုတ္တု သတို့သမီး သည် မိန်းမော တွေဝေလျက် ရှိ၏။ မြောက် မျက်နှာပြည်သား တို့ လက် သို့ ရောက် လေပြီ။
25 ၂၅ ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်း ဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည်။
၂၅ဣသရေလ အမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နော မြို့၌ရှိသောအမ္မုန် ဘုရားနှင့် ဖာရော ဘုရင်မှစ၍အဲဂုတ္တု ပြည်သားဘုရား များ၊ ရှင် ဘုရင်များတည်းဟူသော၊ ဖာရော ဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သောသူတို့ ကို ငါ ဆုံးမ မည်။
26 ၂၆ သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည်။ ထိုနောက်မှတဖန် အဲဂုတ္တု ပြည်သည်အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၂၆သူ တို့အသက် ကို ရှာ သောသူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းနှင့် သူ ၏ ကျွန် တို့ လက် သို့ သူ တို့ကို ငါအပ် မည်။ ထိုနောက် မှတဖန် အဲဂုတ္တု ပြည်သည်အရင် ကဲ့သို့ စည်ပင် လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
27 ၂၇ အိုငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှ၎င်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှ၎င်း ငါနှုတ် ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည်ပြန်လာ၍၊ ချောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရ လိမ့်မည်။
၂၇အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့်ကိုဝေး သောအရပ်မှ ၎င်း ၊ သင် ၏အမျိုးသား တို့ကို သိမ်းသွား ရာ ပြည် မှ ၎င်း ငါ နှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ် အမျိုးသည်ပြန်လာ ၍၊ ချောက်လှန့် သောသူမ ရှိ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရ လိမ့်မည်။
28 ၂၈ ငါ့ကျွန်ယာကုပ်မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း၊ သင့်ကို မဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၂၈ငါ့ ကျွန် ယာကုပ် မ ကြောက် နှင့်။ သင် နှင့်အတူ ငါ ရှိ၏။ သင့် ကို ငါနှင်ထုတ် သော တိုင်း နိုင်ငံရှိသမျှ တို့ကို ငါသည်ဆုံး စေသော်လည်း ၊ သင့် ကို မ ဆုံး စေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ် မ လွှတ်ဘဲ အတော်အတန်ဆုံးမ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< ယေရမိ 46 >