< ယေရမိ 44 >
1 ၁ အဲဂုတ္တု ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့်၊
Có lời truyền cho Giê-rê-mi về hết thảy người Giu-đa ở trong đất Ê-díp-tô, tại Mít-đôn, Tác-pha-nết, Nốp, và trong xứ Pha-trốt, rằng:
2 ၂ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
Đức Giê-hô-va vạn quân, Đức Chúa Trời của Y-sơ-ra-ên, phán như vầy: Các ngươi có thấy mọi tai vạ mà ta đã giáng cho Giê-ru-sa-lem và các thành của Giu-đa. Kìa, những thành ấy ngày nay hoang vu không dân ở,
3 ၃ ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့၍ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း။
vì cớ tội ác dân chúng nó đã phạm để chọc giận ta, đi đốt hương và hầu việc các thần khác mà chúng nó và các ngươi cùng tổ phụ các ngươi cũng chưa từng biết đến.
4 ၄ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း၊
Dầu vậy, ta đã sai mọi tôi tớ ta, tức các tiên tri, đến cùng các ngươi; ta dậy sớm sai họ đến đặng bảo các ngươi rằng: Oâi! sự gớm ghiếc mà ta ghét đó thì đừng phạm đến.
5 ၅ သူတို့သည်အခြားတပါးသော ဘုရားအားနံ့သာ ပေါင်းကို မီးမရှို့၊ ဒုစရိုက်ကို ရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု၊မနာမယူဘဲ နေကြ၏။
Nhưng chúng nó chẳng nghe, chẳng để tai vào, chẳng chừa sự dữ, và cứ đốt hương cho các thần khác.
6 ၆ ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်း လောင်း၍၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည်ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ်ဖြစ်ကြ၏။
Vì vậy cơn giận và sự thạnh nộ của ta đã đổ ra như lửa đốt nơi các thành của Giu-đa và các đường phố của Giê-ru-sa-lem; và chúng nó bị đổ nát hoang vu như có ngày nay.
7 ၇ ယခုမှာဣသရေလမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင်၊
Bây giờ Giê-hô-va, Đức Chúa Trời vạn quân, Đức Chúa Trời của Y-sơ-ra-ên, phán như vầy: Sao các ngươi phạm tội trọng dường ấy nghịch cùng mạng sống mình, để cho đàn ông, đàn bà, trẻ con, trẻ đang bú, bị cất khỏi giữa Giu-đa, đến nỗi dân các ngươi không còn lại chút nào;
8 ၈ ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ၎င်း၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသောအဲဂုတ္တု ပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒ အမျိုးယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။
bởi các ngươi chọc giận ta bằng những việc tay mình làm ra, đốt hương cho các thần khác trong đất Ê-díp-tô, là nơi các ngươi mới đến trú ngụ; đến nỗi các ngươi chuốc lấy sự hủy diệt cho mình, đem mình làm cớ rủa sả sỉ nhục giữa các dân thiên hạ?
9 ၉ ယုဒပြည်၌၎င်း၊ ယေရုရှလင်လမ်းတို့၌၎င်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသော ဒုစရိုက်၊ သင်တို့ ကိုယ်တိုင်ပြုသော ဒုစရိုက်၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။
Các ngươi đã quên điều ác của tổ phụ mình, điều ác của các vua Giu-đa, điều ác của các hoàng hậu, điều ác của chính các ngươi cùng vợ mình đã phạm trong đất Giu-đa và trong các đường phố Giê-ru-sa-lem hay sao?
10 ၁၀ ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်း သို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။
Chúng nó chẳng hạ mình xuống cho đến ngày nay, chẳng kính sợ, chẳng bước theo luật pháp mạng lịnh ta đã để trước mặt các ngươi và tổ phụ các ngươi.
11 ၁၁ သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည်။
Vậy nên Đức Giê-hô-va vạn quân, Đức Chúa Trời của Y-sơ-ra-ên, phán như vầy: Nầy, ta sẽ để mặt ta nghịch cùng các ngươi mà giáng họa cho, và diệt cả Giu-đa.
12 ၁၂ အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။
Ta sẽ lấy dân Giu-đa sót lại, tức những kẻ đã xây mặt vào đất Ê-díp-tô đặng trú ngụ ở đó; chúng nó sẽ bị diệt tại đó hết thảy. Chúng nó sẽ ngã trên đất Ê-díp-tô, chết dưới gươm hay là bởi đói kém. Kẻ nhỏ người lớn sẽ đều chết vì gươm vì đói kém, là cớ cho người ta trù ẻo, gở lạ, rủa sả, sỉ nhục.
13 ၁၃ ယေရုရှလင်မြို့သားတို့ကို ထားဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊
Ta sẽ phạt những kẻ ở trong đất Ê-díp-tô, như đã phạt Giê-ru-sa-lem bằng gươm dao, đói kém, và ôn dịch;
14 ၁၄ အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
đến nỗi trong những dân Giu-đa sót lại đến Ê-díp-tô đặng trú ngụ, thì chẳng có ai thoát khỏi, hay sót lại, đặng trở về đất Giu-đa, là nơi chúng nó còn mong trở về ở. Chúng nó sẽ không trở về được, trừ ra những kẻ tránh khỏi mà thôi.
15 ၁၅ ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား၊
Bấy giờ, hết thảy những người biết vợ mình đốt hương cho các thần khác, hết thảy đàn bà đứng tại đó nhóm thành một hội đông, tức mọi dân sự ở trong đất Ê-díp-tô, tại Pha-trốt, đáp cùng Giê-rê-mi rằng:
16 ၁၆ သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။
Về sự ông nhân danh Đức Giê-hô-va mà nói cùng chúng tôi, thì chúng tôi không khứng nghe đâu.
17 ၁၇ ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။
Nhưng chúng ta chắc sẽ làm trọn mọi lời đã ra từ miệng chúng tôi, sẽ đốt hương và làm lễ quán cho nữ vương trên trời, như chúng tôi cùng tổ phụ, vua, quan trưởng chúng tôi đã làm trong các thành của Giu-đa và các đường phố Giê-ru-sa-lem; vì lúc bấy giờ chúng tôi có bánh đặng no mình, hưởng phước, chẳng thấy tai vạ gì.
18 ၁၈ ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
Nhưng, từ khi chúng tôi thôi đốt hương và làm lễ quán cho nữ vương trên trời, thì chúng tôi thiếu thốn mọi sự, và bị nuốt bởi gươm dao đói kém.
19 ၁၉ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။
Vả lại, khi chúng tôi đốt hương và làm lễ quán cho nữ vương trên trời, chúng tôi làm bánh để thờ lạy người, và dâng lễ quán cho người nữa, thì chồng chúng tôi há chẳng biết hay sao?
20 ၂၀ ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်း တို့အား ယေရမိပြန်ပြောသည်ကား၊
Giê-rê-mi bèn nói cùng cả dân sự, đàn ông, đàn bà, và mọi kẻ đã trả lời cho người như vậy, rằng:
21 ၂၁ သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရု ရှလင်လမ်းများ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရ ဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော် မူသလော။
Các ngươi cùng tổ phụ, các vua các quan trưởng mình, và dân trong đất, đã đốt hương trong các thành Giu-đa và trong các đường phố Giê-ru-sa-lem, Đức Giê-hô-va há chẳng đã nhớ lấy và đã ghi trong ý tưởng Ngài sao?
22 ၂၂ သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။
Vì cớ sự hung ác của việc làm các ngươi và sự gớm ghiếc các ngươi đã phạm, nên Đức Giê-hô-va không chịu được nữa. Vì vậy đất các ngươi đã trở nên hoang vu, gở lạ, và sự rủa sả, chẳng có ai ở, như có ngày nay.
23 ၂၃ သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
Aáy là bởi các ngươi đã đốt hương và đã phạm tội nghịch cùng Đức Giê-hô-va, bởi các ngươi chẳng vâng theo tiếng Đức Giê-hô-va, và không bước theo luật pháp, mạng lịnh, và sự dạy dỗ của Ngài, nên tai vạ nầy đã đến cho các ngươi, như có ngày nay.
24 ၂၄ တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
Giê-rê-mi lại nói cùng dân sự và mọi người đàn bà rằng: Hỡi cả dân Giu-đa hiện ở trong đất Ê-díp-tô, hãy nghe lời của Đức Giê-hô-va.
25 ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့်သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍ သွန်းလောင်းပူဇော် သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ် နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိ ကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည်။
Đức Giê-hô-va vạn quân, Đức Chúa Trời của Y-sơ-ra-ên, phán như vầy: Các ngươi và vợ các ngươi đã nói ra từ miệng mình, và lấy tay làm trọn điều mình đã nói rằng: Thật chúng ta sẽ làm thành lời mình đã khấn nguyện, đốt hương, và làm lễ quán cho nữ vương trên trời. Vậy các ngươi khá giữ vững lời nguyện mình và làm trọn lời nguyện.
26 ၂၆ သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။
Cho nên, hỡi cả dân Giu-đa hiện ở trong đất Ê-díp-tô, hãy nghe lời Đức Giê-hô-va. Đức Giê-hô-va có phán: Nầy ta lấy danh lớn mình mà thề, trong khắp đất Ê-díp-tô sẽ chẳng có một người Giu-đa nào còn mở miệng xưng danh ta nữa, mà rằng: Thật như Chúa Giê-hô-va hằng sống!
27 ၂၇ သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။
Nầy, ta sẽ tỉnh thức đặng xuống họa cho chúng nó mà không xuống phước; mọi người Giu-đa ở trong đất Ê-díp-tô sẽ đều bị vồ nuốt bởi gươm dao đói kém cho đến đã diệt hết.
28 ၂၈ သို့ရာတွင်၊ ထားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန် အကြွင်းတို့သည် သိကြလိမ့်မည်။
Chỉ có một số rất ít người sẽ được thoát khỏi gươm dao, từ đất Ê-díp-tô trở về trong đất Giu-đa; và mọi người Giu-đa còn sót lại, tức những kẻ đã đến đặng trú ngụ trong đất Ê-díp-tô nầy, thì sẽ biết lời nào được nghiệm, lời của ta hay là lời của chúng nó.
29 ၂၉ ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား၊
Đức Giê-hô-va phán: Nầy là dấu mà các ngươi bởi đó biết ta sẽ hình phạt các ngươi trong nơi nầy, để các ngươi biết rằng lời ta phán về tai họa các ngươi chắc ứng nghiệm.
30 ၃၀ ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ၏ ရန်သူ တည်းဟူသော ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
Đức Giê-hô-va phán như vầy: Nầy, ta sẽ phó Pha-ra-ôn-Hốp-ra, vua Ê-díp-tô, trong tay kẻ thù nó và kẻ đòi mạng nó, như đã phó Sê-đê-kia, vua Giu-đa, trong tay Nê-bu-cát-nết-sa, vua Ba-by-lôn, là kẻ thù và đòi mạng Sê-đê-kia.