< ယေရမိ 44 >
1 ၁ အဲဂုတ္တု ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့်၊
၁အဲဂုတ္တု ပြည် ၊ မိဂဒေါလ မြို့၊ တာပနက် မြို့၊ နောဖ မြို့၊ ပါသရု အရပ် ၌ နေ သောယုဒ လူအပေါင်း တို့ကို ရည်မှတ် ၍ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်အားဖြင့်၊
2 ၂ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
၂ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့အစ ရှိသော ယုဒ မြို့ ရွာ အရပ်ရပ် တို့အပေါ် သို့ ငါရောက် စေသော ဘေးဒဏ် ကို သင် တို့သည် မြင် ကြပြီ။
3 ၃ ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့၍ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း။
၃ကြည့်ရှု ကြလော့။ ယနေ့ မှာ ထိုမြို့ရွာတို့သည်၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ သောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မ သိ ၊ ဘိုးဘေး တို့မသိ၊ အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ ၍ဝတ်ပြု သဖြင့်၊ ငါ ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ ပြု ကြသောဒုစရိုက် ကြောင့် ဤအမှု ရောက်သတည်း။
4 ၄ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း၊
၄ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း ၊
5 ၅ သူတို့သည်အခြားတပါးသော ဘုရားအားနံ့သာ ပေါင်းကို မီးမရှို့၊ ဒုစရိုက်ကို ရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု၊မနာမယူဘဲ နေကြ၏။
၅သူတို့သည်အခြား တပါးသော ဘုရား အား နံ့သာပေါင်း ကို မီးမ ရှို့၊ ဒုစရိုက် ကို ရှောင် မည်အကြောင်း နားထောင် ခြင်းကို မ ပြု၊ မ နာ မယူဘဲ နေကြ၏။
6 ၆ ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်း လောင်း၍၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည်ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ်ဖြစ်ကြ၏။
၆ထိုကြောင့် ၊ ငါ ၏အမျက် အရှိန် ကို ငါသွန်းလောင်း ၍ ၊ ယုဒ မြို့ များ ယေရုရှလင် လမ်း များတို့၌ အမျက်မီး ရှို့သဖြင့် ၊ သူတို့သည်ယနေ့ ၌ ဖြစ် သကဲ့သို့ သုတ်သင် ပယ်ရှင်း ရာအရပ်ဖြစ်ကြ၏။
7 ၇ ယခုမှာဣသရေလမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင်၊
၇ယခု မှာဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ၊ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ် လိုသောငှါ ၎င်း၊ မြေကြီး ပေါ်မှာ လူ အမျိုးမျိုး တို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာ ဖြစ် လိုသောငှါ ၎င်း၊
8 ၈ ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ၎င်း၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသောအဲဂုတ္တု ပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒ အမျိုးယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။
၈သွား ၍နေ သောအဲဂုတ္တု ပြည် ၌ အခြားတပါး သောဘုရား တို့အား နံ့သာပေါင်းကိုမီးရှို့ လျက်၊ ကိုယ်တိုင် ပြုသောအမှု နှင့် ငါ ၏အမျက် ကိုနှိုးဆော်သဖြင့်၊ သင် တို့တွင် တယောက်မျှမ ကြွင်း ၊ ယုဒ အမျိုးယောက်ျား မိန်းမ ၊ သူငယ် နို့စို့ကလေး အပေါင်းတို့ကိုပယ်ဖြတ် မည်အကြောင်း၊ ကြီးစွာ သောဒုစရိုက် ကို ကိုယ် စိတ်ဝိညာဉ် တဘက် ၌ အဘယ်ကြောင့် ပြု ကြသနည်း။
9 ၉ ယုဒပြည်၌၎င်း၊ ယေရုရှလင်လမ်းတို့၌၎င်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသော ဒုစရိုက်၊ သင်တို့ ကိုယ်တိုင်ပြုသော ဒုစရိုက်၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။
၉ယုဒ ပြည် ၌ ၎င်း ၊ ယေရုရှလင် လမ်း တို့၌ ၎င်း ၊ သင် တို့ဘိုးဘေး များ ပြုသောဒုစရိုက် ၊ ယုဒ ရှင် ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရား များပြုသောဒုစရိုက် ၊ သင် တို့ကိုယ်တိုင်ပြုသောဒုစရိုက် ၊ သင် တို့မယား များပြုသောဒုစရိုက် တို့ကို မေ့လျော့ ကြပြီလော။
10 ၁၀ ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်း သို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။
၁၀ယနေ့ တိုင်အောင် သူတို့သည် နှိမ့်ချ သောစိတ် မ ရှိ၊ ကြောက်ရွံ့ သောစိတ်မ ရှိ၊ ငါ ၏တရား လမ်း သို့ မ လိုက် ၊ သင် တို့မှစ၍သင် တို့ဘိုးဘေး တို့ရှေ့ မှာ ငါထား သော ပညတ် များကို မစောင့်ရှောက်ကြ။
11 ၁၁ သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည်။
၁၁သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ကို အပြစ် ပြု၍ ယုဒ အမျိုးသားအပေါင်း တို့ကို ပယ်ဖြတ် ခြင်းငှါ ငါ သည် မျက်နှာ ထား မည်။
12 ၁၂ အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။
၁၂အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော ယုဒ အမျိုးသားအကျန်အကြွင်း တို့ကို ငါသည် ယူ ၍၊ သူတို့သည်ထိုပြည် ၌ သေကြေ ပျက်စီးကြလိမ့်မည်။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် ပျက်စီး ခြင်းသို့၎င်း ၊ အငယ်ဆုံး သော သူမှစ၍အကြီးဆုံး သော သူတိုင်အောင် ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် သေကြေ ပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။
13 ၁၃ ယေရုရှလင်မြို့သားတို့ကို ထားဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊
၁၃ယေရုရှလင် မြို့သားတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် ငါသည် ဒဏ်ပေး သည် နည်းတူ ၊ အဲဂုတ္တု ပြည် ၌ နေ သောသူတို့ ကို ငါသည် ဒဏ်ပေး သဖြင့် ၊
14 ၁၄ အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။
၁၄အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို သော ယုဒ အမျိုးသားအကျန်အကြွင်း တို့သည် ယုဒ ပြည် သို့ပြန် ၍ နေချင်သော်လည်း၊ တယောက်မျှဘေး နှင့်မ လွတ်ရ၊ တယောက်မျှမကျန်ကြွင်းရကြ။ ဘေးလွတ် သော သူသာ လျှင် ပြန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
15 ၁၅ ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား၊
၁၅ထိုအခါ မိမိ မယား တို့သည် အခြား တပါးသော ဘုရား အား နံ့သာပေါင်း နှင့်မီးရှို့ကြောင်း ကို သိ သော လူ များ၊ အနား၌ရပ်နေ သောမိန်းမ များ၊ ကြီးစွာ သော အလုံးအရင်း တည်းဟူသော၊ အဲဂုတ္တု ပြည် ပါသရု အရပ်၌ နေ သောသူအပေါင်း တို့သည် ယေရမိ ကို ပြန်ပြော ကြသည်ကား၊
16 ၁၆ သင်သည်ထာဝရဘုရား၏ နာမတော်ကို အမှီပြု ၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။
၁၆သင်သည်ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့အား ဟောပြော သော စကား ကို ငါ တို့သည် နား မ ထောင်။
17 ၁၇ ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။
၁၇ငါ တို့မှစ၍ငါ တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ ပြု ဘူး သကဲ့သို့ ၊ ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာကိုပြု ခြင်းငှါ၊ ကိုယ် အလိုအလျောက်စီရင်သည်အတိုင်း ဆက်ဆက်ပြု မည်။ အထက်က ဝစွာ စားရကြ၏။ ဘေး နှင့်လွတ်၍ ချမ်းသာ စွာ နေ ရကြ၏။
18 ၁၈ ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
၁၈ကောင်းကင် မိဖုရား အဘို့နံ့သာ ပေါင်းကို မီးမ ရှို့၊ သွန်းလောင်း ရာပူဇော်သက္ကာကို မပြု ဘဲနေပြန်သောအခါ ၊ အလွန်ဆင်းရဲ ခြင်း၊ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
19 ၁၉ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။
၁၉ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြု သောအခါ ၊ ငါ တို့၏ ယောက်ျား မ ပါဘဲ မုန့်ပြား တို့ကို လုပ် ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာပြု လျက် ကိုးကွယ် သလောဟုပြန်ပြော ကြ၏။
20 ၂၀ ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်း တို့အား ယေရမိပြန်ပြောသည်ကား၊
၂၀ထိုသို့ပြန်ပြောသော ယောက်ျား မိန်းမ အပေါင်း တို့အား ယေရမိ ပြန်ပြော သည်ကား၊
21 ၂၁ သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရု ရှလင်လမ်းများ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရ ဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော် မူသလော။
၂၁သင်တို့မှစ၍ သင် တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် ၊ ပြည်သူပြည်သား တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ မီးရှို့ သော နံ့သာပေါင်း ကို ထာဝရဘုရား သည် မအောက်မေ့ ၊ နှလုံး မ သွင်းဘဲနေတော်မူသလော ။
22 ၂၂ သင်တို့ပြုသောဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။
၂၂သင် တို့ပြု သောဒုစရိုက် ၊ စက်ဆုပ် ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရား သည် သည်းခံ တော်မ မူနိုင် သောကြောင့်၊ သင် တို့ပြည် သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ၊ ကျိန်ဆဲ ရာ ဖြစ် လေပြီတကား။
23 ၂၃ သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
၂၃သင်တို့သည် နံ့သာပေါင်း ကို မီးရှို့၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ထုံးဖွဲ့ ချက်၊ သက်သေခံ ချက်ပညတ် တရားတော်လမ်းသို့ မ လိုက် သောကြောင့်၎င်း ၊ ဤ ဘေး သည် ယနေ့ ၌ရှိသည်အတိုင်း ၊ သင် တို့၌ ရောက် လေပြီတကားဟု ပြောဆို ၏။
24 ၂၄ တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
၂၄တဖန် မိန်းမ အပေါင်း တို့နှင့် လူ ခပ်သိမ်း တို့အား ယေရမိ ဟောပြော သည်ကား၊ အဲဂုတ္တု ပြည် ၌ ရှိသော ယုဒ လူအပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။
25 ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့်သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍ သွန်းလောင်းပူဇော် သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ် နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိ ကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည်။
၂၅ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့နှင့် သင် တို့မယား တို့က၊ ငါတို့သည် ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍ သွန်းလောင်း ရာပူဇော်သက္ကာပြု ခြင်းငှါ သစ္စာ ဂတိထားသည်နှင့်အညီ ဆက်ဆက်ပြု မည်ဟု နှုတ် နှင့် ပြော၍ လက် နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ် ထားသော သစ္စာ ဂတိ ကို ဆက်ဆက်စောင့် ၍၊ သစ္စာ ဂတိထားသည်အတိုင်း ပြု ကြလိမ့်မည်။
26 ၂၆ သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။
၂၆သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ နေ သောယုဒ လူ အပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ယုဒ လူ တယောက်မျှ ငါ ၏ နာမ ကို မမြွက် မ ဆိုရမည်အကြောင်း၊ ငါသည် ကိုယ် မဟာ နာမ ကို တိုင်တည်၍ ကျိန်ဆို ၏။
27 ၂၇ သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။
၂၇သူ တို့ကို ကျေးဇူး ပြုခြင်းငှါ မ ဟုတ်၊ အပြစ် ပြု ခြင်းငှါ ငါ စောင့် သည် ဖြစ်၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသော ယုဒ လူ အပေါင်း တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်မှီ တိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။
28 ၂၈ သို့ရာတွင်၊ ထားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန် အကြွင်းတို့သည် သိကြလိမ့်မည်။
၂၈သို့ရာတွင် ၊ ထား ဘေးနှင့်လွတ် ၍၊ အဲဂုတ္တု ပြည် မှ ယုဒ ပြည် သို့ ပြန် ရသောသူတို့သည် နည်း ကြလိမ့်မည်။ ငါ့ စကားတည်မည်၊ သူ တို့စကားတည် မည်ကို၊ အဲဂုတ္တု ပြည် ၌ တည်းခို ခြင်းငှါ သွား သော ယုဒ လူအကျန်အကြွင်း တို့သည် သိ ကြလိမ့်မည်။
29 ၂၉ ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား၊
၂၉ဤ အရပ် ၌ သင် တို့ကိုငါ ဆုံးမ ၍၊ သင်တို့၌ အပြစ် ရောက်စေခြင်းငှါငါ့ စကား သည် ဆက်ဆက်တည် လိမ့်မည်ဟု သင်တို့သိ မည်အကြောင်း၊ ငါပေးသော နိမိတ် လက္ခဏာဟူမူကား ၊
30 ၃၀ ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ၏ ရန်သူ တည်းဟူသော ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
၃၀ယုဒ ရှင်ဘုရင်ဇေဒကိ မင်းအသက် ၏ ရန်သူ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်း၏လက် သို့ ဇေဒကိ မင်း ကိုငါအပ် သည်နည်းတူ ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော ဟောဖရာ အသက်ကို ရှာ သောရန်သူ လက် သို့ ထိုမင်းကိုငါအပ် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။