< ယေရမိ 43 >

1 ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊
ငါ​သည်​လူ​တို့​ကို​ပြော​ကြား​ရန်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​မှာ ကြား​တော်​မူ​သ​မျှ​သော​စ​ကား​တို့​ကို ဆင့်​ဆို​ပြီး​သော​အ​ခါ၊-
2 ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
ဟော​ရှဲ​၏​သား​အာ​ဇ​ရိ၊ ကာ​ရာ​၏​သား ယော​ဟ​နန်​နှင့်​အ​ခြား​မောက်​မာ​ထောင်​လွှား သူ​လူ​အ​ပေါင်း​တို့​သည် ငါ့​အား``သင်​သည်​မု သား​စ​ကား​ကို​ပြော​၏။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ငါ​တို့​အား​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် နေ​ထိုင်​မှု​မ​ပြု​ရ​ဟု​ပြော​ကြား​ရန် သင့်​ကို စေ​လွှတ်​တော်​မူ​ခဲ့​သည်​မ​ဟုတ်။-
3 ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
နေ​ရိ​၏​သား​ဗာ​ရုတ်​သည်​ငါ​တို့​အား​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​သတ်​ဖြတ်​နိုင်​ကြ​စေ​ရန် သော်​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​နိုင်​ကြ​စေ​ရန်​သော်​လည်း​ကောင်း သူ​တို့ လက်​သို့​ငါ​တို့​အား​ပေး​အပ်​ရန်​သင့်​ကို လှုံ့​ဆော်​ထား​လေ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။-
4 ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
သို့​ဖြစ်​၍​ယော​ဟ​နန်၊ တပ်​မှူး​များ​နှင့်​လူ အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်​တွင်​နေ​ထိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​ကြ။-
5 အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊
ထို​နောက်​ယော​ဟ​နန်​နှင့်​တပ်​မှူး​အ​ပေါင်း တို့​သည် ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​နေ​သ​မျှ သော​လူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ သူ​တို့​သည်​နိုင်​ငံ​တ​ကာ​တွင် ကွဲ​လွင့်​၍​နေ​ရာ​မှ ယု​ဒ​ပြည်​တွင်​နေ​ထိုင် ရန်​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​ဖြစ်​သည့်၊-
6 ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ် နှင့်​ဘု​ရင့်​သ​မီး​တော်​အ​စ​ရှိ​သည့်​လူ​အ ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဂေ​ဒ​လိ​လက်​တွင် နေ​ဗု​ဇာ​ရ​ဒန်​အပ်​နှံ​ထား​ခဲ့​သော​ငါ​နှင့် ဗာ​ရုတ်​အ​စ​ရှိ​သည့်​လူ​အ​ပေါင်း​တို့​ကို လည်း​ကောင်း​ခေါ်​ဆောင်​သွား​သ​တည်း။-
7 ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​ကာ တာ​ပ​နက်​မြို့​တိုင်​အောင် အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရောက်​ကြ​လေ​သည်။
8 တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
တာ​ပ​နက်​မြို့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
9 သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
``ကျောက်​တုံး​ကြီး​အ​ချို့​ကို​ယူ​၍ ဤ​မြို့​ရှိ အ​စိုး​ရ​အိမ်​တော်​အ​ဝင်​ဝ​နေ​ရာ​တွင်​မြှုပ် ထား​လော့။ ဤ​သို့​သင်​ပြု​သည်​ကို​လည်း​အ​ချို့ သော​ယု​ဒ​အ​မျိုး​သား​တို့​မြင်​ပါ​စေ။-
10 ၁၀ သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။
၁၀ထို​နောက်​သူ​တို့​အား`ဣသ​ရေ​လ​အမျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဤ​အ​ရပ်​သို့​ခေါ်​ဆောင် လာ​မည်။ ငါ​မြှုပ်​ထား​သည့်​ဤ​ကျောက်​တုံး များ​အ​ပေါ်​တွင်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည် ၍​သူ​၏​တဲ​တော်​ကို​ငါ​ဖြန့်​မည်။-
11 ၁၁ ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။
၁၁နေ​ဗု​ခဒ်​နေ​ဇာ​သည်​လာ​၍​အီ​ဂျစ်​ပြည်​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​သည်​အ​နာ ရော​ဂါ​ဘေး​ဖြင့်​သေ​ရ​ကြ​မည့်​သူ​တို့​အား အ​နာ​ရော​ဂါ​ဘေး​ဖြင့်​သေ​စေ​လိမ့်​မည်။ သုံ့ ပန်း​များ​အ​ဖြစ်​နှင့်​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ မည့်​သူ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ခေါ်​ဆောင် သွား​လိမ့်​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည့် သူ​တို့​အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​လိမ့်​မည်။-
12 ၁၂ အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။
၁၂ငါ​သည်​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို မီး​ရှို့​မည်။ ဗာ​ဗု​လုန်​ဘု​ရင်​အား​ထို​ဝတ်​ကျောင်း များ​မှ​ဘု​ရား​တို့​ကို​မီး​ရှို့​စေ​မည်။ သို့​မ​ဟုတ် လျှင်​လည်း​သိမ်း​ယူ​သွား​စေ​မည်။ သိုး​ထိန်း​သည် မိ​မိ​၏​အ​ဝတ်​မှ​သန်း​များ​ကို​ကုန်​စင်​အောင် ရှာ​သ​ကဲ့​သို့ ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် မှ​ပစ္စည်း​ဥစ္စာ​များ​ကို​အ​ကုန်​အ​စင်​ရှာ​၍ ယူ​ပြီး​လျှင်​အောင်​မြင်​စွာ​ထွက်​ခွာ​သွား လိမ့်​မည်။-
13 ၁၃ အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၃သူ​သည်​အီ​ဂျစ်​ပြည်​ရှိ​နေ​မင်း​မြို့​တော်​အ ထိမ်း​အ​မှတ်​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ၍​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို​မီး​ရှို့ လိမ့်​မည်' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

< ယေရမိ 43 >