< ယေရမိ 43 >
1 ၁ ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊
A I ka hoopau ana o Ieremia e olelo aku i na kanaka a pau, i na olelo a pau a Iehova ko lakou Akua, i na mea a Iehova ko lakou Akua i hoouna mai ai ia ia io lakou la, i keia mau olelo hoi,
2 ၂ ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
Alaila, olelo mai la o Azaria, ke keiki a Hosaia, a me Iohanana, ke keiki a Karea, a me na kanaka hookiekie a pau, i mai la ia Ieremia, Ke olelo wahahee mai nei oe; aole i hoouna mai nei o Iehova ko makou Akua ia oe, e olelo, Mai hele i Aigupita e noho malaila;
3 ၃ ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
Aka, ke hooikaika mai nei o Baruka, ke keiki a Neria ia oe e ku e ia makou, e haawi hoi ia makou iloko o ka lima o ko Kaledea, i pepehi mai lakou ia makou, a lewepio hoi ia makou i Babulona.
4 ၄ ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
Aole i hoolohe o Iohanana, ke keiki a Karea, a me na luna a pau o ka poe koa, a me na kanaka a pau, i ka leo o Iehova, e noho ma ka aina o ka Iuda.
5 ၅ အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊
A o Iohanana ke keiki a Karea, a me na luna o ka poe koa, lawe lakou i ke koena o ka Iuda, ka poe i hoi mai, mai na aina a pau mai kahi a lakou i kipakuia'ku ai, a ua hoi mai e noho ma ka aina o ka Iuda:
6 ၆ ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
I na kane, a me na wahine, a me na kamalii, a me na kaikamahine a ke alii, a me na kanaka a pau a Nebuzaredana, na ka lunakaua i waiho pu ai me Gedalia, ke keiki a Ahikama, ke keiki a Sapana, a me Ieremia ke kaula, a me Baruka, i ke keiki a Neria.
7 ၇ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။
A hele mai lakou i ka aina o Aigupita, no ka mea, aole lakou i hoolohe i ka leo o Iehova; a hele lakou i Tahepanesa.
8 ၈ တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
Alaila, hiki mai ka olelo a Iehova io Ieremia la, ma Tahepanesa, i mai la,
9 ၉ သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
E lawe oe i mau pohaku nui ma kou lima, a e huna ia mau mea maloko o ka lepo ma ka puu pohaku lepo, aia ma ke komo ana o ka hale o Parao, ma Tahepanesa; imua o na maka o na kanaka o ka Iuda;
10 ၁၀ သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။
A e i aku no hoi ia lakou, Ke olelo mai nei o Iehova o na kaua, ke Akua o ka Iseraela, penei; Aia hoi, e hoouna aku no wau a e lawe mai ia Nebukaueza, i ke alii o Babulona, i ka'u kanwa, a e kau no wau i kona nohoalii maluna o keia mau pohaku, a'u i huna'i; a e kaulai oia i kona paku alii maluna o ia mau mea.
11 ၁၁ ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။
A hiki mai oia, e anai no oia i ka aina o Aigupita, a make ka poe no ka make, a pio ka poe no ka noho pio ana, a lilo i ka pahikaua ka poe no ka pahikaua.
12 ၁၂ အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။
A e hoaa no wau i ke ahi maloko o na hale o na akua o Aigupita; a e puhi no oia ia mau mea, a e lawe pio aku ia lakou; a e aahu no oia ia ia iho i ka aina o Aigupita, e like me ka ke kahuhipa aahu ana i kona lole; a e hele aku oia malaila aku me ka maluhia.
13 ၁၃ အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
E wawahi no hoi oia i na kii o Betesemesa, aia ma ka aina o Aigupita: a e puhi no hoi oia i na hale kii o ko Aigupita, i ke ahi.