< ယေရမိ 41 >
1 ၁ သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။
Đến tháng bảy, Ích-ma-ên, con Nê-tha-nia, cháu Ê-li-sa-ma, thuộc hoàng tộc và là một trong các tướng chỉ huy của vua, cùng mười người đến Mích-pa gặp Ghê-đa-lia. Trong khi họ ăn bánh với nhau tại đó,
2 ၂ ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။
Ích-ma-ên và mười người ấy đột nhiên đứng dậy, rút gươm đâm chết Ghê-đa-lia, là người được vua Ba-by-lôn đặt làm tổng trấn trong xứ.
3 ၃ ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။
Ích-ma-ên cũng giết mọi người Do Thái ở tại Mích-pa với Ghê-đa-lia, cùng với quân lính Ba-by-lôn đang đóng tại đó.
4 ၄ ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊
Ngày thứ hai, trước khi mọi người hay tin về việc Ghê-đa-lia bị ám sát,
5 ၅ ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။
thì có tám mươi người từ Si-chem, Si-lô, và Sa-ma-ri kéo nhau lên Đền Thờ để thờ phượng Chúa Hằng Hữu. Họ cạo đầu, xé áo, rạch da thịt rồi mang theo các lễ vật và trầm hương.
6 ၆ ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။
Ích-ma-ên thấy họ đi ngang Mích-pa, liền ra nghênh đón, vừa đi vừa khóc. Ích-ma-ên đến cùng họ mà nói rằng: “Ôi, hãy đến và xem chuyện xảy ra cho Ghê-đa-lia!”
7 ၇ မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလ နှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်း ထဲသို့ ပစ်ချကြ၏။
Khi họ vào trong thành, Ích-ma-ên và các thủ hạ lập tức tàn sát bảy mươi người trong nhóm ấy, rồi ném xác xuống một hồ chứa nước.
8 ၈ ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
Còn mười người sống sót xin Ích-ma-ên tha với lời hứa là họ sẽ mang đến ông các kho lúa mì, lúa mạch, dầu ô-liu, và mật ong mà họ đã cất giấu.
9 ၉ ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
Hồ chứa nước, nơi Ích-ma-ên quăng thi hài của những người bị giết vào đó, là một hồ lớn do Vua A-sa xây để tăng cường hệ thống phòng thủ Mích-pa trong cuộc chiến với Vua Ba-ê-sa, nước Ít-ra-ên. Ích-ma-ên, con Nê-tha-nia, lấp hồ bằng thây người.
10 ၁၀ ထိုအခါအဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
Ích-ma-ên bắt làm tù binh các công chúa và dân chúng còn sót lại mà Nê-bu-xa-ra-đan để lại Mích-pa dưới quyền cai trị của Ghê-đa-lia, rồi dẫn hết qua xứ Am-môn.
11 ၁၁ ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို၊ ကာရသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင်၊
Giô-ha-nan, con Ca-rê-át, và các thủ lĩnh quân lưu tán nghe chuyện ác mà Ích-ma-ên đã làm,
12 ၁၂ လူအပေါင်းတို့ကို ခေါ်၍၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နား မှာတွေ့လေ၏။
họ liền tập họp toàn thể lực lượng đi đánh Ích-ma-ên. Họ đuổi theo ông tại hồ lớn gần hồ Ga-ba-ôn.
13 ၁၃ ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ၌ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။
Đoàn dân bị Ích-ma-ên bắt đều reo mừng khi thấy Giô-ha-nan và các quân lưu tán.
14 ၁၄ ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
Tất cả những người bị bắt dẫn đi từ Mích-pa đều trốn chạy và họ bắt đầu giúp Giô-ha-nan.
15 ၁၅ နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ၏။
Còn Ích-ma-ên cùng tám thủ hạ thoát khỏi tay Giô-ha-nan, trốn qua xứ Am-môn.
16 ၁၆ ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊
Giô-ha-nan, con Ca-rê-át, và các thủ lĩnh quân lưu tán tập họp những người sống sót được cứu khỏi Ích-ma-ên, là những người mà hắn đã bắt đi tại Mích-pa sau vụ ám sát Ghê-đa-lia, con A-hi-cam, cùng tất cả binh sĩ, nội giám, phụ nữ, và trẻ con rời khỏi Ga-ba-ôn.
17 ၁၇ ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။
Họ khởi hành, sau đó tạm dừng tại Ghê-rút Kim-ham, gần Bết-lê-hem, trên đường xuống Ai Cập.
18 ၁၈ အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။
Vì họ sợ quân Ba-by-lôn trả thù khi nghe tin Ích-ma-ên ám sát Ghê-đa-lia mà vua Ba-by-lôn đã lập làm tổng trấn trong xứ.