< ယေရမိ 4 >
1 ၁ အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ။ သင်၏ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။
၁အို ဣသရေလ အမျိုး၊ သင်သည် ပြန် လာလိုလျှင် ငါ့ ထံသို့ ပြန် လာပါ။ သင် ၏ရွံရှာဘွယ် တို့ကို ပယ် လိုလျှင် ငါ့ ထံမှ မ ရွှေ့ ရ။
2 ၂ သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည် လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၂သင်ကလည်း၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟု သစ္စာ စောင့်ခြင်း၊ တရားစီရင် ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆို လိမ့်မည်။ လူ အမျိုးမျိုးတို့သည် လည်း၊ ထိုဘုရား သခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍ ၊ ထိုဘုရား သခင်ကို အမှီပြု လျက် ဝါကြွား ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3 ၃ ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏ လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။
၃ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့ သားတို့အား မိန့် တော်မူသည်ကား ၊ သင် တို့၏ လယ် ကို ထွန်ကြလော့။ ဆူး ပင်တို့တွင် မျိုးစေ့ကို မ ကြဲ ကြနှင့်။
4 ၄ အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါအမျက်သည်မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည်။
၄အို ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့၊ ထာဝရဘုရား အဘို့ အလိုငှါအရေဖျား လှီး မင်္ဂလာကိုခံ၍ ၊ သင် တို့နှလုံး အရေဖျား ကို လှီး ဖယ်ကြလော့။ သို့မဟုတ် ၊ သင် တို့၏ အကျင့် မကောင်း သောကြောင့် ၊ ငါ အမျက် သည်မီး ကဲ့သို့ ထွက် ၍ ၊ အဘယ်သူ မျှမငြိမ်း နိုင် အောင် လောင် လိမ့်မည်။
5 ၅ ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု၊ ယေရုရှလင်မြို့ မှစ၍ တပြည်လုံးကြွေးကြော်၍ သိတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။
၅ယုဒ ပြည်၌ တံပိုး မှုတ် ကြလော့ဟု၊ ယေရုရှလင် မြို့ မှစ၍တပြည် လုံး ကြွေးကြော် ၍ သိတင်းကြား ကြလော့။ စည်းဝေး ၍ ခိုင်ခံ့ သောမြို့ များ အတွင်း သို့ ဝင် ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြားကြွေးကြော် ကြလော့။
6 ၆ ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့။ လွတ်အောင် ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။
၆ဇိအုန် တောင်ပေါ်မှာ အလံ ကို ထူ ကြလော့။ လွတ်အောင် ပြေး ကြလော့။ ရပ် ၍ မ နေကြနှင့်။ အကြောင်း မူကား၊ ကြီးစွာ သော ပျက်စီး ခြင်း ဘေးဥပဒ် ကို မြောက် မျက်နှာမှ ငါ သည် ဆောင် ခဲ့မည်။
7 ၇ ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲ ရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့် မည်။
၇ခြင်္သေ့ သည် မိမိ နေရာခြုံ ထဲက ထွက် လာပြီ။ တိုင်း နိုင်ငံတို့ကို ဖျက်ဆီး သောသူသည် လမ်း၌လာ ဆဲ ရှိ၏။ သင် ၏ပြည် ကို လူဆိတ်ညံ ရာအရပ် ဖြစ်စေခြင်းငှါ ၊ သူသည် မိမိ နေရာ မှ ထွက် လာသည်ဖြစ်၍၊ သင် ၏ မြို့ တို့ သည် လူမ နေ နိုင်အောင် ပျက်စီး ခြင်းသို့ ရောက်ကြ လိမ့်မည်။
8 ၈ ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင်၍ မသွားသေး။
၈ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။
9 ၉ ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
၉ထိုအခါ ရှင်ဘုရင် နှင့် မှူးမတ် တို့သည် စိတ် ပျက် ကြလိမ့်မည်။ ယဇ် ပုရောဟိတ်တို့သည် မိန်းမော တွေဝေလျက် ၊ ပရောဖက် တို့သည် ထိတ်လန့် လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
10 ၁၀ ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက် သည် အသက် ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော် သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။
၁၀ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိ သည်တိုင်အောင် ခွင်းသော်လည်း၊ သင် တို့သည် ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤ လူ များနှင့်တကွ ယေရုရှလင် မြို့သားတို့ကို အလွန်လှည့်စား တော်မူပြီတကားဟု လျှောက်ဆို ၏။
11 ၁၁ ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌မြင့်သောအရပ်က ငါ၏လူမျိုး သတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ်။
၁၁ထို ကာလ ၌ ဤ လူ များနှင့် ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ ဆို ရမည်ကား၊ ပူ သောလေ သည် တော ၌ မြင့် သောအရပ်က ငါ ၏လူမျိုး သတို့သမီး ထံသို့လာလိမ့်မည်။ အမှော်လွင့် စေခြင်း၊ သန့်ရှင်း စေခြင်းငှါ လာ သောလေမဟုတ်။
12 ၁၂ ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။
၁၂ထို လေထက် ပြင်း သော လေ သည် ငါ့ အလိုကို ပြည့်စုံစေခြင်းငှါ လာ လိမ့်မည်။ ယခု ပင် သူတို့ကို ငါ ကိုယ်တိုင်စစ်ကြော စီရင် မည်။
13 ၁၃ လာသောမင်းသည် မိုဃ်းတိမ်ကဲ့သို့ လာလိမ့် မည်။ သူ၏ရထားတို့သည် လေဘွေကဲ့သို့ဖြစ်ကြ၏။ သူ၏မြင်းတို့သည် ရွှေလင်းတထက် သာ၍ လျင်မြန် ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။
၁၃လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
14 ၁၄ အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည် နည်း။
၁၄အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။
15 ၁၅ ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင် ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ၏။
၁၅ဒန် ပြည်၌ အသံ ကို ကြား ရ၏။ ဧဖရိမ် တောင် ပေါ် မှာ ဒုက္ခ သိတင်းကို ဟစ်ကြော် ကြ၏။
16 ၁၆ အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရု ရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။
၁၆အပြည် ပြည်တို့၌ သိတင်းကြား ကြလော့။ ယေရုရှလင် မြို့ကို ရည်မှတ်၍ ကြွေးကြော် ကြလော့။ ကင်းစောင့် တို့သည် ဝေး သောပြည် က လာ ၍ ၊ ယုဒ မြို့ များ တစ်ဘက် ၌ ထူး ကြလိမ့်မည်။
17 ၁၇ လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည် သည် ငါ့ကို ပုန်ကန်ပြီ။
၁၇လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။
18 ၁၈ သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော် မူ၏။
၁၈သင် လိုက်သောထုံးစံ နှင့် သင် ကျင့်သောအကျင့် တို့သည် သင့် အပေါ် မှာ ဤ အမှုကို သက်ရောက် စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါး စပ်သောစိတ်၊ နာကြည်း သောစိတ် ရှိရာ၏ဟု ထာဝရဘုရား မိန့် တော်မူ ၏။
19 ၁၉ ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
၁၉ငါ့ အသည်း သည်နာ၏။ ငါ့ အသည်း သည်နာ၏။ ငါ့ နှလုံး အရေဖျား လည်းနာ ၏။ ငါ့ အထဲ ၌ ငါ့ နှလုံး ပူဆွေး ၏။ ငါသည် တိတ်ဆိတ် စွာ မနေနိုင်။ အကြောင်း မူကား၊ အိုငါ့ ဝိညာဉ် ၊ သင်သည် တံပိုး မှုတ်သံ နှင့် စစ်တိုက် သံ ကို ကြား ရ၏။
20 ၂၀ ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော် ရ၏။ တပြည်လုံးပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏခြင်း တွင် ပျက်စီးကြပြီ။ ငါ၏ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ။
၂၀ပျက်စီး ပြီ၊ ပျက်စီး ပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည် လုံး ပျက်စီး ပြီ။ ငါ ၏တဲ တို့သည် ခဏ ခြင်း တွင် ပျက်စီး ကြပြီ။ ငါ ၏ကုလားကာ တို့သည် ချက်ခြင်း ပျက်စီးကြပြီ။
21 ၂၁ ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
၂၁ငါသည် အဘယ် မျှကာလပတ်လုံး အလံ ကို မြင် ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုး သံ ကို ကြား ရအံ့နည်း။
22 ၂၂ အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသော အမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ။
၂၂အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။
23 ၂၃ ငါသည်မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်း မရှိ။
၂၃ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။
24 ၂၄ တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။
၂၄တောင် တို့ကိုလည်း ငါကြည့် ရှု၍ ၊ သူတို့နှင့်တကွကုန်း ရှိသမျှ တို့သည် တုန်လှုပ် လျက်နေကြ၏။
25 ၂၅ ငါကြည့်ရှု၍ လူမရှိ။ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ။
၂၅ငါကြည့် ရှု၍ လူ မ ရှိ။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် ပြေး ကြပြီ။
26 ၂၆ ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တောဖြစ် လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရ ဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
၂၆ငါ ကြည့်ရှု ၍ ဝပြော သော ပြည်သည် တော ဖြစ် လေပြီ။ မြို့ များတို့သည် ပြိုပျက် လျက်ရှိကြ၏။ ထာဝရဘုရား ရှေ့ ၊ ပြင်းစွာသော အမျက် တော်ရှေ့ ၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
27 ၂၇ ထာဝရဘုရားမိန့်တော်မူသည်ကား၊ တပြည် လုံးပျက်စီးရာ ဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊
၂၇ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တပြည် လုံး ပျက်စီး ရာ ဖြစ် လိမ့်မည်။ ပျက်စီး ခြင်းကို ငါမ ဆီးတား ။
28 ၂၈ ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည် ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။
၂၈ထိုကြောင့် ၊ မြေကြီး သည် ညည်းတွား လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း နက် လိမ့်မည်။ ငါသည် ပြော ပြီးမှ နောင်တ မ ရှိ။ ကြံ ပြီးမှ အကြံ မ ပျက်ရ။
29 ၂၉ မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သော အသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှ တို့ကို စွန့်ပစ်၍ နေသောသူတယောက်မျှ မရှိရ။
၂၉မြင်းစီး သူရဲနှင့် လေး ကိုင်သူရဲတို့ ဟစ် သော အသံ ကြောင့် ၊ မြို့ သား အပေါင်း တို့သည် တောအုပ် သို့ ပြေး သွားကြ၏။ ကျောက် ပေါ် သို့ တက် ကြ၏။ မြို့ ရှိသမျှ တို့ ကို စွန့်ပစ် ၍ နေ သောသူတ ယောက်မျှ မ ရှိရ။
30 ၃၀ သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။
၃၀သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။
31 ၃၁ အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ၊ သားဦးဘွားသော မိန်းမ၏ဝေဒနာခံရာ အသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့ သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကို ဖြန့်၍ ငိုကြွေးလျက်နေ၏။
၃၁အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။