< ယေရမိ 39 >
1 ၁ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
Yudahene Sedekia dii adeɛ no, ne mfeɛ nkron mu bosome edu so no, Babiloniahene Nebukadnessar ne nʼakodɔm nyinaa tuu Yerusalem so sa, wɔtua kuropɔn no na wɔyɛɛ mpie twaa ho hyiaeɛ.
2 ၂ ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
Sedekia adedie afe a ɛtɔ so dubaako, bosome a ɛtɔ so ɛnan no da a ɛtɔ so nkron no, wɔbubuu kuropɔn no afasuo.
3 ၃ ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။
Na Babiloniahene adwumayɛfoɔ no nyinaa bɛtenaa Mfimfini Ɛpono hɔ: Nergal-Sareser a ɔfiri Samgar ne Nebo-Sarsekim a ɔyɛ ɔsraani panin ne Nergal-Sareser a ɔyɛ otitire, ne Babiloniahene adwumayɛfoɔ a aka no nyinaa.
4 ၄ ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
Ɛberɛ a Yudahene Sedekia ne nʼasraafoɔ nyinaa hunuu wɔn no, wɔdwaneeɛ, wɔfaa ɔhene turo mu firii kuropɔn no mu anadwo, kɔfaa ɛpono a ɛwɔ afasuo mmienu no ntam, de wɔn ani kyerɛɛ Araba.
5 ၅ ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊
Nanso, Babilonia akodɔm no taa wɔn kɔtoo Sedekia wɔ Yeriko tata so. Wɔfaa no dommum de no kɔmaa Babiloniahene Nebukadnessar wɔ Ribla a ɛwɔ Hamat asase so, na ɛhɔ na ɔbuu no atɛn.
6 ၆ ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
Ribla hɔ na Babiloniahene kunkumm Sedekia mmammarima wɔ nʼanim na ɔkumm Yudafoɔ mmapɔmma nyinaa nso.
7 ၇ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
Afei ɔtutuu Sedekia ani, de kɔbere mfrafraeɛ mpokyerɛ guu no sɛ ɔde no rekɔ Babilonia.
8 ၈ ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
Babiloniafoɔ no de ogya too ahemfie no ne nnipa no afie mu, na wɔdwirii Yerusalem afasuo no.
9 ၉ ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
Ɔsahene Nebusaradan a ɔtua ɔhene awɛmfoɔ ano no de kuropɔn no mu nkaeɛfoɔ, wɔn a wɔde wɔn ho kɔmaa no ne nnipa a aka no kɔɔ nkoasom mu wɔ Babilonia.
10 ၁၀ သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
Nanso, ɔsahene Nebusaradan a ɔtua awɛmfoɔ no ano no gyaa ahiafoɔ wɔnni hwee no mu bi wɔ Yuda asase so, na saa ɛberɛ no ɔmaa wɔn bobe nturo ne nsase.
11 ၁၁ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
Na Babiloniahene Nebukadnessar afa ɔsahene Nebusaradan a ɔtua ɔhene awɛmfoɔ ano no so ama saa ɔhyɛ nsɛm yi a ɛfa Yeremia ho sɛ,
12 ၁၂ ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
“Fa no na hwɛ ne so; nha no na deɛ ɔbisa biara no, yɛ ma no.”
13 ၁၃ ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
Enti, ɔsahene Nebusaradan a ɔtua awɛmfoɔ no ano, Nebusaradan, adwumayɛfoɔ panin, Nergal-Sareser a ɔyɛ otitire ne Babiloniahene adwumayɛfoɔ a wɔaka no nyinaa
14 ၁၄ ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
soma ma wɔkɔfaa Yeremia firi awɛmfoɔ adihɔ hɔ baeɛ. Wɔde no hyɛɛ Safan babarima Gedalia babarima Ahikam nsa sɛ ɔmfa no nkɔ ne efie. Enti, Yeremia tenaa nʼankasa nkurɔfoɔ mu.
15 ၁၅ ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
Ɛberɛ a Yeremia da so da afiase wɔ awɛmfoɔ adihɔ hɔ no, Awurade asɛm baa ne nkyɛn sɛ,
16 ၁၆ သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။
“Kɔka kyerɛ Kusni Ebed-Melek sɛ, ‘Sɛdeɛ Asafo Awurade, Israel Onyankopɔn, seɛ nie: Me nsɛm a ɛtia kuropɔn yi no mede refa amanehunu so na ɛnyɛ yiedie so ama aba mu. Saa ɛberɛ no ɛbɛba mu wɔ wʼanim.
17 ၁၇ သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
Nanso mɛgye wo saa ɛda no, Awurade na ɔseɛ; wɔremfa wo nhyɛ wɔn a wosuro wɔn no nsa.
18 ၁၈ ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
Mɛgye wo nkwa, na worentɔ wɔ akofena ano na mmom wobɛnya wo tiri adidi mu, ɛfiri sɛ wogye me di, Awurade, na ɔseɛ.’”