< ယေရမိ 39 >

1 ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
I te iwa o nga tau o Terekia kingi o Hura, i te tekau o nga marama, ka haere mai a Nepukareha kingi o Papurona ratou ko tana ope katoa ki Hiruharama, a whakapaea ana a reira e ratou;
2 ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
I te tekau ma tahi o nga tau o Terekia, i te wha o nga marama, i te iwa o nga ra o te marama, ka pakaru te pa:
3 ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။
Na ka haere mai nga rangatira katoa a te kingi o Papurona, a noho ana i te kuwaha o waenganui, a Nerekara Haretere, a Hamakara Nepo, a Harehekimi, a Rapahari, a Nerekara Haretere, a Rapamaka, ratou ko era atu rangatira a te kingi o Papurona.
4 ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
Na, i te kitenga o Terekia kingi o Hura ratou ko nga tangata whawhai katoa, rere ana ratou, puta atu ana ki waho o te pa i te po, ma te ara i te kari waho o te pa i te po, ma te ara i te kari a te kingi, ma te kuwaha i waenganui i nga taiepa e ru a: a puta atu ana ia i te ara o te Arapa.
5 ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊
Otiia i whaia ratou e te ope o nga Karari, a ka mau a Terekia ki nga mania i Heriko. Na hopukia ana ia, kawea ana ki a Nepukareha kingi o Papurona, ki Ripira i te whenua o Hamata: a whakawhakia ana ia e ia.
6 ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
Katahi ka tukitukia e te kingi o Papurona nga tama a Terekia ki tona aroaro ki Ripira: a i tukitukia ano e te kingi o Papurona nga rangatira katoa o Hura.
7 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
I whakamatapotia hoki e ia nga kanohi o Terekia, herea iho ia ki te mekameka, kawea ana ki Papurona.
8 ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
Na tahuna ana e nga Karari te whare o te kingi, me nga whare o te iwi, ki te ahi, wawahia iho e ratou nga taiepa o Hiruharama.
9 ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
Katahi ka whakaraua e Neputaraarana, rangatira o nga kaitiaki, ka mauria ki Papurona te toenga o te iwi i mahue ki te pa, me te hunga i papahoro atu, i taka atu ki a ia, me era atu o te iwi i mahue ki te pa.
10 ၁၀ သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
Otiia i mahue iho i a Neputaraarana, rangatira o nga kaitiaki, nga ware o te iwi, kahore nei o ratou rawa, ki te whenua o Hura, a hoatu ana e ia he mara waina me etahi atu mara ki a ratou i taua ra.
11 ၁၁ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
Na i tohutohu a Nepukareha kingi o Papurona ki a Neputaraarana, rangatira o nga kaitiaki, mo Heremaia i mea ia,
12 ၁၂ ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
Tikina ia, kia pai hoki te tiaki i a ia, a kaua ia e tukinotia; engari ko tana e ki mai ai, ko tau tena e mea ai ki a ia.
13 ၁၃ ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
Heoi ka unga tangata a Neputaraarana rangatira o nga kaitiaki, ratou ko Nepuhahapana, ko Rapahari, ko Nerekara Haretere, ko Rapamaka, ratou ko nga rangatira katoa a te kingi o Papurona;
14 ၁၄ ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
Unga tangata ana ratou, a tikina atu ana a Heremaia i te marae o te whare herehere, a tukua atu ana ia e ratou ki a Keraria tama a Ahikama, tama a Hapana kia kawea ki te kainga: na noho ana ia i waenganui i te iwi.
15 ၁၅ ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
Na i puta mai te kupu a Ihowa ki a Heremaia, i a ia e here ana i te marae o te whare herehere; i mea ia,
16 ၁၆ သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။
Haere, korero ki a Eperemereke Etiopiana, mea atu, Ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira: Nana, ka takina mai e ahau aku kupu ki runga ki tenei pa, hei kino, ehara ano hoki i te pai; a ka tutuki ki tou aroaro i taua ra.
17 ၁၇ သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
Otiia ka whakaorangia koe e ahau i taua ra, e ai ta Ihowa: e kore hoki koe e tukua ki te ringa o te hunga e wehi na koe.
18 ၁၈ ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
Ka tino whakaorangia hoki koe e ahau, a e kore koe e hinga i te hoari, engari ka waiho tou wairua hei taonga parakete ki a koe: mou i whakawhirinaki ki ahau, e ai ta Ihowa.

< ယေရမိ 39 >