< ယေရမိ 36 >

1 ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား၊
ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
2 သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်း လက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ၌ စကား အတိုင်း ရေးထားလော့။
သင် သည် စာလိပ် ကိုယူ ပြီးလျှင် ၊ ယောရှိ မင်း လက်ထက် ၌ သင့် အား ငါပြော သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အစ ရှိသောခပ်သိမ်း သော တိုင်း ပြည်တို့ကို ငါခြိမ်း သမျှ သော စကား အတိုင်း ရေး ထားလော့။
3 ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
ယုဒ အမျိုး တို့၌ ပြုမည်ဟု ငါ ကြံစည် သမျှ သော ဘေးဥပဒ် တို့ကို သူတို့သည် ကြားသောအခါ၊ သူ တို့ ဒုစရိုက် အပြစ် ကို ငါလွှတ် မည်အကြောင်း၊ အသီး အသီး လိုက်ဘူး သော အဓမ္မ လမ်း တို့ကို ရှောင်ကောင်း ရှောင် ကြ လိမ့်မည်ဟု မိန့် တော်မူ၏။
4 ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ၏။
ထိုအခါယေရမိ သည် နေရိ သား ဗာရုတ် ကို ခေါ် ပြီးလျှင် ထာဝရဘုရား မိန့် တော်မူသမျှ သော စကား တော်တို့ကို ပြန်ပြော သည်အတိုင်း ၊ ဗာရုတ် သည် စာလိပ် ၌ ရေး ထားလေ၏။
5 ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။
ယေရမိ ကလည်း ၊ ငါ သည် အချုပ်ခံ လျက် နေရ သောကြောင့်၊ ဗိမာန် တော်သို့ မ သွား နိုင် ။
6 သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန် တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။
သင် သွား လော့။ ငါ ပြန်ပြော သည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေး ထားသော ထာဝရဘုရား ၏ စကား တော်တို့ကို၊ အစာရှောင် သောနေ့ တွင် ၊ ဗိမာန် တော်၌ရှိသောသူ တို့ အားဘတ် လော့။ အမြို့မြို့ အရွာရွာ က လာ သော ယုဒ လူတို့အားလည်း ဘတ် လော့။
7 သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။
သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ၌ ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။
8 ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း၊ နေရိသားဗာရုတ်သည်ပြု၍၊ ထာဝရဘုရား၏ စကား တော်ပါသော စာကိုဗိမာန်တော်၌ ဘတ်လေ၏။
ထိုသို့ ပရောဖက် ယေရမိ မှာ ထားသမျှ အတိုင်း ၊ နေရိ သား ဗာရုတ် သည်ပြု ၍၊ ထာဝရဘုရား ၏ စကား တော်ပါသောစာ ကိုဗိမာန် တော်၌ ဘတ် လေ၏။
9 ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံငါး နှစ် ၊ နဝမ လ တွင် ယေရုရှလင် မြို့သား အပေါင်း တို့နှင့် ၊ ယုဒ မြို့ ရွာမှ ယေရုရှလင် မြို့သို့ ရောက် လာသောသူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့တော်၌ အစာရှောင် ရာအချိန်ကို ကြော်ငြာ ကြ၏။
10 ၁၀ ထိုအခါဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နား မှာ၊ အထက်တန်တိုင်းအတွင်း၊ စာရေးတော်ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သော စာကို လူအပေါင်း တို့ ရှေ့မှာဘတ်လေ၏။
၁၀ထိုအခါ ဗာရုတ် သည် ဗိမာန် တော်တံခါး သစ် နား မှာ၊ အထက် တန်တိုင်းအတွင်း၊ စာရေး တော်ရှာဖန် သား ဂေမရိ ၏အခန်း ၌၊ ယေရမိ စီရင်သောစာ ကို လူ အပေါင်း တို့ ရှေ့ မှာ ဘတ် လေ၏။
11 ၁၁ ထိုစာ၌ပါသမျှသော ထာဝရဘုရား၏ စကား တော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ၏သားမိက္ခာယ သည်ကြားလျှင်၊
၁၁ထိုစာ ၌ ပါသမျှ သော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန် သား ဖြစ်သော ဂေမရိ ၏သား မိက္ခါယ သည်ကြား လျှင် ၊
12 ၁၂ နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသားဒေလာယ၊ အာခဗော်သားဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ၏။
၁၂နန်းတော် အတွင်း၊ စာရေး တော်အခန်း သို့ သွား ၍ ၊ စာရေး တော် ဧလိရှမာ ၊ ရှေမာယ သား ဒေလာယ ၊ အာခဗော် သား ဧလနာသန် ၊ ရှာဖန် သား ဂေမရိ ၊ ဟာနနိ သား ဇေဒကိ အစရှိ သော မှူး တော်မတ်တော် အပေါင်း တို့သည် ထိုင် လျက်ရှိကြ၏။
13 ၁၃ ထိုအခါဗာရုတ်သည် လူများတို့အား ဘတ် သော စာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။
၁၃ထိုအခါဗာရုတ် သည် လူ များတို့အား ဘတ် သော စာ ထဲက မိက္ခါယ ကြား သမျှ သော စကားတို့ကို ပြန်ပြော လေ၏။
14 ၁၄ ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသားဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍လာ၏။
၁၄ထိုမင်း အပေါင်း တို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိ တို့မှ ဆင်းသက် သော ယေဟုဒိ ကို ဗာရုတ် ထံသို့ စေလွှတ် လျက်၊ သင်သည် လူ များတို့အား ဘတ် သော စာလိပ် ကို သင့် လက် နှင့်ကိုင် ၍ လာ ခဲ့ဟုခေါ် ကြ၏။ နေရိ သား ဗာရုတ် သည်လည်း၊ စာလိပ် ကိုကိုင် ၍ လာ ၏။
15 ၁၅ သူတို့ကလည်း ထိုင်လော့။ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ ၏။
၁၅သူ တို့ကလည်း ထိုင် လော့။ ငါ တို့အား ဘတ် လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ် သည် သူ တို့ရှေ့ မှာ ဘတ် လေ ၏။
16 ၁၆ ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင်၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
၁၆ထိုစကား အလုံးစုံ တို့ကို မင်း များတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့ သောစိတ် ရှိ၍ ၊ ငါတို့သည် ဤ စကား အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက်ဆက်ကြား လျှောက်ရမည်ဟု ဗာရုတ် ကို ဆို ကြ၏။
17 ၁၇ တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင်၊
၁၇တဖန် သင်သည် ဤ စကား အလုံးစုံ တို့ကို သူ့ နှုတ် မြွက် သည် အတိုင်း အဘယ်သို့ ရေး ထားသနည်းဟု မေးမြန်း လျှင်၊
18 ၁၈ ဗာရုတ်က၊ သူသည်ဤစကားအလုံးစုံတို့ကို နှုတ်မြွက်၍၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ၏ဟု ပြန်ပြောသော်၊
၁၈ဗာရုတ် က၊ သူသည်ဤ စကား အလုံးစုံ တို့ကို နှုတ် မြွက် ၍ ၊ အကျွန်ုပ် သည် မှင် နှင့် ရေး ထားပါ၏ဟု ပြန်ပြော သော် ၊
19 ၁၉ မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့် အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ် အားမှာခဲ့၍၊
၁၉မင်း များတို့က၊ သင် သွား လော့။ ယေရမိ နှင့် အတူ ပုန်းရှောင် ၍ နေလော့။ အဘယ်မှာ နေသည်ကို တစုံ တယောက်မျှ မ သိ စေနှင့်ဟုဗာရုတ် အား မှာ ခဲ့၍ ၊
20 ၂၀ စာလိပ်ကိုစာရေးတော်ဧလိရှမာ၏ အခန်း၌ ထားပြီးမှနန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ၍။
၂၀စာလိပ် ကိုစာရေး တော်ဧလိရှမာ ၏ အခန်း ၌ ထား ပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင် ထံသို့ဝင်၍၊ ထိုအမှု ကို အကုန် အစင်လျှောက် ကြ၍။
21 ၂၁ ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိ ကိုစေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။
၂၁ရှင် ဘုရင်သည် ထိုစာလိပ် ကိုယူ ချေဟု၊ ယေဟုဒိ ကိုစေလွှတ် သဖြင့် ၊ ယေဟုဒိ သည် စာရေး တော်ဧလိရှမာ ၏ အခန်း ထဲက ယူ ၍ ၊ ရှင်ဘုရင် အစရှိသော အထံ တော်၌ ရပ် နေသောမှူးမတ် အပေါင်းတို့ရှေ့ မှာ ဘတ် လေ၏။
22 ၂၂ ထိုအခါနဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်းအခန်းတွင်ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
၂၂ထို အခါနဝမ လ ဖြစ်၍၊ ရှင် ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်း အခန်းတွင်ထိုင် ၍ ၊ ရှေ့ တော်၌ မီးမယ်ဖျူး ပေါ်မှာ မီး ခဲပုံရှိ၏။
23 ၂၃ ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။
၂၃ယေဟုဒိ သည် သုံး လေး ခဏ်း လောက် ဘတ် မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ထား နှင့် လှီး ၍ မီးမယ်ဖျူး ပေါ် မှာရှိသော မီး ထဲသို့ စာလိပ်ကို ချ ပစ်လျှင်၊ အကုန် အစင် ကျွမ်း လောင်လေ၏။
24 ၂၄ ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင်၏ ကျွန်တယောက်မျှမကြောက်၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ။
၂၄ရှင်ဘုရင် မှစ၍ ၊ ထို စကား အလုံးစုံ တို့ကို ကြား သော ရှင် ဘုရင်၏ ကျွန် တယောက်မျှမ ကြောက် ၊ မိမိ အဝတ် ကိုလည်း မ ဆုတ် ကြ။
25 ၂၅ ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။
၂၅ရှင် ဘုရင်သည် စာလိပ် ကိုမီး မရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိ တို့သည် တောင်းပန် သော်လည်း ၊ ရှင်ဘုရင်သည် သူ တို့စကားကို နား မ ထောင်။
26 ၂၆ တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော်ယေရ မေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
၂၆တဖန်ရှင် ဘုရင်သည် စာရေး ဗာရုတ် နှင့် ပရောဖက် ယေရမိ ကို ဘမ်းဆီး စေခြင်းငှါ ၊ သား တော်ယေရမေလ ၊ အာဇရေလ သား စရာယ ၊ အာဗဒေလ သား ရှေလမိ တို့ကို စေလွှတ် လေ၏။ သို့ရာတွင် ၊ ထာဝရဘုရား သည် ထိုသူ နှစ်ယောက်တို့ကို ဝှက် ထားတော်မူ၏။
27 ၂၇ ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား၊
၂၇ယေရမိ နှုတ် မြွက်သည်အတိုင်း ဗာရုတ် ရေး ထားသော ထိုစာလိပ် ကို ရှင်ဘုရင် မီးရှို့ သောနောက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည် ကား၊
28 ၂၈ သင်သည်အခြားသော စာလိပ်ကိုယူ၍၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့။
၂၈သင် သည်အခြား သော စာလိပ် ကိုယူ ၍၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော အရင် စာလိပ် ၌ ပါ သမျှ သော စကား ရင်း အတိုင်း ရေး ထားလော့။
29 ၂၉ သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။
၂၉သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ၍ ဤ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို ၍ စာလိပ် ကိုမီးရှို့ ပြီ။
30 ၃၀ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌နေပူထဲသို့ ၎င်း၊ ညဉ့်အချိန်၌နှင်းခဲထဲသို့၎င်း ပစ်လိုက်ကြလိမ့်မည်။
၃၀ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ် ၏ရာဇ ပလ္လင်ပေါ် မှာ မ ထိုင် ရ။ သူ ၏အသေ ကောင်ကို နေ့ အချိန်၌ နေပူ ထဲသို့ ၎င်း ၊ ညဉ့် အချိန်၌ နှင်းခဲ ထဲသို့ ၎င်း ပစ် လိုက်ကြလိမ့်မည်။
31 ၃၁ သူမှစ၍ သူ၏သားမြေးတို့ကို၎င်း၊ သူ၏ ကျွန်တို့ကို၎င်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ၏။
၃၁သူ မှစ၍ သူ ၏သား မြေးတို့ကို ၎င်း၊ သူ ၏ ကျွန် တို့ကို၎င်း၊ အပြစ် နှင့်အလျောက်ငါစီရင် မည်။ သူ တို့နှင့် ယေရှုရှလင် မြို့သူ ယုဒ ပြည်သား တို့သည် နား မ ထောင်၊ သူ တို့အပေါ် သို့ ငါခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ရောက် စေမည်ဟုမိန့်တော်မူ၏။
32 ၃၂ ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ၍၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့်၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ်၍၊ ဗာရုတ်သည်ရေး ထား၏။ အလားတူသော စကားအများကိုလည်းထပ်၍ သွင်းရ၏။
၃၂ထိုအခါ ယေရမိ သည်အခြား သော စာလိပ် ကို ယူ ၍ ၊ နေရိ သား စာရေး ဗာရုတ် အား ပေး သဖြင့် ၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော စာ ၌ ပါသမျှ သော စကား တို့ကို ယေရမိ သည်နှုတ် မြွက်၍၊ ဗာရုတ်သည်ရေး ထား ၏။ အလား တူသော စကား အများ ကိုလည်းထပ်၍သွင်း ရ၏။

< ယေရမိ 36 >