< ယေရမိ 35 >

1 ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား ၊
2 သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူ သည်အတိုင်း၊
သင်သည်ရေခပ် အမျိုးသားတို့အိမ် သို့ သွား ၍ ၊ သူ တို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန် တော် အခန်း တ ခန်းထဲသို့ ခေါ် သွင်း၍ စပျစ်ရည် ကိုတိုက် ပေးလော့ဟု မိန့် တော်မူသည် အတိုင်း ၊
3 ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏ သား ယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများ အပေါင်း၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ်၍၊
ငါသည် ဟာဗဇိညာ သား ဖြစ်သော ယေရမိ ၏ သား ယာဇညာ မှစ၍ ၊ သူ ၏ညီအစ်ကို တို့နှင့် သား များ အပေါင်း ၊ ရေခပ် အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊
4 ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင်၊
ဗိမာန် တော်အတွင်း၊ တံခါးစောင့်ရှလ္လုံ သား မာသေယ ၏ အခန်း အပေါ် ၊ မှူး တော်မတ်တော် စည်းဝေး ရာ အခန်း နား မှာ ဘုရား သခင်၏လူ ဣဂဒါလိ သား ဟာနန် ၏သား တို့ နေသော အခန်း ထဲသို့ ဆောင် သွားပြီးလျှင်၊
5 ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည် ကို သောက်ကြပါဟု သူတို့အား ဆို၏။
ထိုရေခပ် အမျိုးသား တို့ရှေ့၌ စပျစ်ရည် နှင့် ပြည့် သောအိုး များနှင့် ခွက် ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက် ကြပါဟု သူ တို့အား ဆို ၏။
6 သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။
သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည် ကို မ သောက် ပါ။ အကြောင်း မူကား၊ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ် ၏ သား ယောနဒပ် က၊ သင်တို့မှစ၍ သား စဉ် မြေးဆက်တို့သည် စပျစ်ရည် ကို မ သောက် ရကြ။
7 အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသော ပြည်၌ အသက်တာရှည်မည်အကြောင်း၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။
အိမ် ကိုလည်း မ ဆောက် ရ၊ မျိုးစေ့ ကိုလည်း မ ကြဲ ရ၊ စပျစ် ဥယျာဉ်ကိုလည်း မ စိုက် ရ၊ မ ရှိ စေရကြ။ သင် တို့သည် ဧည့်သည် ဖြစ်လျက်နေသော ပြည် ၌ အသက် တာရှည် မည်အကြောင်း ၊ တသက် လုံး တဲ နှင့် သာ နေ ရကြမည်ဟု အကျွန်ုပ် တို့ကို မှာ ထားပါပြီ။
8 ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။
ထိုကြောင့် ၊ အကျွန်ုပ် တို့သည် မယား သား သမီး နှင့်တကွတသက်လုံး စပျစ်ရည် ကိုမ သောက် ။
9 နေစရာဘို့အိမ်ကိုလည်း မဆောက်။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။
နေ စရာဘို့ အိမ် ကိုလည်း မ ဆောက် ။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာ မရှိ၊ မျိုးစေ့ မ ရှိ ။
10 ၁၀ တဲနှင့်သာ နေ၍ အကျွန်ုပ်တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ။
၁၀တဲ နှင့် သာ နေ ၍ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာ ထားသမျှ သော စကားကို နားထောင် လျက် ၊ အဘယောနဒပ်မှာထား သမျှအတိုင်း ပြု ကြပါပြီ။
11 ၁၁ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤ ပြည်သို့ လာသောအခါ၊ အကျွန်ုပ်တို့က၊ လာကြ။ ယေရု ရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို၍၊ ယခုယေရှုရှလင်မြို့၌ နေကြပါသည်ဟု ဆိုကြ၏။
၁၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ ပြည် သို့ လာ သောအခါ ၊ အကျွန်ုပ်တို့က၊ လာ ကြ။ ယေရုရှလင် မြို့သို့ သွား ကြကုန်အံ့။ ခါလဒဲ စစ်သူရဲ တို့နှင့် ရှုရိ စစ်သူရဲ တို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခုယေရှုရှလင် မြို့၌ နေ ကြပါသည်ဟု ဆို ကြ၏။
12 ၁၂ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ၍၊
၁၂ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာ၍၊
13 ၁၃ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ၏။
၁၃ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။
14 ၁၄ စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နား ထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ။
၁၄စပျစ်ရည် ကို မ သောက် ရဟု၊ ရေခပ် သား ယောနဒပ် သည် မိမိ သား တို့၌ ထား သော ပညတ် စကားအတိုင်း၊ သူတို့သည် ကျင့် ၍ ယနေ့ တိုင် အောင်စပျစ်ရည် ကို မ သောက်ဘဲနေလျက်၊ အဘ ၏ပညတ် စကားကို နားထောင် ကြ၏။ ငါ သည် စောစော ထ၍ သင် တို့ကို အထပ်ထပ် ပြော သော်လည်း ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်ကြ။
15 ၁၅ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့ နှင့်သင်တို့၏ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ် လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။
၁၅ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။
16 ၁၆ ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊
၁၆ရေခပ် သား ဖြစ်သော ယောနဒပ် ၏ သား မြေးတို့ သည် မိမိ တို့ အဘ မှာ ထားသော စကား အတိုင်း ကျင့် ကြ၍၊ ဤ လူမျိုး သည် ငါ့ စကားကို နား မ ထောင်သောကြောင့်၊
17 ၁၇ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နား မထောင်ကြ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ၏။
၁၇ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါသည်ခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ယုဒ ပြည်သူ၊ ယေရှုရှလင် မြို့သား အပေါင်း တို့အပေါ် သို့ ရောက် စေမည်။ အကြောင်း မူကား၊ ငါပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြဟု မိန့်တော်မူ၏။
18 ၁၈ ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆို သော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့်၊
၁၈ရေခပ် အမျိုးသား တို့အား လည်း ၊ ယေရမိ ဆင့်ဆို သော၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမိန့် တော်ဟူမူကား ၊ သင်တို့သည် သင် တို့အဘ ယောနဒပ် ၏ ပညတ် စကားကို နားထောင် ၍၊ သူ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့် သောကြောင့်၊
19 ၁၉ ရေခပ်ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
၁၉ရေခပ် ယောနဒပ် အမျိုး ၌ ငါ့ အမှုထမ်း တို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< ယေရမိ 35 >