< ယေရမိ 34 >
1 ၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီး သည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို၎င်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်၍၊
၁ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် တပ်မ တော်သည်လက်အောက်ခံနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့၏စစ်တပ်များအကူ အညီဖြင့် ယေရုရှလင်မြို့နှင့်တကွအနီး အနားရှိမြို့ရွာများကိုတိုက်ခိုက်လျက်နေ စဉ် ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။-
2 ၂ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။
၂ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါ့အားသင်သည်ယုဒ ဘုရင်ဇေဒကိထံသို့သွား၍သူ့အားဗျာ ဒိတ်တော်ပြန်ကြားရမည်မှာ``ငါထာဝရ ဘုရားသည်ဤမြို့ကိုဗာဗုလုန်ဘုရင်အား ပေးအပ်မည်။ သူသည်ဤမြို့ကိုမီးရှို့လိမ့်မည်။-
3 ၃ သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
၃သင်သည်သူ၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အဖမ်းခံရကာသူ၏လက်တွင်း သို့သက်ဆင်းရလိမ့်မည်။ သင်သည်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်ပါသွားရလိမ့်မည်။-
4 ၄ သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖြင့်အသေမခံရ။
၄အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။-
5 ၅ ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
၅အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
6 ၆ ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို၎င်း၊
၆ထိုနောက်ဗာဗုလုန်ဘုရင်၏တပ်မတော် သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်နေ စဉ်ပရောဖက်ယေရမိသည် ထိုအကြောင်း အရာအလုံးစုံကိုဇေဒကိအားဆင့်ဆို ပြန်ကြား၏။ ဗာဗုလုန်တပ်မတော်သည် ယုဒပြည်ရှိခံတပ်မြို့များအနက် ကျန် ရှိသေးသည့်မြို့များဖြစ်သောလာခိရှ မြို့နှင့်အဇေကာမြို့တို့ကိုလည်းတိုက် ခိုက်လျက်နေသတည်း။
7 ၇ ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှ မြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်း သော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။
၇
8 ၈ ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊
၈ဇေဒကိမင်းနှင့်ယေရုရှလင်မြို့သူမြို့သား တို့သည် ယုဒအမျိုးသားအချင်းချင်းကျွန် စေစားမှုမရှိစေရန် ဟေဗြဲကျွန်ယောကျာ်း ကျွန်မိန်းမတို့အား လွတ်လပ်ခွင့်ပေးရန် သဘောတူညီကြလေသည်။
9 ၉ အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။
၉
10 ၁၀ အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
၁၀ပြည်သူများနှင့်ပြည်သူ့ခေါင်းဆောင်အပေါင်း တို့သည် မိမိတို့ကျေးကျွန်များအားလွတ်လပ် ခွင့်ပေးပြီးလျှင် နောင်အဘယ်အခါ၌မျှပြန် ၍ကျွန်စေစားမှုမပြုပါဟုသဘောတူညီ ကြ၏။ သူတို့သည်မိမိတို့ကျေးကျွန်များ ကိုလွတ်လပ်ခွင့်ပေးကြ၏။-
11 ၁၁ နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။
၁၁သို့သော်လည်းယင်းသို့လွတ်လပ်ခွင့်ပေးပြီး သည်နောက် စိတ်သဘောပြောင်းလဲ၍ထိုသူ တို့အားပြန်လည်ခေါ်ယူကာ အတင်း အကြပ်ကျွန်ခံစေကြပြန်၏။
12 ၁၂ ထိုကြောင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်၍၊
၁၂ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည်၊-
13 ၁၃ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊
၁၃ငါ့အားပြည်သူတို့အားဆင့်ဆိုစေသည် မှာ``ငါသည်သင်၏ဘိုးဘေးများအား အီဂျစ်ပြည်မှကယ်ဆယ်ကာ ကျွန်ဘဝ မှလွတ်မြောက်စေခဲ့စဉ်အခါကသူတို့ နှင့်ပဋိညာဉ်ပြုခဲ့၏။-
14 ၁၄ သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။
၁၄သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-
15 ၁၅ သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသော အမှုကို ပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း၊
၁၅လွန်ခဲ့သည့်ရက်အနည်းငယ်ကသင်တို့သည် စိတ်သဘောပြောင်းလဲ၍ ငါနှစ်သက်သည့် အမှုကိုပြုခဲ့ကြ၏။ သင်တို့အားလုံးပင် မိမိတို့ဟေဗြဲအမျိုးသားအချင်းချင်း တို့အား လွတ်လပ်ခွင့်ပေးရန်သဘောတူညီ ချက်ဖြင့် ငါ့နာမဖြင့်တည်ဆောက်ထား သောဗိမာန်တော်အတွင်းငါ၏ရှေ့မှောက် ၌ပဋိညာဉ်ပြုခဲ့ကြ၏။-
16 ၁၆ တဖန်ပြောင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
၁၆သို့ရာတွင်သင်တို့သည်စိတ်သဘောထား ပြောင်းလဲကြပြန်၍ငါ့အားအသရေဖျက် ကြ၏။ သင်တို့အားလုံးပင်မိမိတို့လွတ်လပ် ခွင့်ပေးခဲ့ကြသည့်ကျေးကျွန်များကို ပြန် လည်ခေါ်ယူကာအတင်းအကြပ်ကျွန်ခံ စေကြပြန်၏။-
17 ၁၇ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
၁၇သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-
18 ၁၈ နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ ရှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊
၁၈ယုဒပြည်နှင့်ယေရုရှလင်မြို့မှခေါင်းဆောင် များသည် နန်းတွင်းအရာရှိများ၊ ယဇ်ပုရော ဟိတ်များ၊ ပြည်သူများနှင့်အတူမိမိတို့ နှစ်ခြမ်းခွဲထားသည့်နွားလား၏စပ်ကြား တွင်လျှောက်သွားကာ ငါနှင့်ပဋိညာဉ်ပြုခဲ့ ကြ၏။ သို့ရာတွင်သူတို့သည်ငါ၏ရှေ့မှောက် တွင် မိမိတို့ပြုခဲ့သည့်ပဋိညာဉ်ကိုချိုး ဖောက်ကြ၏။ ထို့ကြောင့်နွားလားကိုသူ တို့ပြုသကဲ့သို့သူတို့အားငါပြုမည်။-
19 ၁၉ ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရော ဟိတ် အစရှိသော၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊
၁၉
20 ၂၀ သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သော သူများလက်သို့၎င်း ငါအပ်မည်။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည်။
၂၀ငါသည်သူတို့ကိုရန်သူများ၏လက်သို့ ပေးအပ်မည်။ သူတို့အားသတ်ဖြတ်လိုသူ များ၏လက်သို့ပေးအပ်မည်။ သူတို့၏ အလောင်းများသည်ငှက်များတောသားရဲ များ၏အစာဖြစ်လိမ့်မည်။-
21 ၂၁ ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သောလူများ လက်သို့၎င်း၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့၎င်း ငါအပ်မည်။
၂၁ယုဒဘုရင်ဇေဒကိနှင့်မှူးမတ်များအား သူ တို့ကိုသတ်ဖြတ်လိုသည့်ရန်သူများ၏လက် သို့ငါပေးအပ်မည်။ ငါသည်သူတို့အားယခု အတိုက်အခိုက်ရပ်စဲလိုက်သည့် ဗာဗုလုန် ဘုရင်၏တပ်မတော်လက်သို့ပေးအပ်မည်။-
22 ၂၂ ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၂၂ထိုတပ်မတော်ကိုငါအမိန့်ပေးသဖြင့် သူ တို့သည်ပြန်လာ၍ဤမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မီးရှို့လိုက်ကြလိမ့်မည်။ ငါသည် ယုဒမြို့တို့ကိုလူသူကင်းမဲ့ရာသဲကန္တာရ ကဲ့သို့ဖြစ်စေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။