< ယေရမိ 33 >

1 ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ၍၊
ငါ​သည်​ထောင်​ဝင်း​အ​တွင်း​တွင်​အ​ချုပ်​ခံ​ရ လျက်​ပင်​ရှိ​နေ​သေး​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​အား​တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ ပြန်​၏။-
2 ဤအမှုကကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သော ဘုရား၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
ကမ္ဘာ​မြေ​ကြီး​ကို​ပုံ​သွင်း​ဖန်​ဆင်း​၍​နေ သား​တ​ကျ​တည်​ရှိ​စေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊-
3 ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။
``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-
4 ပြအိုးမြေရိုးဖြင့်၎င်း၊ ထားဖြင့်၎င်း ပြိုပျက်သော ဤမြို့၏အိမ်များ၊ ယုဒရှင်ဘုရင်၏ ဘုံဗိမာန်များကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊
ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် ၏​နန်း​တော်​သည် ဝိုင်း​ရံ​ပိတ်​ဆို့​တိုက်​ခိုက်​ခံ ရ​သ​ဖြင့်​ပြို​ပျက်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
5 ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှါ လာကြ၏။ ငါသည် ပြင်းစွာ အမျက်ထွက်၍ ကွပ်မျက်သော သူတို့၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှါ လာကြ၏။ ထိုသူတို့၏ ဒုစရိုက်များကြောင့်၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ။
ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လူ​အ​ချို့ သည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​အ​မျက် ဒေါ​သ​ထွက်​၍​ကွပ်​မျက်​မည့်​လူ​တို့​၏ အ​လောင်း​များ​ဖြင့် သူ​တို့​သည်​ဤ​မြို့​ကို ပြည့်​နှက်​နေ​စေ​ကြ​လိမ့်​မည်။ မြို့​သူ​မြို့ သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက်​များ ကြောင့်​ငါ​သည်​ဤ​မြို့​ကို​မျက်​နှာ​လွှဲ တော်​မူ​ပြီ။-
6 သို့ရာတွင်၊ ငါသည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက်စေမည်။ မြို့သားတို့သည် ကျန်းမာမည် အကြောင်း၊ မြဲသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံမည် အကြောင်းကို ငါပြမည်။
သို့​ရာ​တွင်​ငါ​သည်​မြို့​နှင့်​မြို့​သား​တို့​ကို ကု​စား​၍ ပြန်​လည်​ကျန်း​မာ​လာ​စေ​မည်။ မြို့ သူ​မြို့​သား​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​တို့​ကို​ရ​ရှိ​ရန်​ငါ ပြ​သ​မည်။-
7 သိမ်းသွားခြင်းကိုခံရသော ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့၍ အရင် ကဲ့သို့ တည်ဆောက်မည်။
ငါ​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို ကောင်း​စား​စေ​မည်။ ထို​ပြည်​တို့​ကို​ရှေး​နည်း တူ​ပြန်​လည်​တည်​ဆောက်​၍​ပေး​မည်။-
8 သူတို့သည် ငါ့ကိုပြစ်မှားသမျှသော အပြစ်တို့ကို ငါဖြေရှင်းမည်။ ငါ့ကိုပြစ်မှား၍ ငါ၏တရားကို လွန်ကျူး သမျှသော အပြစ်တို့ကို ငါလွှတ်မည်။
ပြည်​သူ​တို့​ငါ့​အား​ပြစ်​မှား​ခဲ့​ကြ​သည့်​အပြစ် များ​ကို​ဆေး​ကြော​စင်​ကြယ်​စေ​မည်။ သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ပုန်​ကန်​မှု​တို့​ကို​ငါ​ခွင့် လွှတ်​မည်။-
9 ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာ အကြောင်း၊ဂုဏ်အသရေတော်ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည်။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည်။ ဤမြို့၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက်၍ ကြောက်ရွံတုန်လှုပ်ကြလိမ့်မည်။
ယေ​ရု​ရှ​လင်​မြို့​သည်​ငါ​ဝမ်း​မြောက်​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​အား​ငါ​ပေး အပ်​သည့်​ကောင်း​ကျိုး​ချမ်း​သာ​အ​ကြောင်း ကို​လည်း​ကောင်း၊ ထို​မြို့​သို့​ငါ​ဆောင်​ယူ လာ​သည့်​စည်​ပင်​ဝ​ပြော​မှု​အ​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​ရ​သော​အ​ခါ​ကြောက် လန့်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
10 ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံပြီဟု သင်တို့ဆိုတတ်သော ဤအရပ်၌၎င်း၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေသောသူမရှိ၊ ဆိတ်ညံသောယုဒမြို့များ၊ ယေရုရှလင် လမ်းများတို့၌၎င်း၊
၁၀ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-
11 ၁၁ နောက်တဖန်ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သော အသံ၊ မင်္ဂလာဆောင်သတို့သားအသံ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ် တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။
၁၁ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
12 ၁၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။
၁၂အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-
13 ၁၃ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကိုရေတွက်သော သူ၏ လက် အောက်မှာ၊ သိုးစုတို့သည် တဖန်ရှောက်သွားကြလိမ့်မည် ဟု မိန့်တော်မူ၏။
၁၃တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
14 ၁၄ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသော ဂတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။
၁၄ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား များ​နှင့်​ယု​ဒ​ပြည်​သား​တို့​အား ငါ​ထား ရှိ​ခဲ့​သည့်​က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​စေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-
15 ၁၅ ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ် အဘို့ငါ ပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရား သဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
၁၅ထို​နေ့​ရက်​ကာ​လ​၌​ဒါ​ဝိဒ်​၏​သား​မြေး အ​စစ်​အ​မှန်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​မည်။ သူ​သည်​လည်း​တိုင်း​နိုင်​ငံ​တစ်​ခု​လုံး​တွင် မျှ​တ​ဖြောင့်​မှန်​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။-
16 ၁၆ ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်း ရှိလိမ့် မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
၁၆ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယု​ဒ​ပြည်​သူ​တို့​သည်​ကယ်​ဆယ်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ သည်​လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​မြို့​တော်​ကို`ငါ​တို့​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား' ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်။-
17 ၁၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသ ရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ် သည် အလျှင်းမပြတ်ရ။
၁၇ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ ပြတ်​ရ​စေ​ရန်​လည်း​ကောင်း၊-
18 ၁၈ ငါ့ရှေ့မှာ မီးရှို့ရာ ယဇ်ကိုပူဇော်လျက်၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရောဟိတ် ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။
၁၈ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။
19 ၁၉ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်၍၊
၁၉ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``နေ့​နှင့်​ညဥ့်​တို့ သည်​မိ​မိ​တို့​အ​ချိန်​ကျ​လျှင်​ရောက်​ရှိ​လာ စေ​ရန်​နေ့​၌​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်၊ ညဥ့်​၌ ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက်​၍ မ​ရ​နိုင်။-
20 ၂၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထား သော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့ သည် ဖျက်၍၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင်၊
၂၀
21 ၂၁ ငါ၏ကျွန် ဒါဝိဒ်၌ ငါထားသော ပဋိညာဉ် ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
၂၁ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-
22 ၂၂ မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို ကောင်းကင်နှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကို၎င်း၊ ငါ၏အမှု ထမ်းလေဝိသားတို့ကို၎င်း ငါများပြားစေမည်ဟု မိန့်တော် မူ၏။
၂၂ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
23 ၂၃ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
၂၃ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``ငါ​သည်​မိ​မိ ရွေး​ချယ်​ထား​သည့်​ဣ​သ​ရေ​လ​အိမ်​ထောင်​စု နှင့် ယု​ဒ​အိမ်​ထောင်​စု​ကို​ပစ်​ပယ်​တော်​မူ​ပြီ​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​သင်​သ​တိ​ပြု မိ​ပါ​၏​လော။ သူ​တို့​သည်​ဤ​သို့​လျှင် ငါ​၏ လူ​မျိုး​တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​လူ​မျိုး တစ်​ရပ်​အ​နေ​ဖြင့်​ပင်​မ​မှတ်​မ​ယူ​ကြ​တော့ ပေ။-
24 ၂၄ ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုး ကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
၂၄
25 ၂၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နေ့နှင့်ညဉ့် အဘို့ငါ၏ပဋိညာဉ်မရှိလျှင်၎င်း၊ မိုဃ်းကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်၎င်း၊
၂၅သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​နှင့် ညဥ့်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကာ ကမ္ဘာ​မိုး​မြေ​ကို ထိန်း​ချုပ်​ရန်​အ​တွက်​ဋ္ဌမ္မ​တာ​တ​ရား​ကို ဖန်​တီး​၍​ထား​၏။-
26 ၂၆ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုး ရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏ အမျိုးသားစဉ် မြေးဆက်ထဲက ငါရွေး၍ မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူ တို့ကို တဖန်ငါဆောင်ခဲ့၍ မသာနားမည်ဟု မိန့်တော် မူ၏။
၂၆ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။

< ယေရမိ 33 >