< ယေရမိ 31 >
1 ၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
Paa den Tid, siger Herren, vil jeg være alle Israels Slægters Gud, og de skulle være mit Folk.
2 ၂ တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။
Saa siger Herren: Et Folk, som er overblevet fra Sværd, har fundet Naade i Ørken; jeg gaar hen for at skaffe Israel Hvile.
3 ၃ ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
Herren har ladet sig se for mig fra det fjerne: Jeg har elsket dig med en evig Kærlighed, derfor har jeg bevaret dig Miskundhed.
4 ၄ အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။
Endnu vil jeg opbygge dig, og du skal bygges, du Israels Jomfru! endnu skal du pryde dig med Pauker og gaa ud i de legendes Dans.
5 ၅ ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
Endnu skal du plante Vingaarde paa Samarias Bjerge; de, som plante, skulle plante dem og tage dem i Brug.
6 ၆ ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
Thi der kommer en Dag, da Vægtere paa Efraims Bjerg skulle raabe: Staar op, og lader os gaa op til Zion, til Herren vor Gud.
7 ၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
Thi saa siger Herren: Fryder eder over Jakob med Glæde, og jubler over det første af Folkene, lader det høres, priser og siger: Herre, frels dit Folk, det overblevne af Israel.
8 ၈ သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
Se, jeg fører dem fra Nordenland og vil samle dem fra det yderste af Jorden; iblandt dem skal der være blinde og halte, frugtsommelige og fødende til Hobe; de skulle komme hid tilbage som en stor Forsamling.
9 ၉ ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။
De skulle komme med Graad, og under deres ydmyge Bønner vil jeg føre dem frem; jeg vil lede dem til Vandbække paa en jævn Vej, hvor de ikke skulle støde sig; thi jeg er bleven Israels Fader, og Efraim, han er min førstefødte Søn.
10 ၁၀ အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
Hører, I Hedninger I Herrens Ord og kundgører det paa Øerne i det fjerne og siger: Den, som adspredte Israel, skal samle det og bevare det som en Hyrde sin Hjord.
11 ၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
Thi Herren har løskøbt Jakob og igenløst ham af dens Haand, som var stærkere end han.
12 ၁၂ ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။
Og de skulle komme og synge med Fryd paa Zions Høj og strømme til Herrens gode Gaver, til Korn og til Most og til Olie og til unge Faar og Øksne; og deres Sjæl skal være som en vandrig Have, og de skulle ikke herefter bedrøves mere.
13 ၁၃ ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
Da skal en Jomfru glæde sig i Dans, og unge og gamle til Hobe; og jeg vil vende deres Sorg til Glæde og trøste dem og glæde dem efter deres Bedrøvelse.
14 ၁၄ ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Og jeg vil vederkvæge Præsternes Sjæl med det fede, og mit Folk, de skulle mættes med mine Gaver, siger Herren.
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
Saa siger Herren: Der er hørt en Røst i Rama, en Klage, en bitter Graad, Rakel græder over sine Børn; hun vægrer sig ved at lade sig trøste over sine Børn, thi de ere ikke mere til.
16 ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
Saa siger Herren: Hold din Røst fra Graad og dine Øjne fra Taarer; thi der er Løn for dit Arbejde, siger Herren; og de skulle komme tilbage fra Fjendens Land.
17 ၁၇ သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
Og der er Haab for din sidste Tid, siger Herren; og Børnene skulle komme igen til deres Landemærker.
18 ၁၈ ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။
Jeg har hørt Efraim ynkeligt klage: Du har tugtet mig, og jeg er tugtet som en Kalv, der ikke er tæmmet; omvend mig, og jeg vil omvende mig; thi du er Herren min Gud.
19 ၁၉ ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။
Thi efter at jeg havde vendt mig bort, angrede jeg det, og efter at jeg var kommen til at erkende det, slog jeg mig paa Hoften; jeg var beskæmmet og skammede mig, thi jeg maatte bære min Ungdoms Skændsel.
20 ၂၀ ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Er da Efraim mig en dyrebar Søn? eller er han mit Yndlingsbarn? thi saa ofte jeg end har talt imod ham, kommer jeg ham dog endnu flittigt i Hu; derfor bruser mit Indre for ham, jeg vil forbarme mig over ham, siger Herren.
21 ၂၁ လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။
Oprejs dig Vejvisere, sæt dig Mærkestene, agt vel paa Stien, den Vej, ad hvilken du gik bort; vend tilbage, du Israels Jomfru, vend tilbage til disse dine Steder.
22 ၂၂ အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။
Hvor længe vil du fare omkring, du frafaldne Datter; thi Herren skaber nyt paa Jorden: Kvinde skal omgive Manden.
23 ၂၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည်။
Saa siger den Herre Zebaoth, Israels Gud: Endnu skulle de sige dette Ord i Judas Land og i hans Stæder, naar jeg omvender deres Fangenskab: Herren velsigne dig, du Retfærdigheds Bolig! du hellige Bjerg!
24 ၂၄ ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။
Og Juda og alle hans Stæder skulle bo derudi til Hobe, de, som dyrke Ageren, og de, som drage om med Hjorden.
25 ၂၅ ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။
Thi jeg vederkvæger den trætte Sjæl og mætter hver vansmægtet Sjæl.
26 ၂၆ ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
Derfor vaagnede jeg op og saa, og min Søvn var mig sød.
27 ၂၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။
Se, de Dage komme, siger Herren, da jeg vil besaa Israels Hus og Judas Hus med en Sæd af Folk og med en Sæd af Kvæg.
28 ၂၈ ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။
Og det skal ske, at ligesom jeg var aarvaagen over dem til at oprykke og til at nedrive og til at nedbryde og til at ødelægge og til at handle ilde med dem: Saaledes vil jeg være aarvaagen over dem til at bygge og til at plante, siger Herren.
29 ၂၉ ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ ဟု မဆိုရကြ။
I de Dage skulle de ikke mere sige: Fædrene aade sure Druer, og Børnenes Tænder bleve ømme;
30 ၃၀ လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။
men enhver skal dø for sin egen Misgernings Skyld, hvert Menneske, som æder de sure Druer, hans Tænder skulle blive ømme.
31 ၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
Se, de Dage komme, siger Herren, da jeg vil slutte en ny Pagt med Israels Hus og med Judas Hus;
32 ၃၂ ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
ikke efter den Pagt, som jeg sluttede med deres Fædre, der jeg tog dem ved Haanden for at udføre dem af Ægyptens Land, hvilken Pagt med mig de brøde, endskønt jeg var deres Ægtemand, siger Herren;
33 ၃၃ နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
men dette er Pagten, som jeg vil slutte med Israels Hus, efter disse Dage, siger Herren: Jeg giver min Lov i deres Indre og skriver den i deres Hjerte, og jeg vil være deres Gud, og de skulle være mit Folk.
34 ၃၄ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Og de skulle ikke mere lære nogen sin Næste eller nogen sin Broder, sigende: Kender Herren; thi de skulle alle kende mig, baade de smaa og de store iblandt dem, siger Herren; thi jeg vil forlade dem deres Skyld og ikke ydermere komme deres Synd i Hu.
35 ၃၅ နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊
Saa siger Herren, som sætter Solen til Lys om Dagen, Maanens og Stjernernes Love til Lys om Natten, han, som oprører Havet, at dets Bølger bruse, Herre Zebaoth er hans Navn:
36 ၃၆ ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
Dersom disse Love vige for mit Ansigt, siger Herren, da skal og Israels Sæd ophøre med at være et Folk for mit Ansigt alle Dage.
37 ၃၇ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
Saa siger Herren: Dersom Himlene heroventil kunne maales, og Jordens Grundvold hernedentil kan udforskes, saa vil jeg og forkaste al Israels Sæd for alt det, som de have gjort, siger Herren.
38 ၃၈ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှ စ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
Se, de Dage komme, siger Herren, da Staden skal bygges for Herren, fra Hananeels Taarn indtil Hjørneporten.
39 ၃၉ ဂါရက်တောင်ကို လွန်၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
Og over for den skal Maalesnoren gaa videre over Garebs Høj og vende sig om imod Goat.
40 ၄၀ အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည်။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။
Og den hele Dal med Aadslerne og Asken og alle Markerne indtil Kedrons Bæk, indtil Hesteportens Hjørne imod Østen skal være Herren en Helligdom; den skal ikke forstyrres og ikke nedbrydes mere evindelig.