< ယေရမိ 30 >
1 ၁ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
Leli yilizwi elafika kuJeremiya livela kuThixo lisithi:
2 ၂ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။
“UThixo, uNkulunkulu ka-Israyeli uthi, ‘Loba encwadini wonke amazwi engiwakhulume kuwe.
3 ၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကို ခံရသော ငါ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေး သောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Insuku ziyeza,’ kutsho uThixo, ‘lapho engizabuyisa abantu bami u-Israyeli loJuda bevela ekuthunjweni ngibabuyisele elizweni engalinika okhokho babo ukuba libe ngelabo,’ kutsho uThixo.”
4 ၄ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊
Amazwi akhulunywa nguThixo ngo-Israyeli loJuda:
5 ၅ ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံဘွယ်သောအကြောင်းသာ ရှိ၏။
“Wathi: ‘Ukukhala kokwesaba kuzwakele, ukwesaba okukhulu, hatshi ukuthula.
6 ၆ ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။
Buzani libone: Indoda ingazala abantwana na? Pho kungani ngibona wonke amadoda aqinileyo ebambe izisu zawo ngezandla njengowesifazane ohelelwayo, ubuso bonke sebube mhlotshana okokufa?
7 ၇ အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက် သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။
Yeka ukwesabeka okuzakuba yilolosuku! Kalukho oluzakuba njengalo. Kuzakuba yisikhathi sokuhlupheka kukaJakhobe, kodwa uzahlengwa kukho.
8 ၈ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းဘိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တပါး အမျိုးသားတို့သည် နောက်တဖန်သူတို့ကို မစေစားရကြ။
Ngalolosuku,’ kutsho uThixo uSomandla, ‘ngizalephula ijogwe entanyeni zabo ngiqamule lezibopho zabo; abezizweni kabasayikubagqilaza futhi.
9 ၉ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ အမှုကို၎င်း၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ်၏အမှုကို၎င်း ဆောင်ရွက်ရကြမည်။
Esikhundleni salokho, bazasebenzela uThixo uNkulunkulu wabo, loDavida inkosi yabo, engizabavusela yona.
10 ၁၀ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့ကျွန် ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၎င်း၊ သင်၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ၎င်း၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ချောက် လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။
Ngakho ungesabi, wena Jakhobe nceku yami; ungadangali, wena Israyeli,’ kutsho uThixo. ‘Ngeqiniso ngizakuhlenga ezindaweni ezikude, lenzalo yakho elizweni lokuthunjwa kwayo. UJakhobe uzakuba lokuthula futhi kanye lokuvikeleka, njalo kakho ozamenza esabe.
11 ၁၁ တဖန်မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ၏။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမမည်။
Ngilawe njalo ngizakuhlenga,’ kutsho uThixo. ‘Lanxa ngizichitha ngokupheleleyo zonke izizwe engikuhlakazela kuzo, wena angiyikukuchitha ngokupheleleyo. Ngizakuqondisa kodwa ngokufaneleyo kuphela; kangiyikukuyekela ungajeziswanga.’
12 ၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အနာ သည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ ၏။
UThixo uthi: ‘Isilonda sakho kaselapheki, ukulimala kwakho akupholi.
13 ၁၃ သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကို မစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။
Kakho okhulumela inhloso yakho, akulamuthi wesilonda sakho, akukho kuphola kuwe.
14 ၁၄ သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ၏။ သင့်အပြစ်သည် ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ။
Bonke abangane bakho sebekukhohliwe; kabalandaba lawe. Ngikutshaye njengokungenziwa yisitha ngakujezisa njengokungenziwa ngolesihluku, ngoba icala lakho likhulu kakhulu lezono zakho zinengi kakhulu.
15 ၁၅ သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ် ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသော ဒုစရိုက်များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။
Kungani ukhaliswa linxeba lakho, ubuhlungu bakho obungelaphekiyo na? Ngenxa yecala lakho elikhulu lezono ezinengi ngenze lezizinto kuwe.
16 ၁၆ သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်း တို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့ သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။
Kodwa bonke abakudlayo bazadliwa; zonke izitha zakho zizathunjwa. Labo abakuphangayo bazaphangwa; bonke abakwemukayo ngizabemuka.
17 ၁၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတပါးတို့ က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသော သူဟူ၍၎င်း၊ အဘယ်သူမျှမကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍၎င်း ခေါ်သော်လည်း၊ သင်၏အနာရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာပကတိဖြစ်စေမည်။
Kodwa ngizakusilisa ngipholise lamanxeba akho,’ kutsho uThixo, ‘ngoba kuthiwa ungolahliweyo, iZiyoni okungekho olendaba lalo.’
18 ၁၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွား ခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏ တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကို သနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှာ တဖန် တည်လျက်ရှိလိမ့် မည်။ နန်းတော်၌လည်း၊ ရှေးထုံးစံအတိုင်းနေကြလိမ့် မည်။
UThixo uthi: ‘Ngizavuselela inotho yasemathenteni kaJakhobe ngibe lesihawu emakhaya akhe; idolobho lizakwakhiwa kutsha emanxiweni alo, lendlu yobukhosi izakuma endaweni yayo uqobo.
19 ၁၉ ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသော သူတို့၏ အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။
Kubo kuzavela izingoma zokubonga kanye lomsindo wokuthokoza. Ngizakwandisa amanani abo, njalo kabayikuphungulwa; ngizabenza bahlonitshwe, njalo kabayikweyiswa.
20 ၂၀ အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ် တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။
Abantwana babo bazakuba njengezinsukwini zakudala, lebandla labo lizamiselwa phambi kwami; ngizabajezisa bonke ababancindezelayo.
21 ၂၁ သူတို့၏ မင်းသည် သူတို့အမျိုးဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသော သူသည် သူတို့ကို အုပ်စိုးရ လိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ် လိုသောငှါ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း။
Umkhokheli wabo uzakuba ngomunye wabakibo; umbusi wabo uzavela phakathi kwabo. Ngizamsondeza eduze, uzakuza phansi kwami, ngoba ngubani lowo ongazinikela ukuba seduze kwami na?’ kutsho uThixo.
22 ၂၂ ထိုအခါ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည် လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
‘Ngakho lina lizakuba ngabantu bami, mina ngibe nguNkulunkulu wenu.’”
23 ၂၃ ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့် ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့် မည်။
Khangelani, isiphepho sikaThixo sizakhupha ulaka, umoya osasivunguzane usehlela phezu kwamakhanda ababi.
24 ၂၄ ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ။ နောင်ကာလ၌ သင်တို့သည် နားလည်ကြလိမ့်မည်။
Ulaka olwesabekayo lukaThixo kaluyikudeda aze ayifeze ngokupheleleyo injongo yenhliziyo yakhe. Ensukwini ezizayo lizakuzwisisa lokhu.