< ယေရမိ 29 >
1 ၁ ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊
Now these are the words of the letter that Jeremiah the prophet sent from Jerusalem unto the residue of the elders which were carried away captives, and to the priests, and to the prophets, and to all the people whom Nebuchadnezzar had carried away captive from Jerusalem to Babylon;
2 ၂ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊
(After that Jeconiah the king, and the queen, and the eunuchs, the princes of Judah and Jerusalem, and the carpenters, and the smiths, were departed from Jerusalem; )
3 ၃ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊
By the hand of Elasah the son of Shaphan, and Gemariah the son of Hilkiah, (whom Zedekiah king of Judah sent unto Babylon to Nebuchadnezzar king of Babylon) saying,
4 ၄ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား၊
Thus says the LORD of hosts, the God of Israel, unto all that are carried away captives, whom I have caused to be carried away from Jerusalem unto Babylon;
5 ၅ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။
Build all of you houses, and dwell in them; and plant gardens, and eat the fruit of them;
6 ၆ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။
Take all of you wives, and brought forth sons and daughters; and take wives for your sons, and give your daughters to husbands, that they may bear sons and daughters; that all of you may be increased there, and not diminished.
7 ၇ ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။
And seek the peace of the city where I have caused you to be carried away captives, and pray unto the LORD for it: for in the peace thereof shall all of you have peace.
8 ၈ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။
For thus says the LORD of hosts, the God of Israel; Let not your prophets and your diviners, that be in the midst of you, deceive you, neither hearken to your dreams which all of you cause to be dreamed.
9 ၉ တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။
For they prophesy falsely unto you in my name: I have not sent them, says the LORD.
10 ၁၀ တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။
For thus says the LORD, That after seventy years be accomplished at Babylon I will visit you, and perform my good word toward you, in causing you to return to this place.
11 ၁၁ တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
For I know the thoughts that I think toward you, says the LORD, thoughts of peace, and not of evil, to give you an expected end.
12 ၁၂ တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။
Then shall all of you call upon me, and all of you shall go and pray unto me, and I will hearken unto you.
13 ၁၃ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။
And all of you shall seek me, and find me, when all of you shall search for me with all your heart.
14 ၁၄ ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ အထက်ကငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်း အမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦး မည်ဟုသာ ထာဝရဘုရားမိန့်တော်မူ၏။
And I will be found of you, says the LORD: and I will turn away your captivity, and I will gather you from all the nations, and from all the places where I have driven you, says the LORD; and I will bring you again into the place whence I caused you to be carried away captive.
15 ၁၅ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူအပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊
Because all of you have said, The LORD has raised us up prophets in Babylon;
16 ၁၆ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။
Know that thus says the LORD of the king that sits upon the throne of David, and of all the people that dwells in this city, and of your brethren that are not gone forth with you into captivity;
17 ၁၇ သူတို့ကို ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Thus says the LORD of hosts; Behold, I will send upon them the sword, the famine, and the pestilence, and will make them like vile figs, that cannot be eaten, they are so evil.
18 ၁၈ အကြောင်းမူကား၊ ငါသည် စောစောထ၍၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက် တို့၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
And I will persecute them with the sword, with the famine, and with the pestilence, and will deliver them to be removed to all the kingdoms of the earth, to be a curse, and an astonishment, and an hissing, and a reproach, among all the nations where I have driven them:
19 ၁၉ ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။
Because they have not hearkened to my words, says the LORD, which I sent unto them by my servants the prophets, rising up early and sending them; but all of you would not hear, says the LORD.
20 ၂၀ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊
Hear all of you therefore the word of the LORD, all you of the captivity, whom I have sent from Jerusalem to Babylon:
21 ၂၁ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏နာမကို အမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။
Thus says the LORD of hosts, the God of Israel, of Ahab the son of Kolaiah, and of Zedekiah the son of Maaseiah, which prophesy a lie unto you in my name; Behold, I will deliver them into the hand of Nebuchadrezzar king of Babylon; and he shall slay them before your eyes;
22 ၂၂ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။
And of them shall be taken up a curse by all the captivity of Judah which are in Babylon, saying, The LORD make you like Zedekiah and like Ahab, whom the king of Babylon roasted in the fire;
23 ၂၃ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Because they have committed villainy in Israel, and have committed adultery with their neighbours' wives, and have spoken lying words in my name, which I have not commanded them; even I know, and am a witness, says the LORD.
24 ၂၄ နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ
Thus shall you also speak to Shemaiah the Nehelamite, saying,
25 ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊
Thus speaks the LORD of hosts, the God of Israel, saying, Because you have sent letters in your name unto all the people that are at Jerusalem, and to Zephaniah the son of Maaseiah the priest, and to all the priests, saying,
26 ၂၆ သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။
The LORD has made you priest in the position of Jehoiada the priest, that all of you should be officers in the house of the LORD, for every man that is mad, and makes himself a prophet, that you should put him in prison, and in the stocks.
27 ၂၇ သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမ သနည်း။
Now therefore why have you not reproved Jeremiah of Anathoth, which makes himself a prophet to you?
28 ၂၈ သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကို ဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု၊
For therefore he sent unto us in Babylon, saying, This captivity is long: build all of you houses, and dwell in them; and plant gardens, and eat the fruit of them.
29 ၂၉ ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ၏။
And Zephaniah the priest read this letter in the ears of Jeremiah the prophet.
30 ၃၀ ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူ တယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
Then came the word of the LORD unto Jeremiah, saying,
Send to all them of the captivity, saying, Thus says the LORD concerning Shemaiah the Nehelamite; Because that Shemaiah has prophesied unto you, and I sent him not, and he caused you to trust in a lie:
Therefore thus says the LORD; Behold, I will punish Shemaiah the Nehelamite, and his seed: he shall not have a man to dwell among this people; neither shall he behold the good that I will do for my people, says the LORD; because he has taught rebellion against the LORD.