< ယေရမိ 25 >
1 ၁ ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
La parole qui fut adressée à Jérémie sur tout le peuple de Juda, la quatrième année de Jojakim, fils de Josias, roi de Juda (c'était la première année de Nabuchodonosor, roi de Babylone),
2 ၂ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊
parole que Jérémie, le prophète, adressa à tout le peuple de Juda et à tous les habitants de Jérusalem:
3 ၃ ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။
Depuis la treizième année de Josias, fils d'Amon, roi de Juda, jusqu'à ce jour, c'est-à-dire depuis vingt-trois ans, la parole de Yahvé m'a été adressée, et je vous ai parlé, me levant de bonne heure et parlant; mais vous n'avez pas écouté.
4 ၄ ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
L'Éternel vous a envoyé tous ses serviteurs, les prophètes, en se levant de bonne heure et en les envoyant (mais vous n'avez pas écouté ni prêté l'oreille pour entendre),
5 ၅ ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။
en disant: « Que chacun revienne maintenant de sa mauvaise voie et de la méchanceté de ses actions, et qu'il habite dans le pays que l'Éternel a donné à vous et à vos pères, depuis toujours et à jamais.
6 ၆ အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
N'allez pas après d'autres dieux pour les servir ou vous prosterner devant eux, et ne m'irritez pas par l'œuvre de vos mains; alors je ne vous ferai aucun mal. »
7 ၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
« Mais vous ne m'avez pas écouté, dit l'Éternel, afin de m'irriter par l'ouvrage de vos mains, pour votre propre malheur. »
8 ၈ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
C'est pourquoi Yahvé des armées dit: « Parce que vous n'avez pas écouté mes paroles,
9 ၉ ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသော လူအမျိုးမျိုးတို့ကို၎င်း စစ်တိုက်စေခြင်းငှါ၊ ငါ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
voici, j'enverrai prendre toutes les familles du nord, dit Yahvé, et j'enverrai mon serviteur Nebucadnetsar, roi de Babylone, et je les ferai venir contre ce pays, contre ses habitants et contre toutes ces nations d'alentour. Je les détruirai par interdit, et j'en ferai un objet d'étonnement, de sifflement et de désolation perpétuelle.
10 ၁၀ ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။
Je leur enlèverai la voix de la joie et la voix de l'allégresse, la voix du fiancé et la voix de la fiancée, le bruit des meules et la lumière de la lampe.
11 ၁၁ ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။
Tout ce pays sera une désolation et un objet d'épouvante, et ces nations serviront le roi de Babylone pendant soixante-dix ans.
12 ၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
« Quand soixante-dix ans seront accomplis, je punirai le roi de Babylone et cette nation, dit Yahvé, à cause de leur iniquité. Je réduirai le pays des Chaldéens en désolation pour toujours.
13 ၁၃ ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
Je ferai venir sur ce pays toutes les paroles que j'ai prononcées contre lui, tout ce qui est écrit dans ce livre, et que Jérémie a prophétisé contre toutes les nations.
14 ၁၄ များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ ကျင့်သော အကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
Car beaucoup de nations et de grands rois en feront des esclaves, même d'eux. Je leur rendrai selon leurs actes et selon l'œuvre de leurs mains. »
15 ၁၅ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
Car Yahvé, le Dieu d'Israël, me dit: « Prends de ma main cette coupe du vin de la colère, et fais-la boire à toutes les nations vers lesquelles je t'envoie.
16 ၁၆ သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
Ils boiront, ils tituberont et seront fous, à cause de l'épée que j'enverrai au milieu d'eux. »
17 ၁၇ ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
Puis j'ai pris la coupe dans la main de Yahvé, et j'ai fait boire toutes les nations vers lesquelles Yahvé m'avait envoyé:
18 ၁၈ ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
Jérusalem et les villes de Juda, avec ses rois et ses chefs, pour en faire une désolation, un objet d'étonnement, de sifflement et de malédiction, comme il en existe aujourd'hui;
19 ၁၉ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊
Pharaon, roi d'Égypte, avec ses serviteurs, ses chefs, et tout son peuple;
20 ၂၀ ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
tout le peuple mélangé, tous les rois du pays d'Uz, tous les rois des Philistins, Askalon, Gaza, Ékron, et le reste d'Asdod;
21 ၂၁ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊
Édom, Moab, et les enfants d'Ammon;
22 ၂၂ တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊
tous les rois de Tyr, tous les rois de Sidon, et les rois de l'île qui est au delà de la mer;
23 ၂၃ ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊
Dedan, Tema, Buz, et tous ceux qui ont les coins de leur barbe coupés;
24 ၂၄ အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း၊
tous les rois d'Arabie, tous les rois du peuple mélangé qui habite dans le désert;
25 ၂၅ ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်း အပေါင်း၊
tous les rois de Zimri, tous les rois d'Élam, tous les rois des Mèdes,
26 ၂၆ တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။
tous les rois du nord, les uns avec les autres, de loin et de près, et tous les royaumes du monde, qui sont à la surface de la terre. Le roi de Sheshach boira après eux.
27 ၂၇ သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက်၍ ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။
Tu leur diras: « L'Éternel des armées, le Dieu d'Israël, dit: « Buvez et soyez ivres, vomissez, tombez et ne vous relevez plus, à cause de l'épée que j'enverrai au milieu de vous ».
28 ၂၈ သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင်၏ လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြ မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။
S'ils refusent de prendre la coupe dans ta main pour boire, tu leur diras: « L'Éternel des armées dit: « Vous boirez ».
29 ၂၉ အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သော မြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲမနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဘို့ ထားကို မှာလိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
Car voici que je commence à faire du mal à la ville qui s'appelle de mon nom. Vous ne resterez pas impunis, car j'appellerai l'épée sur tous les habitants de la terre, dit Yahvé des armées ».
30 ၃၀ ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့ အား ဟောပြောရသောစကားများဟူမူကား၊ ထာဝရ ဘုရားသည် မြင့်သော အရပ်က ကြွေးကြော်တော် မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တဘက်၌ အော်ဟစ်တော်မူမည်။
« Prophétise donc contre eux toutes ces paroles, et dis-leur, "'Yahvé rugira du haut des cieux, et faire entendre sa voix depuis sa demeure sainte. Il rugira puissamment contre son pli. Il poussera un cri, comme ceux qui foulent le raisin, contre tous les habitants de la terre.
31 ၃၁ မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှု လုပ်တော်မူမည်။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက် စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
Un bruit se fera entendre jusqu'à l'extrémité de la terre; car Yahvé a une controverse avec les nations. Il entrera en jugement avec toute chair. Quant aux méchants, il les livrera à l'épée, dit Yahvé. »
32 ၃၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့ မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည်။
Yahvé des Armées dit, « Voici que le mal se répandra de nation en nation, et une grande tempête s'élèvera des extrémités de la terre. »
33 ၃၃ ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြ လိမ့်မည်။
En ce jour-là, les morts de Yahvé seront d'un bout à l'autre de la terre. On ne les pleurera pas. Ils ne seront ni recueillis ni enterrés. Ils seront du fumier à la surface de la terre.
34 ၃၄ အို သိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ် သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။
Gémissez, bergers, et criez. Va te vautrer dans la poussière, toi le chef du troupeau; car les jours de vos massacres et de vos dispersions sont arrivés, et vous tomberez comme une fine poterie.
35 ၃၅ သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။
Les bergers n'auront aucun moyen de fuir. Le chef du troupeau n'aura pas d'échappatoire.
36 ၃၆ သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။
Une voix du cri des bergers, et les lamentations du chef du troupeau, car Yahvé détruit leurs pâturages.
37 ၃၇ ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။
Les plis paisibles sont réduits au silence à cause de l'ardente colère de Yahvé.
38 ၃၈ ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲသော သူ၏ပြင်းထန်ခြင်း၊ ပြင်း စွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ ပြသည် လူဆိတ်ညံ ရာအရပ်ဖြစ်ရ၏။
Il a quitté sa cachette, comme le lion; car leur pays est devenu un objet d'étonnement à cause de la férocité de l'oppression, et à cause de sa colère féroce.