< ယေရမိ 24 >
1 ၁ ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။
၁ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)
2 ၂ တောင်းတလုံး၌ကား၊ အဦးမှည့်သော သင်္ဘော သဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။
၂ပထမတောင်းတွင်စောစောမှည့်သည့်သင်္ဘော သဖန်းသီးများရှိ၏။ အခြားတောင်းတွင် မူကားစား၍မရနိုင်၊ ပုပ်နေသောသင်္ဘော သဖန်းသီးများရှိလေသည်။-
3 ၃ ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ၏။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။
၃ထိုနောက်ထာဝရဘုရားကငါ့အား``ယေရမိ၊ သင်အဘယ်အရာကိုမြင်သနည်း'' ဟုမေး တော်မူ၏။ ငါကလည်း``သင်္ဘောသဖန်းသီးများကိုမြင် ပါသည်။ ကောင်းသောသင်္ဘောသဖန်းသီးများ သည် အလွန်ကောင်း၍ပုပ်သောသင်္ဘောသဖန်း သီးများမှာစား၍မရနိုင်လောက်အောင်ပုပ် ၍နေပါသည်'' ဟုပြန်လည်လျှောက်ထား၏။
4 ၄ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
၄သို့ဖြစ်၍ထာဝရဘုရား၏နှုတ်ကပတ်တော် ငါ့ထံသို့ရောက်လာ၏``ဗာဗုလုန်မြို့သို့လိုက် ပါသွားရသူတို့သည်သင်္ဘောသဖန်းသီး ကောင်းများနှင့်တူသည်ဟု ဣသရေလအမျိုး သားတို့၏ဘုရားသခင်ငါထာဝရဘုရား ရှုမှတ်ကာငါသည်သူတို့အားကရုဏာနှင့် ဆက်ဆံမည်။-
5 ၅ ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။
၅
6 ၆ သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍၊ ဤပြည် သို့တဖန် ဆောင်ခဲ့ဦးမည်။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ် မပယ်ဘဲစိုက်ထားမည်။
၆သူတို့ကိုကြည့်ရှုစောင့်ရှောက်၍ဤပြည်သို့ ပြန်လည်ခေါ်ဆောင်လာမည်။ ငါသည်သူတို့ အားဖြို၍မပစ်ဘဲတည်ဆောက်၍ပေးမည်။ ဆွဲနုတ်၍မပစ်ဘဲစိုက်ပျိုး၍ပေးမည်။-
7 ၇ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့် မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည်။
၇ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း သိရှိလိုသောစိတ်နှလုံးကိုသူတို့အားငါ ပေးမည်။ ထိုအခါသူတို့သည်ငါ၏လူမျိုး တော်ဖြစ်လျက် ငါသည်လည်းသူတို့၏ဘုရား ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်စိတ်ပါလက်ပါ ငါ၏ထံသို့ပြန်လာ ကြလိမ့်မည်ဖြစ်သောကြောင့်တည်း။
8 ၈ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘော သဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရု ရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။
၈``ယုဒဘုရင်ဇေဒကိ၊ သူ၏အခြွေအရံ မှူးမတ်များနှင့် ဤပြည်တွင်ကျန်ရစ်ခဲ့သူ သို့မဟုတ်အီဂျစ်ပြည်သို့ပြောင်းရွှေ့သွား သူ၊ ယေရုရှလင်မြို့သားတို့ကိုမူကား ငါ ထာဝရဘုရားသည်စား၍မရနိုင်လောက် အောင်ပုပ်နေသည့်သင်္ဘောသဖန်းသီးများ ကဲ့သို့ရှုမှတ်မည်။-
9 ၉ သူတို့သည် ငါနှင်ရာအရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည် အကြောင်း၊ ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ရှက်ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည်။
၉ငါသည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ထိတ် လန့်တုန်လှုပ်သွားလောက်အောင် ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသူတို့အပေါ်သို့သက် ရောက်စေမည်။ သူတို့အားလူတို့သည်ပြက် ရယ်ပြုကြလိမ့်မည်။ သူတို့၏အကြောင်း ကိုပြက်လုံးထုတ်လျက်သရော်ပြောဆို ကြလိမ့်မည်။ သူတို့အားငါကွဲလွင့်စေ သည့်အရပ်မှန်သမျှတို့၌လည်း သူတို့ ၏အမည်နာမကိုကျိန်ဆဲရာတွင် အသုံးပြုကြလိမ့်မည်။-
10 ၁၀ သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသော ပြည်မှ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၀သူတို့နှင့်သူတို့ဘိုးဘေးများအားငါ ပေးအပ်ခဲ့သည့်ပြည်တွင် သူတို့တစ်စုံတစ် ယောက်မျှမကြွင်းမကျန်တော့သည့်တိုင် အောင် ငါသည်သူတို့အပေါ်သို့စစ်မက်ဘေး အန္တရာယ်ကိုလည်းကောင်း၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါဘေး ကိုလည်းကောင်းသက်ရောက်စေမည်'' ဟုမိန့် တော်မူ၏။