< ယေရမိ 19 >
1 ၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊
Ovako reèe Gospod: idi i kupi krèag zemljan u lonèara s nekoliko starješina narodnijeh i starješina sveštenièkih.
2 ၂ ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊
I otidi u dolinu sina Enomova što je pred vratima istoènijem, i ondje proglasi rijeèi koje æu ti kazati.
3 ၃ အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
I reci: èujte rijeè Gospodnju, carevi Judini i stanovnici Jerusalimski; ovako veli Gospod nad vojskama Bog Izrailjev: evo, ja æu pustiti zlo na to mjesto da æe zujati uši svakome ko ga èuje.
4 ၄ အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
Jer me ostaviše i oskvrniše ovo mjesto kadeæi na njemu drugim bogovima, kojih ne znaše ni oni ni oci njihovi, ni carevi Judini, i napuniše to mjesto krvi prave.
5 ၅ ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
I pogradiše visine Valu da sažižu sinove svoje ognjem na žrtve paljenice Valu, èega ne zapovjedih niti o tom govorih, niti mi na um doðe.
6 ၆ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
Zato, evo, ide vrijeme, veli Gospod, kad se ovo mjesto neæe više zvati Tofet, ni dolina sina Enomova, nego krvna dolina.
7 ၇ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။
Jer æu uništiti savjet Judin i Jerusalimski na ovom mjestu, i uèiniæu da padnu od maèa pred neprijateljima svojim i od ruke onijeh koji traže dušu njihovu, i mrtva æu tjelesa njihova dati za hranu pticama nebeskim i zvijerima zemaljskim.
8 ၈ ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
I obratiæu taj grad u pustoš i rug: ko god proðe mimo nj, èudiæe se i zviždaæe za sve muke njegove.
9 ၉ သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
I uèiniæu da jedu meso od svojih sinova i meso od svojih kæeri, i svaki æe jesti meso od druga svojega u nevolji i tjeskobi kojom æe im dosaðivati neprijatelji njihovi i koji traže dušu njihovu.
10 ၁၀ သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။
Potom razbij krèag pred ljudima koji æe iæi s tobom.
11 ၁၁ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
I reci im: ovako veli Gospod nad vojskama: tako æu razbiti taj narod i taj grad kao što se razbije sud lonèarski, koji se ne može više opraviti, i u Tofetu æe se pogrebavati, jer neæe biti mjesta za pogrebavanje.
12 ၁၂ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤသို့ ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။
Tako æu uèiniti tome mjestu, veli Gospod, i stanovnicima njegovijem i uèiniæu taj grad da bude kao Tofet;
13 ၁၃ အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ၊ ယုဒ ရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
I kuæe Jerusalimske i kuæe careva Judinijeh biæe neèiste kao mjesto Tofet, sve kuæe, gdje na krovovima kadiše svoj vojsci nebeskoj i ljevaše naljeve drugim bogovima.
14 ၁၄ ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တန်တိုင်း၌ ရပ်လျက်၊
Potom se vrati Jeremija iz Tofeta kuda ga bješe poslao Gospod da prorokuje, i stade u trijemu doma Gospodnjega, i reèe svemu narodu:
15 ၁၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ၏။
Ovako veli Gospod nad vojskama Bog Izrailjev: evo, ja æu pustiti na taj grad i na sve gradove njegove sve zlo koje izrekoh za nj, jer otvrdnuše vratom svojim da ne slušaju rijeèi mojih.