< ယေရမိ 17 >
1 ၁ ယုဒအမျိုး၏ အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌၎င်း၊ ယဇ်ပလ္လင် ဦးချို၌၎င်း အက္ခရာ တင်၍ မှတ်သားလျက်ရှိ၏။
“An rubuta zunubin Yahuda da alƙalamin ƙarfe, an rubuta da tsinin dutse, a kan allunan zukatansu da kuma a kan ƙahonin bagadansu.
2 ၂ သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။
Har’ya’yansu ma sun tuna bagadansu da ginshiƙan Asheransu kusa da itatuwa masu duhuwa da kuma a kan tuddai masu tsayi.
3 ၃ အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
Dutsena a ƙasar da dukiyarku na ƙasar da dukan arzikinku za a ba da su ganima, tare da masujadanku na kan tuddai, saboda zunubi ko’ina a ƙasarku.
4 ၄ သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ် အလာသောငါ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ။
Saboda laifinku za ku rasa gādon da na ba ku. Zan bautar da ku ga abokan gābanku a ƙasar da ba ku sani ba, domin kun husata ni, zai kuwa ci har abada.”
5 ၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
Ga abin da Ubangiji yana cewa, “La’ananne ne mutumin da yake dogara ga mutum, wanda ya dogara ga jiki don ƙarfi wanda kuma zuciyarsa ta juya wa Ubangiji baya.
6 ၆ ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
Zai zama kamar ɗan kurmi a ƙasar da take kango; ba za su ga arziki sa’ad da ya zo ba. Za su zauna a busassun wuraren hamada, a cikin ƙasar gishiri inda ba kowa.
7 ၇ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။
“Amma mai albarka ne mutumin da yake dogara ga Ubangiji, wanda ƙarfin halinsa yana daga Ubangiji.
8 ၈ ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။
Za su zama kamar itacen da aka dasa kusa da ruwa wanda ya miƙa saiwoyinsa zuwa cikin rafi. Ba ya jin tsoro sa’ad da zafi ya zo; ganyayensa kullum kore suke. Ba shi da damuwa a shekarar fări ba ya taɓa fasa ba da’ya’ya.”
9 ၉ စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
Zuciya ta fi kome ruɗu ta fi ƙarfin warkewa. Wa zai iya gane ta?
10 ၁၀ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ်၏။
“Ni Ubangiji nakan bincike zuciya in gwada tunani, don in sāka wa kowane mutum bisa ga halinsa, bisa ga ayyukansa.”
11 ၁၁ ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
Kamar makwarwar da ta kwanta a kan ƙwan da ba ita ta zuba ba haka yake da mutumin da ya sami arziki a hanyar da ba daidai ba. A tsakiyar rayuwarsa za su rabu da shi, a ƙarshe kuma zai zama wawa.
12 ၁၂ ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ်၏။
Kursiyi mai daraja, da aka ɗaukaka tun daga farko, shi ne wuri mai tsarkinmu.
13 ၁၃ အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း။
Ya Ubangiji, sa zuciyar Isra’ila, duk waɗanda suka rabu da kai za su sha kunya. Waɗanda suka juya maka baya za a rubuta su a ƙura domin sun yashe Ubangiji, maɓulɓular ruwan rai.
14 ၁၄ အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။
Ka warkar da ni, ya Ubangiji, zan kuwa warke; ka cece ni zan kuwa cetu, gama kai ne nake yabo.
15 ၁၅ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
Sun riƙa ce mini, “Ina maganar Ubangiji take? Bari tă cika yanzu!”
16 ၁၆ အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့် တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။
Ban gudu zaman mai yin maka kiwo ba; ka sani ban marmarin ranan nan ta masifa ba. Abin da ya fito daga leɓunana kuwa, a bayyane suke gare ka.
17 ၁၇ အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေး ရောက်သော ကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
Kada ka zama mini abin razana; kai ne mafakata a ranar masifa.
18 ၁၈ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။
Bari masu tsananta mini su sha kunya, amma ka kiyaye ni daga shan kunya; bari su tsorata, amma ka kiyaye ni da razana. Ka kawo musu ranar masifa; ka hallaka su da hallaka riɓi biyu.
19 ၁၉ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ၌ သွား၍ရပ်လျက်၊
Ga abin da Ubangiji ya ce mini, “Ka je ka tsaya a ƙofar mutane, inda sarakunan Yahuda sukan shiga su fita; ka tsaya kuma a dukan sauran ƙofofin Urushalima.
20 ၂၀ လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့။
Ka ce musu, ‘Ku ji maganar Ubangiji, ku sarakunan Yahuda, da dukan mutanen Yahuda da dukan mazaunan Urushalima waɗanda suke bi ta waɗannan ƙofofi.
21 ၂၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
Ga abin da Ubangiji yana cewa, ku yi hankali kada ku ɗauki kaya a ranar Asabbaci ko ku shigar da shi ta ƙofofin Urushalima.
22 ၂၂ ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့။
Kada ku fitar da kayan gidajenku ko ku yi wani aiki a ranar Asabbaci mai tsarki, yadda na umarci kakanni-kakanninku.
23 ၂၃ ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
Duk da haka ba su saurara ba, ba su kuwa mai da hankali ba; suka taurare ba su kuwa saurara ko su karɓi horo ba.
24 ၂၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊
Amma in kuka yi hankali kuka yi mini biyayya, in ji Ubangiji, ba ku kuwa shigar da kaya ta ƙofofi a ranar Asabbaci ba, amma kuka kiyaye ranar Asabbaci da tsarki ba tare da yin wani aiki a cikinta ba,
25 ၂၅ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။
sa’an nan sarakuna da suke zama a kursiyin Dawuda za su shiga ta ƙofofin wannan birni tare da fadawansu. Su da fadawansu za su shiga a kan kekunan yaƙi da kuma a kan dawakai, mutanen Yahuda suna musu rakiya tare da waɗanda suke zaune a Urushalima, wannan birni kuwa za tă kasance da mazauna har abada.
26 ၂၆ မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
Mutane za su zo daga garuruwan Yahuda da ƙauyukan kewaye da Urushalima, daga iyakar Benyamin da gindin tuddan yamma, daga ƙasar tudu da kuma Negeb, suna kawo hadayun ƙonawa da hadayun gari, sadakokin turare da na godiya zuwa gidan Ubangiji.
27 ၂၇ သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရု ရှလင်မြို့တံခါးများသို့မဝင်၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည်။
Amma in ba ku yi mini biyayya ba, ba ku kiyaye ranar Asabbaci da tsarki ba, kuka ɗauki wani kaya yayinda kuke shiga ƙofofin Urushalima a ranar Asabbaci, to, sai in cinna wa ƙofofin Urushalima wutar da ba a iya kashewa, tă cinye kagaranta.’”