< ယေရမိ 15 >
1 ၁ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့။
主はわたしに言われた、「たといモーセとサムエルとがわたしの前に立っても、わたしの心はこの民を顧みない。彼らをわたしの前から追い出し、ここを去らせよ。
2 ၂ အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရ ပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန် သော သူတို့သည် သေခြင်းသို့၎င်း၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့၎င်း၊ ငတ်မွတ်တန်သော သူတို့သည် ငတ်မွတ်ခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန် သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့၎င်း ထွက် သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့ အား ဆင့်ဆိုလော့။
もし彼らが、『われわれはどこに行けばよいのか』とあなたに尋ねるならば、彼らに言いなさい、『主はこう仰せられる、疫病に定められた者は疫病に、つるぎに定められた者はつるぎに、ききんに定められた者はききんに、とりこに定められた者はとりこに行く』。
3 ၃ သူတို့ကို သတ်ရသောထား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသော မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတည်း ဟူသော ရန်သူလေးမျိုးကို သူတို့တဘက်၌ ငါခန့်ထား မည်။
主は仰せられる、わたしは四つの物をもって彼らを罰する。すなわち、つるぎをもって殺し、犬をもってかませ、空の鳥と地の獣をもって食い滅ぼさせる。
4 ၄ ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့၌ ပြုသောအမှုကြောင့်၊ ထိုသူတို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက် ကို ခံစေမည်။
またユダの王ヒゼキヤの子マナセが、エルサレムでした行いのゆえに、わたしは彼らを地のすべての国が見て恐れおののくものとする。
5 ၅ အို ယေရုရှလင်မြို့၊ သင့်ကို အဘယ်သူသနား လိမ့်မည်နည်း။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့် မည်နည်း။ သင့်ကိုကျန်းမာ၏လောဟု မေးအံ့သောငှါ၊ အဘယ်သူ လမ်းလွှဲလိမ့်မည်နည်း။
エルサレムよ、だれがあなたをあわれむであろうか。だれがあなたのために嘆くであろうか。だれがふり返って、あなたの安否を問うであろうか。
6 ၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ့ကို စွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကို ဆန့်၍ သင့်ကို ဖျက်ဆီးမည်။ ငါသည် နောင်တရ၍ ငြီးငွေ့ပြီ။
主は言われる、あなたはわたしを捨てた。そしてますます退いて行く。それゆえ、わたしは手を伸べてあなたを滅ぼした。わたしはあわれむことには飽きた。
7 ၇ ပြည်တံခါးဝ၌ သူတို့ကို စံကောနှင့်ငါလှေ့မည်။ သူတို့သားသမီးများကို ငါရှုံးစေမည်။ ငါ၏ လူမျိုးသည် မိမိလိုက်သွားသော လမ်းမှမပြန်လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီးမည်။
わたしはこの地の門で、箕で彼らをあおぎ分けた。彼らがその道を離れなかったので、わたしは彼らの子を奪い、わが民を滅ぼした。
8 ၈ သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့၍၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ်စေမည်။
わたしは彼らの寡婦の数を浜べの砂よりも多くした。わたしは真昼に、滅ぼす者を連れてきて、若者らの母たちをせめ、驚きと恐れを、にわかに母たちにおこした。
9 ၉ သားခုနစ်ယောက်ကို ဘွားမြင်သော မိန်းမ သည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန် မရောက်မှီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသော သူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ထား၌ ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
七人の子を産んだ女は、弱り衰えて、息絶え、まだ昼であったが、彼女の日は没した。彼女は恥じ、うろたえた。その残りの者は、これを敵のつるぎに渡すと主は言われる」。
10 ၁၀ အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော် လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ၏။
ああ、わたしはわざわいだ。わが母よ、あなたは、なぜ、わたしを産んだのか。全国の人はわたしと争い、わたしを攻める。わたしは人に貸したこともなく、人に借りたこともないのに、皆わたしをのろう。
11 ၁၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ် စင်စစ်သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သော ကာလ၊ ညှဉ်းဆဲခြင်းကို ခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာ တောင်ပန်းမည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။
主よ、もしわたしが彼らの幸福をあなたに祈り求めず、また敵のため、その悩みのときと、災のときに、わたしがあなたにとりなしをしなかったのであれば、彼らののろいも、やむをえないでしょう。
12 ၁၂ သံချင်းတိုက်သောအခါ မြောက်ပြည်သံကို၎င်း၊ သံမဏိကို၎င်း ချိုးနိုင်သလော။
人は鉄を、北からくる鉄や青銅を砕くことができましょうか。
13 ၁၃ သင်၏ပြည်တရှောက်လုံး၌ သင်ပြုသော အပြစ် များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူ သော သူတို့လက်သို့ ငါပေးမည်။
「わたしはあなたの富と宝を、ぶんどり物として他に与える。代価を受けることはできない。それはあなたのすべての罪によるので、領域内のいたる所にこのことが起る。
14 ၁၄ သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကို ငါသွားစေမည်။ သင်တို့ကို လောင်သောမီးသည် ငါ့ အမျက်အားဖြင့် ရှို့လျက်ရှိ၏။
わたしはあなたの知らない地で、あなたの敵に仕えさせる。わたしの怒りによって火は点じられ、いつまでも燃え続けるからである」。
15 ၁၅ အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော် မူ၏။ အကျွန်ုပ်ကို အောက်မေ့လျက် အကြည့်အရှု ကြွလာ၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ။ သူတို့ကိုသည်းခံ၍၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော်မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်း ခံရကြောင်း ကို အောက်မေ့တော်မူပါ။
主よ、あなたは知っておられます。わたしを覚え、わたしを顧みてください。わたしを迫害する者に、あだを返し、あなたの寛容によって、わたしを取り去らないでください。わたしがあなたのために、はずかしめを受けるのを知ってください。
16 ၁၆ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော် စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမ တော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။
わたしはみ言葉を与えられて、それを食べました。み言葉は、わたしに喜びとなり、心の楽しみとなりました。万軍の神、主よ、わたしは、あなたの名をもってとなえられている者です。
17 ၁၇ ပွဲခံသောသူအစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသော ကြောင့်၊ တယောက်တည်း ထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသ အမျက်နှင့် ပြည့်စေတော်မူပြီ။
わたしは笑いさざめく人のつどいにすわることなく、また喜ぶことをせず、ただひとりですわっていました。あなたの手がわたしの上にあり、あなたが憤りをもってわたしを満たされたからです。
18 ၁၈ အကျွန်ုပ်ခံရသော ဝေဒနာသည် အဘယ် ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သော အနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည် ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။
どうしてわたしの痛みは止まらず、傷は重くて、なおらないのですか。あなたはわたしにとって、水がなくて人を欺く谷川のようになられるのですか。
19 ၁၉ ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာ နှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ် ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြ လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍ မသွားရ။
それゆえ主はこう仰せられる、「もしあなたが帰ってくるならば、もとのようにして、わたしの前に立たせよう。もしあなたが、つまらないことを言うのをやめて、貴重なことを言うならば、わたしの口のようになる。彼らはあなたの所に帰ってくる。しかしあなたが彼らの所に帰るのではない。
20 ၂၀ ငါသည်လည်း သင့်ကို ဤလူမျိုးတဘက်၌ ခိုင်ခံ့ သော ကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကို တိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နှုတ်ယူကယ်တင် ခြင်းငှါ သင့်ဘက်၌နေမည်။
わたしはあなたをこの民の前に、堅固な青銅の城壁にする。彼らがあなたを攻めても、あなたに勝つことはできない。わたしがあなたと共にいて、あなたを助け、あなたを救うからであると、主は言われる。
21 ၂၁ လူဆိုးလက်မှ သင့်ကို ငါနှုတ်၍၊ ကြောက်မက် ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
わたしはあなたを悪人の手から救い、無慈悲な人の手からあがなう」。