< ယေရမိ 14 >
1 ၁ မိုဃ်းပြတ်သောအမှုကို ရည်မှတ်၍၊ ယေရမိသို့ ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊
Кувынтул Домнулуй спус луй Иеремия ку прилежул сечетей:
2 ၂ ယုဒပြည်သည် ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေ တိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက်လေ၏။
„Иуда желеште, четэциле луй сунт пустиите, тристе, посоморыте ши стригэтеле Иерусалимулуй се ыналцэ.
3 ၃ မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သော အခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ၏။
Чей марь тримит пе чей мичь сэ адукэ апэ, дар чей мичь, кынд се дук ла фынтынь, ну гэсеск апэ ши се ынторк ку васеле гоале: рушинаць ши рошиць, ышь акоперэ капул.
4 ၄ မိုဃ်းပြတ်၍ မြေအက်ကွဲသောကြောင့်၊ လယ် လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက် ကြ၏။
Пэмынтул крапэ, пентру кэ ну каде плоае ын царэ, ши плугарий, ыншелаць ын нэдеждя лор, ышь акоперэ капул.
5 ၅ သမင်မသည် လယ်ပြင်၌ မွေးသောအခါ မြက် မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။
Кяр ши чербоайка де пе кымп наште ши ышь пэрэсеште пуий, пентру кэ ну гэсеште вердяцэ.
6 ၆ မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ၏။ မြက်မရှိသော ကြောင့်၊ သူတို့ မျက်စိပျက်လေ၏။
Мэгарий сэлбатичь стау пе локурь ыналте ши плешуве, трэгынд аер ка ниште шерпь; ли се топеск окий, пентру кэ ну есте ярбэ.”
7 ၇ အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏ အပြစ်သည် အကျွန်ုပ်တို့တဘက်၌ သက်သေခံသော်လည်း၊ နာမတော် ကို ထောက်၍စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ။
Дакэ нелеӂюириле ноастре мэртурисеск ымпотрива ноастрэ, лукрязэ пентру Нумеле Тэу, Доамне! Кэч абатериле ноастре сунт мулте, ам пэкэтуит ымпотрива Та.
8 ၈ အို ဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်း၊ အမှုရောက်သော ကာလ ကယ်တင်တော်မူ သော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည်၌ ဧည့်သည်ကဲ့သို့၎င်း၊ တညဉ့်သာ အိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့၎င်း၊ အဘယ်ကြောင့်ဖြစ်တော်မူသနည်း။
Ту, каре ешть нэдеждя луй Исраел, Мынтуиторул луй ла време де невое, пентру че сэ фий ка ун стрэин ын царэ, ка ун кэлэтор каре интрэ доар сэ петрякэ ноаптя ын еа?
9 ၉ မိန်းမောတွေဝေသော သူကဲ့သို့၎င်း၊ ကယ်တင် ခြင်းငှါမတတ်နိုင်သော သူရဲကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင် ရှိတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
Де че сэ фий ка ун ом ынкременит, ка ун витяз каре ну не поате ажута? Ши тотушь Ту ешть ын мижлокул ностру, Доамне, ши Нумеле Тэу есте кемат песте ной. Де ачея ну не пэрэси!
10 ၁၀ ဤလူမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ ပြုသော ဒုစရိုက်ကို အောက်မေ့၍၊ သူတို့အပြစ်များ ကြောင့် စစ်ကြောတော်မူမည်။
Ятэ че спуне Домнул деспре попорул ачеста: „Ле плаче сэ алерӂе ынкоаче ши ынколо. Ну-шь круцэ пичоареле, де ачея Домнул н-аре плэчере де ей; акум Ышь адуче аминте де нелеӂюириле лор ши ле педепсеште пэкателе!”
11 ၁၁ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ ဤလူမျိုးအဘို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။
Ши Домнул мь-а зис: „Ну мижлочи пентру попорул ачеста!
12 ၁၂ သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော်သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါလက်မခံ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော် မူလျှင်၊
Кэч, кяр дакэ вор пости, тот ну ле вой аскулта ругэчуниле ши кяр дакэ вор адуче ардерь-де-тот ши жертфе де мынкаре, ну ле вой прими, чи вряу сэ-й нимическ ку сабия, ку фоаметя ши ку чума.”
13 ၁၃ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ပရောဖက် တို့က၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသော ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
Еу ам рэспунс: „Ах, Доамне Думнезеуле! Ятэ кэ пророчий лор ле зик: ‘Ну вець ведя сабие ши ну вець авя фоамете, чи Домнул вэ ва да ын локул ачеста о паче трайникэ.’”
14 ၁၄ ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
Дар Домнул мь-а рэспунс: „Пророчий лор пророческ минчунь ын Нумеле Меу; Еу ну й-ам тримис, ну ле-ам дат порункэ ши ну ле-ам ворбит, чи ей вэ пророческ ниште ведений минчиноасе, пророчирь дешарте, ыншелэторий ши ынкипуирь скоасе дин инима лор.
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
Де ачея аша ворбеште Домнул деспре пророчий каре, мэкар кэ ну й-ам тримис Еу, пророческ тотушь ын Нумеле Меу ши зик: ‘Ну ва фи нич сабие, нич фоамете ын цара ачаста’: ‘Пророчий ачештя вор пери учишь де сабие ши де фоамете!
16 ၁၆ သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ထားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့ အပေါ်သို့ ငါညွန်းလောင်းမည်။
Яр ачея кэрора ле пророческ ей вор фи ынтиншь пе улицеле Иерусалимулуй де фоамете ши сабие; ну ва авя чине сэ-й ынгроапе, нич пе ей, нич пе невестеле лор, нич пе фиий лор, нич пе фийчеле лор; вой турна астфел рэутатя лор асупра лор.’
17 ၁၇ သင်သည်လည်း သူတို့အား ပြောရမည့်စကား ဟူမူကား၊ ငါသည် နေ့ညဉ့်မပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ် ချက်ကို ခံရ၍ အရိုးများကျိုးလေပြီ။
Спуне-ле лукрул ачеста: ‘Ымь варсэ лакримь окий зи ши ноапте ши ну се опреск. Кэч фечоара, фийка попорулуй меу, есте греу ловитэ ку о ранэ фоарте устурэтоаре.
18 ၁၈ ငါသည်မြို့ပြင်သို့သွားသောအခါ၊ သတ်သော အသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
Дакэ ес ла кымп, дау песте оамень стрэпуншь де сабие. Дакэ интру ын четате, дау песте ниште фиинце слеите де фоамете; кяр ши пророкул ши преотул кутреерэ цара, фэрэ сэ штие унде мерг.’”
19 ၁၉ ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း၊ ကောင်းကျိုး ကို မရကြပါ။ ချမ်းသာကို မြော်လင့်သော်လည်း၊ ဘေးနှင့် သာ တွေ့ရကြပါ၏။
Ай лепэдат Ту де тот пе Иуда ши а урыт суфлетул Тэу атыт де мулт Сионул? Пентру че не ловешть аша, кэ ну май есте ничо виндекаре пентру ной? Трэӂям нэдежде де паче, ши ну вине нимик бун; аштептам о време де виндекаре, ши ну-й декыт гроазэ!
20 ၂၀ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ် ဒုစရိုက်များနှင့် ဘိုးဘေးတို့၏ အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။
Доамне, не рекуноаштем рэутатя ноастрэ ши нелеӂюиря пэринцилор ноштри, кэч ам пэкэтуит ымпотрива Та.
21 ၂၁ ကိုယ်တော်၏နာမကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့်။ ဘုန်းတော်ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ပဋိညာဉ်တော်ကို ဖျက်တော် မမူပါနှင့်။
Пентру Нумеле Тэу, ну несокоти, ну нечинсти скаунул де домние ал славей Тале! Ну уйта, ну рупе легэмынтул Тэу ку ной!
22 ၂၂ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတု တို့တွင်၊ မိုဃ်းရွာစေနိုင်သော သူရှိပါသလော။ မိုဃ်းသည် အလိုလို ရွာနိုင်ပါသလော။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မြော်လင့်လျက်နေ ပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ၏။
Есте оаре принтре идолий нямурилор вреунул каре сэ адукэ плоае? Сау поате черул сэ дя плоае? Ну дай Ту плоае, Доамне, Думнезеул ностру? Ной нэдэждуим ын Тине, кэч Ту ай фэкут тоате ачесте лукрурь!