< ယေရမိ 11 >
1 ၁ ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။
၁ယေရမိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 ၂ သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။
၂ဤ ပဋိညာဉ် စကား ကို နားထောင် ကြလော့။ သင်သည် ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့အား ၊
၃ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊
၄ယနေ့ဖြစ်သည်နှင့်အညီ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ငါပေး မည်ဟု၊ သင် တို့၏ ဘိုးဘေး များ၌ ငါကျိန်ဆို သော သစ္စာ ဂတိကို စောင့် ရသောအခွင့်ရှိစေခြင်းငှါ၊ သင် တို့သည် ငါ ၏ လူ ဖြစ် ၍ ၊ ငါ သည်လည်း သင် တို့၏ ဘုရား ဖြစ် မည် အကြောင်း ၊ ငါ့ စကား ကို နားထောင် ၍ ၊ ငါမှာ ထား သမျှ အတိုင်း ကျင့် ကြလော့ဟု၊
၅သံ မီးဖို တည်းဟူသောအဲဂုတ္တု ပြည် မှ သင် တို့၏ဘိုးဘေး များကို နှုတ် ဆောင် သောအခါ သူတို့၌ ငါထား သော ပဋိညာဉ် တရားစကား ကို နား မ ထောင်သော သူ သည် ကျိန် တော်မူခြင်းကို ခံစေဟု မိန့် တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား ၊ အာမင် ဟု လျှောက် ၏။
6 ၆ ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကား ဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့။
၆ထာဝရဘုရား ကလည်း ၊ သင်သည် ယုဒ မြို့ များ နှင့် ယေရုရှလင် မြို့လမ်း များတို့၌ ဟစ်ကြော် ရမည်စကား ဟူမူကား၊ သင်တို့သည် ဤ ပဋိညာဉ် စကား ကို နားထောင် ၍ ကျင့် ကြလော့။
7 ၇ အကြောင်းမူကား၊ ငါ့စကားကို နားထောင် ကြလော့ဟု၊ သင်တို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
၇အကြောင်း မူကား၊ ငါ့ စကား ကို နားထောင် ကြလော့ဟု၊ သင် တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် က ငါ နှုတ် ဆောင်သောနေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် စောစော ထ၍ အထပ်ထပ်ဆုံးမ သော်လည်း ၊
8 ၈ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော မိမိတို့ စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာ ထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံ တို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော် မူ၏။
၈သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက် သွားကြသောကြောင့် ၊ ငါမှာ ထား၍၊ သူတို့မ ကျင့် သော ဤ ပဋိညာဉ် စကား အလုံးစုံ တို့ကို၊ သူ တို့အပေါ် ၌ ငါသက်ရောက် စေမည်ဟု မိန့် တော်မူ ၏။
9 ၉ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ၏။
၉တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် သင်းဖွဲ့ ကြ၏။
10 ၁၀ ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ။ သူတို့၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
၁၀ငါ့ စကား ကို ငြင်းပယ် သော ဘိုးဘေး တို့၏ ဒုစရိုက် များကို ပြုအံ့သောငှါ ပြန် သွားကြပြီ။ အခြား တပါး သော ဘုရား တို့ကို ဝတ်ပြု အံ့သောငှါ လိုက် သွားကြပြီ။ သူ တို့၏ ဘိုးဘေး များနှင့် ငါဖွဲ့ သော ပဋိညာဉ် တရားကို ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဖျက် ကြပြီ။
11 ၁၁ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း၊ ငါနားမထောင်ဘဲနေမည်။
၁၁သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့မ လွတ် နိုင် သော ဘေး အန္တရာယ်ကို သူ တို့အပေါ် ၌ ငါ သက် ရောက်စေမည်။ သူတို့သည် ငါ့ ကိုအော်ဟစ် သော်လည်း ၊ ငါနား မ ထောင်ဘဲနေမည်။
12 ၁၂ ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေး ရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည်။
၁၂ထိုအခါယုဒ မြို့ သူရွာသားနှင့် ယေရုရှလင် မြို့သား တို့သည် နံ့သာပေါင်းကို မီးရှို့ ၍၊ ပူဇော်ဘူးသော ဘုရား များထံသို့ သွား၍ အော်ဟစ် သော်လည်း ၊ ဘေး ရောက်ရာကာလ ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မ ပေးဘဲနေကြလိမ့်မည်။
13 ၁၃ အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။
၁၃အိုယုဒ ပြည်၊ သင် သည်မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ ယေရုရှလင် မြို့လမ်း များ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ် ပလ္လင်များ၊ ဗာလ ဘုရားရှေ့ မှာ နံ့သာပေါင်း ရှို့ ရာ ယဇ်ပလ္လင် များကို တည် ကြပြီ။
14 ၁၄ သို့ဖြစ်၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင်။
၁၄သို့ဖြစ်၍သင် သည်ဤ လူမျိုး အဘို့ ပဌနာ မ ပြု နှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြုနှင့်။ ဘေး ရောက်သည်ကာလ ၊ သူ တို့ အော်ဟစ် သော စကားကို ငါ နား မ ထောင်။
15 ၁၅ ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊
၁၅ငါ ချစ် သောအစ်မသည် များ စွာသောသူတို့ နှင့် မတရား သဖြင့် ပေါင်းဘော် ၍ ၊ ဆိုးညစ်စဉ်တွင်၊ ငါ့ အိမ် နှင့် အဘယ်သို့ ဆိုင် သနည်း။ သင်သည် သန့်ရှင်း သော အမဲသား ကို မပူဇော်ရ။ ဒုစရိုက် ကို ပြုစဉ် တွင်ပင်၊ ဝမ်းမြောက် ပါသည်တကား၊
16 ၁၆ စိမ်းလန်းလှပ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။
၁၆စိမ်းလန်း လှပ ၍ ကောင်းသော အသီး ကို သီးသောသံလွင် ပင်ဟု၊ သင့် ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီး သော အသံ ဗလံနှင့် ထိုအပင် ကို မီးရှို့ တော်မူ၍ ၊ အခက် အလက်တို့သည် ကျွမ်း လောင်ကြ၏။
17 ၁၇ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။
၁၇ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဗာလ ဘုရားရှေ့ မှာ နံ့သာ ပေါင်းကို မီးရှို့၍၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ မိမိ တို့အဘို့ မကောင်း သောအမှုကို ပြု သောကြောင့် ၊ သင့် ကိုစိုက် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ သင် ၌ အမှု ရောက် မည် အကြောင်းမိန့် တော်မူပြီ။
18 ၁၈ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။
၁၈ထာဝရဘုရား သည် ငါ့ အား ဗျာဒိတ် ပေးတော်မူသောကြောင့် ငါသိ ရ၏။ သူ တို့ပြုသောအမှု များကို ကိုယ်တော်သည် ပြ တော်မူပြီ။
19 ၁၉ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တဘက်၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
၁၉အသေသတ် ခြင်းငှါ ဆောင်သွား သော သိုး သငယ် ယဉ် ကဲ့သို့ ငါ ဖြစ်၏။ သူတို့က၊ သူ ၏နာမ ကို ရှင်းရှင်း ပျောက်စေခြင်းငှါ ၊ အသီး အကင်းနှင့် တကွအပင် ကို ရှင်းရှင်းဖျက် ၍၊ အသက် ရှင်သောသူတို့၏ နေရာ မှ သူ့ ကိုပယ်ဖြတ် ကြကုန်အံ့ဟု၊ ငါ့ တဘက် ၌ မကောင်းသော အကြံ နှင့် ကြံစည် ကြောင်းကို ငါမ သိ ။
20 ၂၀ နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
၂၀နှလုံး ကျောက်ကပ် ကို စစ်ကြော ၍၊ တရား သဖြင့် စီရင် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့အား အပြစ် ပေးတော်မူ ကြောင်းကို အကျွန်ုပ်မြင် လိုပါ၏။ အကျွန်ုပ် အမှု ကို ကိုယ်တော် အား ကြား လျှောက်ပါပြီ။
21 ၂၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ် မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကို ရှာကြ သောကြောင့်၊
၂၁ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အာနသုတ် မြို့သား တို့က၊ သင်သည် ငါ တို့လက် ဖြင့် မ သေ ရမည်အကြောင်း ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ပရောဖက် မ ပြုနှင့်ဟုဆို လျက်၊ သင် ၏အသက် ကို ရှာ ကြ သောကြောင့်၊
22 ၂၂ ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည် ငတ်မွတ်၍ သေကြလိမ့်မည်။
၂၂ငါ သည်သူ တို့ကို စစ်ကြော သဖြင့်၊ လူပျို တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သား သမီး တို့သည် ငတ်မွတ် ၍ သေ ကြလိမ့်မည်။
23 ၂၃ တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
၂၃တစုံတယောက်မျှ မ ကြွင်း ရ။ ထိုသို့စစ်ကြော ရာ ကာလ တည်းဟူသောဘေး ဥပဒ်ကို အာနသုတ် မြို့သား တို့အပေါ် သို့ ငါသက်ရောက် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။