< ယေရမိ 11 >
1 ၁ ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။
Det Ord, som kom til Jeremias fra Herren, saa lydende:
2 ၂ သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား တို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု၊ သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည် အကြောင်း၊ ငါ့စကားကိုနားထောင်၍၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။
Hører denne Pagts Ord, og taler til Judas Mænd og til Jerusalems Indbyggere!
Og du skal sige til dem: Saa siger Herren, Israels Gud: Forbandet være den Mand, som ikke adlyder denne Pagts Ord,
hvilken jeg bød eders Fædre paa den Dag, da jeg udførte dem af Ægyptens Land, fra Jernovnen, sigende: Adlyder min Røst, og gører disse Ting efter alt det, som jeg byder eder, saa skulle I være mit Folk, og jeg vil være eders Gud,
paa det jeg kan stadfæste den Ed, som jeg svor eders Fædre, at jeg vilde give dem et Land, som flyder med Mælk og Honning, som det ses paa denne Dag; og jeg svarede og sagde: Amen, Herre!
6 ၆ ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကား ဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့။
Og Herren sagde til mig: Udraab alle disse Ord i Judas Stæder og paa Gaderne i Jerusalem, og sig: Hører denne Pagts Ord, og gører derefter!
7 ၇ အကြောင်းမူကား၊ ငါ့စကားကို နားထောင် ကြလော့ဟု၊ သင်တို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊
Thi jeg vidnede højt for eders Fædre paa den Dag, jeg førte dem op af Ægyptens Land, indtil denne Dag, tidligt og ideligt, sigende: Adlyder min Røst!
8 ၈ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော မိမိတို့ စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာ ထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံ တို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော် မူ၏။
Men de adløde ikke og bøjede ikke heller deres Øre, men hver vandrede i sit onde Hjertes Stivhed; og over dem lod jeg komme alle denne Pagts Ord, som jeg havde befalet at gøre efter, men som de ikke gjorde.
9 ၉ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ၏။
Og Herren sagde til mig: Der findes en Sammensværgelse iblandt Judas Mænd og iblandt Jerusalems Indbyggere.
10 ၁၀ ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ။ သူတို့၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
De have vendt om til at begaa Misgerninger som deres Forfædre, der vægrede sig ved at adlyde mine Ord, og de have vandret efter andre Guder for at tjene dem; Israels Hus og Judas Hus have brudt min Pagt, som jeg gjorde med deres Fædre.
11 ၁၁ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း၊ ငါနားမထောင်ဘဲနေမည်။
Derfor siger Herren saaledes: Jeg lader en Ulykke komme paa dem, fra hvilken de ikke skulle kunne undkomme; og de skulle raabe til mig, og jeg skal ikke bønhøre dem.
12 ၁၂ ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေး ရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည်။
Og Judas Stæder og Indbyggerne i Jerusalem skulle gaa og raabe til de Guder, for hvilke de gjorde Røgelse; men de skulle ikke frelse dem i deres Ulykkes Tid.
13 ၁၃ အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။
Thi saa mange som dine Stæder ere, saa mange ere dine Guder, Juda! og saa mange Gader, som der er i Jerusalem, saa mange Altre have I opsat til Skændsel, Altre til at gøre Røgelse for Baal.
14 ၁၄ သို့ဖြစ်၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင်။
Og du maa ikke bede for dette Folk og ikke opløfte Skrig eller Bøn for dem; thi jeg vil ikke høre paa den Tid, naar de raabe paa mig over deres Ulykke.
15 ၁၅ ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊
Hvad er der for min elskelige i mit Hus? At de store øve det, som er Skændighed og lade det hellige Kød gaa bort fra dig; thi naar dit Onde kommer, da fryde du dig!
16 ၁၆ စိမ်းလန်းလှပ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။
Herren kaldte dit Navn et grønt Olietræ, smukt ved dejlig Frugt; med stort Bulders Lyd har han antændt en Ild om det, og de have sønderbrudt dets Grene.
17 ၁၇ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။
Og den Herre Zebaoth, som plantede dig, har talt ondt over dig, for Israels Hus's og Judas Hus's Ondskabs Skyld, som de bedreve for at opirre mig, idet de gjorde Røgelse for Baal.
18 ၁၈ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။
Og Herren lod mig det vide, saa jeg ved det; dengang lod du mig se deres Idrætter.
19 ၁၉ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက်၍၊ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု၊ ငါ့တဘက်၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။
Og jeg var som et tamt Lam, der føres hen at slagtes, og jeg vidste ikke, at de havde optænkt Anslag imod mig og sagt: Lader os ødelægge Træet med dets Frugt og udrydde ham af de levendes Land, at hans Navn ikke ydermere ihukommes.
20 ၂၀ နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
Men, Herre Zebaoth, du retfærdige Dommer, som prøver Nyrer og Hjerte! jeg skal se din Hævn paa dem: Thi dig har jeg forelagt min Sag.
21 ၂၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အာနသုတ် မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက်၊ သင်၏အသက်ကို ရှာကြ သောကြောင့်၊
Derfor siger Herren saaledes om de Mænd i Anathoth, som søge efter dit Liv og sige: Spaa ikke i Herrens Navn, saa skal du ikke dø ved vor Haand;
22 ၂၂ ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည် ငတ်မွတ်၍ သေကြလိမ့်မည်။
ja, derfor siger den Herre Zebaoth saaledes: Se, jeg vil hjemsøge dem; deres unge Karle skulle dø ved Sværdet, deres Sønner og deres Døtre skulle dø ved Hunger;
23 ၂၃ တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
og intet skal blive tilovers af dem; thi jeg vil lade Ulykke komme over de Mænd i Anathoth i deres Hjemsøgelses Aar.